China
တရုတ်ကွန်မြူနစ်ပါတီ (CPC) တည်ထောင်ခြင်း ၁၀၄ နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် ဂီတဖျော်ဖြေပွဲ ကျင်းပ

ပေကျင်း၊ ဇူလိုင် ၁ရက် (ဆင်ဟွာ)
ဇူလိုင် ၂ ရက် တွင် ကျရောက်မည့် တရုတ်ကွန်မြူနစ်ပါတီ (CPC) တည်ထောင်ခြင်း ၁၀၄ နှစ်မြောက် နှစ်ပတ်လည်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ဇူလိုက် ၁ရက် ညက ပေကျင်းရှိ တရုတ်ကွန်မြူနစ်ပါတီ (CPC) ပြတိုက်တွင် သံစုံတီးဝိုင်း ဂီတဖျော်ဖြေပွဲ တစ်ခု ကျင်းပခဲ့သည်။
အဆိုပါပွဲကို ဂုဏ်ထူးဆောင်ဘွဲ့ ရရှိထားသူများ၊ ထူးချွန်သော အခြေခံလူတန်းစား CPC အဖွဲ့ဝင်များနှင့် အလွှာအသီးသီးမှ ပြည်သူများအပါအဝင် လူပေါင်း ၈၀၀ ခန့် တက်ရောက်ခဲ့သည်။
ယင်းဖျော်ဖြေပွဲတွင် သမိုင်းကို ဂုဏ်ပြုခြင်း၊ သူရဲကောင်းများကို အောက်မေ့သတိရခြင်း၊ ငြိမ်းချမ်းရေးကို မြတ်နိုးခြင်း၊ ပိုမိုကောင်းမွန်သော အနာဂတ်အတွက် ကြိုးပမ်းခြင်း၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှုနှင့် သဟဇာတဖြစ်မှုကို ဂုဏ်ပြုခြင်းစသည့် အကြောင်းအရာများကို တင်ဆက်ထားသော တေးဂီတလက်ရာ ၁၇ ခု ပါဝင်သည်။
ယခုနှစ်သည် တရုတ်ပြည်သူများ ဂျပန်ခုခံတော်လှန်ရေးစစ်ပွဲနှင့် ကမ္ဘာ့ဖက်ဆစ်ဆန့်ကျင်ရေးစစ်ပွဲ အောင်နိုင်ခြင်း နှစ် ၈၀ ပြည့်နှစ်ပတ်လည် ဖြစ်သောကြောင့် အဆိုပါ အခါသမယကို ဂုဏ်ပြုသော တေးဂီတလက်ရာများကို တင်ဆက်ခြင်းဖြစ်သည်။
ထိုဖျော်ဖြေပွဲ၌ တရုတ်အမျိုးသား သံစုံတီးဝိုင်း၊ တရုတ်အမျိုးသား အော်ပရာနှင့် ကပွဲပြဇာတ်၊ တရုတ်အမျိုးသား အော်ပရာပြဇာတ်ရုံနှင့် တရုတ်အမျိုးသား ဘဲလေးအကအဖွဲ့ ကဲ့သို့သော အဖွဲ့အစည်းများစွာ ပါဝင်ဖျော်ဖြေခဲ့ကြသည်။
အဆိုပါ ဖျော်ဖြေပွဲကို တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ၏ ပြန်ကြားရေးဌာန၊ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးဝန်ကြီးဌာနနှင့် တရုတ်မီဒီယာအဖွဲ့ (CMG) တို့ ပူးပေါင်းကျင်းပခဲ့ခြင်းဖြစ်ပြီး ဇူလိုင် ၂ ရက် တွင် CMG ရုပ်သံလိုင်းများ၌ လူကြည့်အများဆုံးအချိန်များ (prime time) ၌ ထုတ်လွှင့်ပြသသွားမည်ဖြစ်ကြောင်းသိရသည်။ (Xinhua)
………………………
(English Version)
Symphony concert held to mark 104th founding anniversary of CPC
BEIJING, July 1 (Xinhua)
BEIJING, July 1 (Xinhua) — A symphony concert was held at the Museum of the Communist Party of China (CPC) in Beijing on Monday night to celebrate the 104th anniversary of the founding of the CPC, which falls on Tuesday.
Around 800 people attended the event, including recipients of major national honorary medals and titles, outstanding grassroots CPC members, and members of the public from all walks of life.
It featured 17 musical works with themes of honoring history, remembering the martyrs, cherishing peace, striving for a better future, and celebrating ethnic solidarity and harmony.
This year marks the 80th anniversary of the victory of the Chinese People’s War of Resistance Against Japanese Aggression and the World Anti-Fascist War, and several selections were performed to commemorate the occasion.
Multiple orchestras and institutions, such as the China National Symphony Orchestra, the China National Opera and Dance Drama Theater, the China National Opera House, and the National Ballet of China, participated in the performance.
The concert was co-hosted by the Publicity Department of the CPC Central Committee, the Ministry of Culture and Tourism and the China Media Group (CMG), and will also be broadcast during prime time on CMG channels on Tuesday.