Connect with us

Culture & Entertainment

တရုတ်နိုင်ငံ၏ နွေရာသီ ရုပ်ရှင်လက်မှတ် ရောင်းအားဝင်ငွေ ယွမ် ၅ ဘီလီယံထက် ကျော်လွန်

တရုတ်နိုင်ငံ၊ မြို့တော် ပေကျင်းရှိ ရုပ်ရှင်ရုံတစ်ရုံတွင် ရုပ်ရှင်ကြည့်ပရိသတ်တစ်ဦး လက်မှတ်ထုတ်စက်မှ လက်မှတ်များ ထုတ်ယူနေပုံကို ၂၀၂၄ ခုနှစ်၊ ဩဂုတ် ၂၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇူလိုင် ၂၇ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ ၂၀၂၅ ခုနှစ် နွေရာသီ ရုပ်ရှင်လက်မှတ် ရောင်းအားဝင်ငွေသည် ကြိုတင်လက်မှတ်ရောင်းရငွေ အပါအဝင် ဇူလိုင် ၂၇ ရက် နံနက် ၁၁ နာရီ ၁၉ မိနစ်တွင် ယွမ် ၅ ဘီလီယံ (အမေရိကန်ဒေါ်လာ ၆၉၇ သန်းခန့်) ကျော်လွန်သွားပြီဟု ရုပ်ရှင်လက်မှတ် ရောင်းအားဝင်ငွေ စောင့်ကြည့်ရေးအဖွဲ့ Maoyan ၏ ဖော်ပြချက်အရ သိရသည်။နေ့စဉ် ရုပ်ရှင်လက်မှတ် ရောင်းအားဝင်ငွေသည် ၁၀ ရက် ဆက်တိုက် ယွမ် သန်း ၁၀၀ အထက်တွင် ရှိနေခဲ့ကြောင်း အဆိုပါအဖွဲ့၏ ပြောကြားချက်အရ သိရသည်။
ဇူလိုင် ၂၆ ရက် တစ်ရက်တည်းတွင်ပင် ရုပ်ရှင်လက်မှတ် ရောင်းအားဝင်ငွေမှာ ယွမ် ၂၉၃ သန်း ရှိခဲ့ပြီး၊ ၎င်းက ဇွန် ၁ ရက်မှ ဩဂုတ် ၃၁ ရက်အထိ ကြာမြင့်သော ယခုနှစ် တရုတ်နိုင်ငံ နွေရာသီ ရုပ်ရှင်ကာလအတွင်း တစ်ရက်တာ ဝင်ငွေအမြင့်ဆုံး စံချိန်သစ် တင်ခဲ့သည်။

ဝင်ငွေအများဆုံး ရုပ်ရှင်စာရင်းတွင် Universal Pictures မှ ရိုက်ကူးထားသည့် “Jurassic World Rebirth” က လက်မှတ်ရောင်းအား ဝင်ငွေ ယွမ် ၅၄၁ သန်းဖြင့် ဦးဆောင်နေပြီး တရုတ်ဟာသရုပ်ရှင် “The Lychee Road” က ယွမ် ၄၆၈ သန်းဖြင့် ဒုတိယနေရာတွင် ရပ်တည်နေသည်။

အခြား ထိပ်တန်းဝင်ငွေရ ရုပ်ရှင်ဇာတ်ကားများမှာ ဂျပန်ကာတွန်းကား “Detective Conan: One-eyed Flashback”၊ Peter Chan ရိုက်ကူးထားသော မှုခင်းဒရာမာရုပ်ရှင် “She’s Got No Name” နှင့် ဘရက်ပစ် (Brad Pitt) ပါဝင်သရုပ်ဆောင်ထားသည့် အားကစားရုပ်ရှင် “F1 The Movie” တို့ ဖြစ်ကြောင်း သိရသည်။ (Xinhua)
—————————–
English Version
China’s summer box office surpasses 5 bln yuan
BEIJING, July 27 (Xinhua) — China’s 2025 summer box office, including presales, exceeded 5 billion yuan (about 697 million U.S. dollars) as of 11:19 a.m. on Sunday, according to box office tracker Maoyan.
Daily box office takings have remained above 100 million yuan for 10 consecutive days, said Maoyan.
On Saturday alone, ticket sales hit 293 million yuan, setting a new single-day high for this year’s summer movie season that runs from June 1 to Aug. 31.
Leading the charts is Universal’s “Jurassic World Rebirth,” with 541 million yuan in ticket sales, followed by Chinese comedy “The Lychee Road,” which has grossed 468 million yuan.
Other top performers include Japanese animated movie “Detective Conan: One-eyed Flashback,” Peter Chan’s crime drama “She’s Got No Name” and the sports film “F1 The Movie” starring Brad Pitt.

English Caption
A movie goer claims tickets from a self-service machine at a cinema in Beijing, capital of China, Aug. 21, 2024. (Xinhua/Chu Jiayin)