ဆန်းတုန်း၊ ဇွန် ၂၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ဆန်းတုန်းဒေသတွင် “ဖရဲဘုရင်” ဟု အမည်ပေးထားသည့် ဧရာမဖရဲသီးကြီးတစ်လုံးကို လယ်သမားတစ်ဦး၏ စိုက်ခင်းမှ ထွက်ရှိခဲ့သည်။ လယ်သမားက အဆိုပါဖရဲသီးသည် သမားရိုးကျ ဖရဲမျိုးစေ့မှ သီးလာခြင်းဖြစ်ကြောင်းပြောကြားခဲ့သည်။ ၄၅ ကီလိုဂရမ်ကျော်အလေးချိန်ရှိယင်းဧရာမဖရဲသီးကြီးတစ်လုံးကို လူပေါင်းဒါဇင်နှင့်ချီကာ ဝဝလင်လင်စားသုံးနိုင်သည်ဟု ထိုလယ်သမားကဆိုသည်။ (Xinhua) ……………………………….....
ကျိနန်၊ ဇွန် ၉ ရက်(ဆင်ဟွာ) လက်ရှိ တရုတ်နိုင်ငံ၏ ကျယ်ပြန့်များပြားလှသော လယ်ယာမြေများတွင် လယ်ယာသုံးစက်ပစ္စည်း ၁၆.၅ သန်းခန့်သည် လယ်ယာတောင်သူနှင့်နည်းပညာသမား ၃ သန်းကျော်ခန့်နှင့်အတူ နွေရာသီရိတ်သိမ်းကာလလုပ်ငန်းစဉ်များတွင် ပါဝင်ဆောင်ရွက်လျက်ရှိသည်။ ဇွန် ၆ ရက်(တနင်္လာနေ့)အထိ တရုတ်နိုင်ငံတွင် ဆောင်းရာသီဂျုံသီးနှံ လယ်ယာမြေ မို ၁၆၇ သန်း(ဟက်တာ ၁၁.၁၃...