China
တရုတ်နိုင်ငံ ရှီးဇန့် အာလီဒေသတွင် နှစ်ပေါင်းထောင်ချီ ဆားလုပ်ငန်း အစဉ်အလာက ချမ်းသာကြွယ်ဝစေသော ထုတ်ကုန်ကွင်းဆက်အဖြစ်ပြောင်းလဲလာ

လားဆ၊ ဇူလိုင် ၂၁ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ ရှီးဇန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အာလီပြည်နယ်ခွဲ ကယ်ကျီခရိုင်သည် ဆားအရင်းအမြစ်ပေါကြွယ်ဝပေသည်။ ကျေးရွာသားများ၏ဝင်ငွေတိုးတက်စေရန်အတွက် အဆိုပါဒေသတွင် ဆားကြမ်း ကုန်ချောထုတ်လုပ်ရေးစက်ရုံ တည်ဆောက်ခဲ့ပြီး ဆားတူးဖော်ခြင်း၊ သိုလှောင်ခြင်း၊ ကုန်ချောထုတ်လုပ်ခြင်း၊ ထုပ်ပိုးခြင်းနှင့် ရောင်းချခြင်းတို့ ပေါင်းစည်းပါဝင်သော ထုတ်ကုန်ကွင်းဆက်ကို တဖြည်းဖြည်းဖော်ဆောင်နိုင်ခဲ့သည်။ ၂၀၁၈ ခုနှစ်တွင် ကယ်ကျီခရိုင်၏ ဆားသယ်ယူသည့်ဓလေ့ထုံးတမ်းကို ရှီးဇန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် ကိုယ်စားပြုစာရင်းတွင် ထည့်သွင်းခဲ့သည်။ (Xinhua)

တရုတ်နိုင်ငံ ရှီးဇန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အာလီပြည်နယ်ခွဲ ကယ်ကျီခရိုင်ရှိ ဆားရေကန်မြင်ကွင်းတစ်ခုကို ဇူလိုင် ၂၀ ရက်က ဝေဟင်မှ တွေ့ရစဉ် (ဆင်ဟွာ)
…………………………………
(Chinese Version)
辉煌60载 魅力新西藏|西藏阿里:千年盐业传统变身致富产业链
新华社照片,拉萨,2025年7月21日
西藏阿里地区革吉县盐资源丰富。为促进村民增收,当地建起了粗盐加工厂,逐步形成采盐、储存、加工、包装和销售于一体的产业链。2018年,革吉驮盐习俗被列入西藏自治区非物质文化遗产代表性项目名录。
图说1-2: 7月20日,革吉县牧民在采盐。 新华社记者 旦增尼玛曲珠 摄
图说3:7月20日拍摄的位于西藏阿里地区革吉县的盐湖一景(无人机照片)。新华社记者 旦增尼玛曲珠 摄