Europe
၂၀၃၅ ခုနှစ်မတိုင်မီ NATO အဖွဲ့ဝင်နိုင်ငံများ၏ ကာကွယ်ရေးအသုံးစရိတ်ကို ဂျီဒီပီ၏ ၅ ရာခိုင်နှုန်းအထိ တိုးမြှင့်ကြောင်း NATO အဖွဲ့ ကြေညာ

သည်ဟိတ်၊ ဇွန် ၂၆ ရက် (ဆင်ဟွာ)
NATO အဖွဲ့ဝင်နိုင်ငံ အကြီးအကဲများက အနာဂတ် ကာကွယ်ရေး အသုံးစရိတ် ရည်မှန်းချက်နှင့် စပ်လျဉ်း၍ တစ်ပြေးညီ သဘောတူခဲ့ကာ ၂၀၃၅ ခုနှစ်မတိုင်မီ တစ်နှစ်တာ ကာကွယ်ရေးအသုံးစရိတ်ကို ဂျီဒီပီ၏ ၅ ရာခိုင်နှုန်းအထိ တိုးမြှင့်ရန် ဆုံးဖြတ်ခဲ့ကြောင်း ဇွန် ၂၅ ရက်တွင် ထုတ်ပြန်သော NATO ထိပ်သီးအစည်းအဝေး၏ ကြေညာချက်အရ သိရသည်။ သို့သော် အဆိုပါရည်မှန်းချက်အသစ်အား မည်ကဲ့သို့ အကောင်အထည်ဖော်မည်နည်းနှင့်စပ်လျဉ်း၍ NATO အဖွဲ့ အတွင်းကွဲလွဲမှုများ ရှိနေဆဲဖြစ်သည်။
ကာကွယ်ရေးအသုံးစရိတ် ၅ ရာခိုင်နှုန်း ရည်မှန်းချက်ကို အဓိကအားဖြင့် အစိတ်အပိုင်းနှစ်ခု ခွဲခြားနိုင်ကြောင်း၊ ၎င်းအနက် ၃.၅ ရာခိုင်နှုန်းကို အဓိကကာကွယ်ရေး အသုံးစရိတ်အဖြစ် အသုံးပြုသွားမည်ဖြစ်ပြီး၊ ၁.၅ ရာခိုင်နှုန်းကိုမူ အဓိကအခြေခံအဆောက်အဦ ကာကွယ်ရေးနှင့် ဆိုက်ဘာလုံခြုံရေး စသည်တို့တွင် အသုံးပြုသွားမည်ဖြစ်ကြောင်း ထိပ်သီးအစည်းအဝေး ကြေညာချက်အရ သိရသည်။
NATO အဖွဲ့ဝင်နိုင်ငံအသီးသီးက ၂၀၃၅ ခုနှစ်တွင် ၅ ရာခိုင်နှုန်း ရည်မှန်းချက် နောက်ဆုံး ဖော်ဆောင်နိုင်ရေးကို အာမခံနိုင်ရန် ၂၀၂၉ ခုနှစ်တွင် အဆိုပါရည်မှန်းချက် အကောင်အထည်ဖော်ဆောင်မှု အခြေအနေအား ကာလလတ် အကဲဖြတ်မှု လုပ်ဆောင်သွားရန်လည်း သဘောတူညီခဲ့ကြသည်။
နောက်ဆုံးတွင် သဘောတူညီချက် ရရှိခဲ့သော်လည်း NATO အဖွဲ့ အတွင်းပိုင်း၌ အဆိုပါ ရည်မှန်းချက် အသစ်အား မည်ကဲ့သို့ဖော်ဆောင်မည်နည်းနှင့်စပ်လျဉ်း၍ ကွဲလွဲမှုများ ရှိနေဆဲဖြစ်သည်။ အမေရိကန် သမ္မတ ထရမ့်က အမေရိကန်အနေဖြင့် အဆိုပါ ၅ ရာခိုင်နှုန်း ရည်မှန်းချက်အား လိုက်နာရန် မလိုအပ်ကြောင်း၊ သို့သော် တစ်ချိန်တည်းတွင် အခြားမိတ်ဖက်အဖွဲ့ဝင်နိုင်ငံများက တာဝန်ဝတ္တရား ထမ်းဆောင်ရမည်ဟု တောင်းဆိုခဲ့သည်။
အချို့သော အဖွဲ့ဝင်နိုင်ငံများက အဆိုပါစံနှုန်းအပေါ် စိုးရိမ်ပူပန်ကြောင်း ဖော်ပြကြပြီး အဆိုပါရည်မှန်းချက်သည် အတန်အသင့် အခက်အခဲ ရှိနေကြောင်း ယူဆကြသည်။ စပိန်က အနာဂတ်တွင် ကာကွယ်ရေးအသုံးစရိတ်ကို ဂျီဒီပီ၏ ၂.၁ ရာခိုင်နှုန်းအထိ မြှင့်တင်မည်ဟုသာ ကတိပြုခဲ့သည်။ ဆလိုဗက်ကီးယားကမူ ကာကွယ်ရေး အသုံးစရိတ် ရည်မှန်းချက်အား မည်ကဲ့သို့ ဖော်ဆောင်မည်နည်းအတွက် ကိုယ်ပိုင်ဆုံးဖြတ်ခွင့်အား ထိန်းသိမ်းထားမည်ဟု ဆိုသည်။ ဘယ်လ်ဂျီယမ်ကလည်း ကာလတိုအတွင်း ကာကွယ်ရေးအသုံးစရိတ် ပမာဏအများအပြား တိုးမြှင့်ခြင်းသည် လက်တွေ့မကျကြောင်း ယူဆသည်။
အဓိက ကာကွယ်ရေးအသုံးစရိတ် ၃.၅ ရာခိုင်နှုန်း ရည်မှန်းချက်သည် “NATO အဖွဲ့ဝင်နိုင်ငံ အများစု အတွက်ကတော့ လက်တွေ့မကျပါဘူး။ အဖွဲ့ဝင်နိုင်ငံအများစုက လက်ရှိမှာ ၂ ရာခိုင်နှုန်း စံနှုန်းကိုတောင် ပြည့်မီဖို့ ခက်ခဲနေသေးတယ်” ဟု ABN AMRO စီးပွားရေးပညာရှင် Bill Diviney က ယူဆသည်။ (Xinhua)
——————-
(Chinese Version)
北约宣布2035年前将成员国军费开支提至国内生产总值5%
新华社海牙6月25日电(记者王湘江 张兆卿)根据25日发表的北约峰会宣言,北约成员国领导人就未来军费支出目标达成一致,决定在2035年前将年度国防开支提高至国内生产总值的5%。然而,北约内部仍在如何实现新目标上存在分歧。
根据峰会宣言,5%的军费支出目标主要分为两部分:其中3.5%用于核心军费支出,1.5%用于关键基础设施防护和网络安全等。
北约各成员国还同意在2029年对该目标的落实情况进行中期评估,以确保2035年最终实现5%的目标。
尽管最终达成共识,北约内部仍在如何实现新目标上存在分歧。美国总统特朗普声称,美国无须遵守5%的目标,但同时要求其他盟国必须履行义务。部分成员国对该标准表示担忧,认为实现这一目标存在较大困难。西班牙仅承诺未来将国防开支提升至国内生产总值的2.1%;斯洛伐克表示保留自主决定如何实现军费支出目标的权利;比利时也认为短期内大幅增加军费不现实。
荷兰银行经济学家迪维尼认为,3.5%的核心军费支出目标“对大多数北约成员国而言非常不现实,许多成员国连目前2%的标准都难以达到”。(完)
图说:6月25日,在荷兰海牙,北约秘书长吕特在北约峰会期间出席新闻发布会。新华社记者 赵丁喆 摄