China
တရုတ်နိုင်ငံ ဆန်းတုန်းပြည်နယ် ဖိန်သုမြို့လေးက မျက်တောင်တုလေးများဖြင့် ကုန်ထုတ်လုပ်မှုတန်ဖိုး ယွမ်ဘီလီယံချီ မြှင့်တင်ပေး

ချင်းသောင် (ဆန်းတုန်း)၊ ဇွန် ၂၆ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ ဆန်းတုန်းပြည်နယ် ချင်းသောင်မြို့ရှိ ဖိန်သုခရိုင်အဆင့်မြို့လေး၏ အလှဆင်မျက်တောင်တု ထုတ်လုပ်မှုလုပ်ငန်းများသည် ၁၉၇၀ ပြည့်လွန်နှစ်များတွင် အစပြုခဲ့သည်။ ဆယ်စုနှစ်ပေါင်းများစွာ ဆင့်ကဲတိုးတက်လာပြီးနောက် အလှဆင်မျက်တောင်တု ထုတ်လုပ်ရောင်းချမှု လုပ်ငန်းပေါင်း ၅,၀၀၀ ကျော်၊ ယင်းလုပ်ငန်းတွင် အလုပ်လုပ်သူ ၆၀,၀၀၀ ခန့်ရှိသည့် ပင်မထုတ်လုပ်မှုလုပ်ငန်းဖြစ်လာခဲ့သည်။ ယင်းနေရာတွင် နှစ်စဉ် မျက်တောင်တု အစုံရေ သန်းပေါင်း ၁၂၀ ကို ပြည်ပသို့ ရောင်းချခဲ့ရာ နှစ်စဉ် ကုန်ထုတ်လုပ်မှု တန်ဖိုး ယွမ် ၁၀ ဘီလီယံခန့် ရှိပေသည်။
ယခုနှစ်များတွင် ဖိန်သုမြို့လေးသည် ဘဏ္ဍာအခွန်ငွေ သက်သာခွင့်၊ E-commerce ပျိုးထောင်မှု၊ လူရည်ချွန် ဖိတ်ခေါ်မှု စသည့် မူဝါဒများကို ထုတ်ပြန်ခဲ့ရာ “ဥယျာဉ်နှစ်ခု၊ စခန်းနှစ်ခု” ဖွံ့ဖြိုးရေးကို အရှိန်မြှင့်တင်နိုင်ခဲ့သလို ထုတ်လုပ်မှုလုပ်ငန်း တစ်စုတစ်စည်းတည်းရှိသော အားသာချက်ကို ထင်ရှားစေကာ ထုတ်လုပ်မှုလုပ်ငန်း ကြီးထွားလာအောင်၊ အားကောင်းလာအောင် အထောက်အပံ့ပြုခဲ့သည်။ ဖိန်သုမြို့လေးသည် သေးငယ်လှသော မျက်တောင်မွှေးအတုလေးများဖြင့် ကမ္ဘာကို ကွန်ရက်သဖွယ် ချိတ်ဆက်ထားသော၊ ပြည်သူချမ်းသာကြွယ်ဝ၍ မြို့ပြစည်ပင်စေသော “ရွှေရောင်နှောင်ကြိုး” ကိုရက်လုပ်လျက်ရှိပေသည်။ (Xinhua)

တရုတ်နိုင်ငံ ဆန်းတုန်းပြည်နယ် ဖိန်သုမြို့ကလေးရှိ အလှပြင်ပစ္စည်း အွန်လိုင်းစီးပွားရေး စက်မှုဥယျာဉ်အား ၂၀၂၅ ခုနှစ် ဇွန် ၂၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
——————-
(Chinese Version)
山东平度:小小假睫毛“翘”动百亿产值
新华社照片,青岛(山东),2025年6月26日
山东青岛平度市美妆睫毛产业起源于20世纪70年代,经过几十年的发展,已成为拥有美妆睫毛经营主体5000余家、从业人员约6万人的支柱性产业。从这里每年约有1.2亿副美妆睫毛销往海外,年生产产值约100亿元。 近年来,平度推出财税优惠、电商培育、人才引进等政策,加快“两园两基地”发展,突出产业集聚优势,扶持产业做大做强。平度正在将一根根小小假睫毛,编织成联通世界、富民强市的“金纽带”。
1. 6月24日在平度市美妆在线经济产业园展厅内拍摄的假睫毛产品。 新华社记者 张笑宇 摄
2. 这是6月24日在山东省平度市拍摄的美妆在线经济产业园。新华社记者 张笑宇 摄