Asia
မြောက်ကိုရီးယားနှင့် နယ်စပ်တစ်လျှောက်ရှိ အသံချဲ့စက်များကို တောင်ကိုရီးယား စတင်ဖြုတ်သိမ်း

ဆိုးလ်၊ ဩဂုတ် ၄ ရက် (ဆင်ဟွာ)
ကိုရီးယား ဒီမိုကရက်တစ် ပြည်သူ့သမ္မတနိုင်ငံ (မြောက်ကိုရီးယား) နှင့် နယ်စပ်တစ်လျှောက်၌ တပ်ဆင်ထားသည့် ဝါဒဖြန့်ချိရာတွင် အသုံးပြုသော အသံချဲ့စက်များကို တောင်ကိုရီးယားစစ်တပ်က ဩဂုတ် ၄ ရက်၌ စတင်ဖြုတ်သိမ်းနေပြီဟု တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာန၏ ပြောကြားချက်အရ သိရသည်။
ယင်းမှာ တောင်ကိုရီးယားစစ်တပ်၏ အသင့်အနေအထားတွင် ရှိမှုအပေါ် သက်ရောက်မှုတစ်စုံတစ်ရာ မရှိစေဘဲ နှစ်ဖက်တင်းမာမှုများ ပြေလျော့စေရေးအတွက် အထောက်အကူဖြစ်စေရန် လုပ်ဆောင်ခဲ့သည့် လက်တွေ့ကျသော အစီအမံတစ်ခုဖြစ်သည်ဟု အဆိုပါ ဝန်ကြီးဌာနက ကြေညာချက်ထုတ်ပြန်ခဲ့သည်။
ကိုရီးယားနှစ်နိုင်ငံ ဆက်ဆံရေးအတွက် ယုံကြည်မှု ပြန်လည်တည်ဆောက်ရန်နှင့် ကိုရီးယားကျွန်းဆွယ်၌ ငြိမ်းချမ်းရေး ပြန်လည်ဖော်ဆောင်ရန် အသံချဲ့စက်ဖြင့် မြောက်ကိုရီးယားဆန့်ကျင်ရေး ဝါဒဖြန့် ထုတ်လွှင့်မှုများကို ဇွန် ၁၁ ရက်က စတင်ရပ်ဆိုင်းခဲ့သည်ဟု တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနက ဆိုသည်။
သမ္မတဟောင်း ယွန်းဆက်ယို ဦးဆောင်သည့် အစိုးရလက်ထက်တွင် အသံချဲ့စက်ဖြင့် ဝါဒဖြန့်ထုတ်လွှင့်မှုများကို ၂၀၂၄ ခုနှစ် ဇွန်လ၌ ပြန်လည်လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ (Xinhua)
…………………..
(English Version)
S. Korea begins dismantling loudspeakers along border with DPRK
SEOUL, Aug. 4 (Xinhua) — South Korea’s military on Monday began dismantling propaganda loudspeakers installed along the border with the Democratic People’s Republic of Korea (DPRK), Seoul’s defense ministry said.
The ministry said in a statement that it was a practical measure taken to help ease tensions between the two sides without any influence on the military’s readiness posture.
The anti-DPRK loudspeaker broadcasts were suspended on June 11 to restore trust in inter-Korean relations and peace on the Korean Peninsula, said the ministry.
The government, led by former President Yoon Suk-yeol, resumed loudspeaker broadcasts to the DPRK in June 2024.■
English Caption
File photo taken on Oct. 4, 2007 shows a soldier (L) of the People’s Army of the Democratic People’s Republic of Korea (DPRK) looks on as a South Korean soldier stands guard at the truce village of Panmunjom, border between South Korea and the DPRK. (Xinhua/Gong Bing)