Connect with us

မြန်မာ-中文

ခေတ်သစ် ပါတီ၏ ရှီးဇန့်စီမံခန့်ခွဲရေးဗျူဟာကို ဘက်စုံဖော်ဆောင်ကာ စည်းလုံးညီညွတ်မှု၊ ချမ်းသာကြွယ်ဝမှု၊ ယဉ်ကျေးမှု၊ သဟဇာတဖြစ်မှု၊ သာယာလှပမှုရှိသော ဆိုရှယ်လစ်ဝါဒ ခေတ်မီအသွင် ရှီးဇန့်သစ်ကို ကြိုးပမ်းတည်ဆောက်ရန် ရှီကျင့်ဖိန်က ရှီးဇန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပါတီကော်မတီနှင့် အစိုးရ လုပ်ငန်း အစီရင်ခံမှုများအား ကြားနာစဉ် အလေးထားပြောကြား

ဗဟိုကိုယ်စားလှယ်အဖွဲ့အား ဦးဆောင်၍ ရှီးဇန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နှစ် ၆၀ ပြည့်အခမ်းအနားသို့ တက်ရောက်သည့် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၊ နိုင်ငံတော် သမ္မတ၊ ဗဟိုစစ်ကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်က ၂၀၂၅ ခုနှစ် ဩဂုတ် ၂၀ ရက် ညနေပိုင်းက ရှီးဇန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပါတီကော်မတီနှင့် အစိုးရ၏လုပ်ငန်းအစီရင်ခံမှုများအား ကြားနာ၍ အရေးကြီးမိန့်ခွန်းပြောကြားနေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

လားဆ၊ ဩဂုတ် ၂၁ ရက် (ဆင်ဟွာ)

ဗဟိုကိုယ်စားလှယ်အဖွဲ့အား ဦးဆောင်၍ တရုတ်နိုင်ငံ ရှီးဇန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တည်ထောင်ခြင်း နှစ် ၆၀ ပြည့် ဂုဏ်ပြုပွဲအခမ်းအနားသို့ တက်ရောက်သည့် တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ်၊ နိုင်ငံတော် သမ္မတ၊ ဗဟိုစစ်ကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ရှီးဇန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပါတီကော်မတီနှင့် အစိုးရလုပ်ငန်း အစီရင်ခံမှုများကို ဩဂုတ် ၂၀ ရက်က ကြားနာခဲ့သည်။

ရှီးဇန့်အနေဖြင့် ခေတ်သစ် ပါတီ၏ ရှီးဇန့်စီမံခန့်ခွဲရေးဗျူဟာကို ဘက်စုံဖော်ဆောင်ရမည် ဖြစ်ကြောင်း၊ တည်ငြိမ်စွာ တိုးတက်အောင် ဆောင်ရွက်ခြင်းဟူသည့် လုပ်ငန်းအခြေခံကို အခိုင်အမာလက်ကိုင်ထားကာ  ဖွံ့ဖြိုးတိုးတက်ရေး အယူအဆသစ်ကို ပြည့်စုံတိကျစွာ ဘက်စုံ ဖော်ဆောင်ရမည် ဖြစ်သလို အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်ရေးကို ခိုင်မာစွာ တွန်းအားပေးရမည် ဖြစ်ကြောင်း၊ တည်ငြိမ်မှု၊ ဖွံ့ဖြိုးတိုးတက်မှု၊ ဂေဟစနစ်ကျမှု၊ နယ်စပ်ဒေသ ခိုင်မာအားကောင်းမှု ဟူသော ကဏ္ဍကြီး ၄ ရပ်ကို စဉ်ဆက်မပြတ် ထဲထဲဝင်ဝင် ကောင်းမွန်စွာ ဆောင်ရွက်ကာ စည်းလုံးညီညွတ်မှု၊ ချမ်းသာကြွယ်ဝမှု၊ ယဉ်ကျေးမှု၊ သဟဇာတဖြစ်မှု၊ သာယာလှပမှုရှိသော ဆိုရှယ်လစ်ဝါဒ ခေတ်မီအသွင် ရှီးဇန့်သစ်ကို ကြိုးပမ်းတည်ဆောက်ရမည် ဖြစ်ကြောင်း ရှီကျင့်ဖိန်က အလေးထားပြောကြားခဲ့သည်။

ရှီးဇန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရေဒေသ တည်ထောင်သည့် နှစ် ၆၀ ပြည့် ကာလတွင် ပါတီဗဟိုကော်မတီ၏ ခိုင်မာသော ဦးဆောင်မှုနှင့် နိုင်ငံတစ်ဝန်း ပြည်သူတစ်ရပ်လုံး၏ အစွမ်းကုန် ထောက်ခံအားပေးမှုအောက်တွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပါတီကော်မတီနှင့် အစိုးရက ဒေသတစ်ခုလုံးရှိ တိုင်းရင်းသားပြည်သူအသီးသီးအား စည်းလုံးညီညွတ်စွာ ဦးဆောင်ကာ အခက်အခဲများကို ကြိုးပမ်းကျော်လွှား၍ တိုးတက်မှုအား ဖွင့်လှစ်ခဲ့ကြကြောင်း၊ တိုင်းရင်းသားလူမျိုးဒေသ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရစနစ်ကို အခိုင်အမာ ကောင်းမွန်ပြည့်စုံအောင် ဆောင်ရွက်သလို ခွဲထွက်မှုဆန့်ကျင်ရေးတိုက်ပွဲကို ထဲထဲဝင်ဝင် ဆောင်ရွက်ခဲ့ရာ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးသည် ကမ္ဘာ့မျက်မြင်ကိုယ်တွေ့ ကြီးမားသည့် အောင်မြင်မှုများ ရရှိခဲ့ကြောင်း၊ ဆီးနှင်းဒေသ ကုန်းပြင်မြင့်သည် အပြောင်းအလဲကြီး ပြောင်းလဲခဲ့ရာ နိုင်ငံတစ်ဝန်း ဒေသအသီးသီးနှင့်အတူ မျှော်မှန်းထားသည့်အတိုင်း အတော်အသင့် ပြည့်စုံကောင်းမွန်သည့် လူမှုအဖွဲ့အစည်း ဘက်စုံ တည်ဆောက်နိုင်ခဲ့ပြီး ဆိုရှယ်လစ်ဝါဒ ခေတ်မီနိုင်ငံ ဘက်စုံတည်ဆောက်ရေး ခရီးစဉ်သစ်ကို တက်လှမ်းခဲ့ကြောင်း ရှီကျင့်ဖိန်က ထောက်ပြ ပြောကြားခဲ့သည်။

၎င်းက ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ ကိုယ်စား ရှီးဇန့်ရှိ တိုင်းရင်းသားအသီးသီး၊ ကေဒါများနှင့် လူထုအား လှိုက်လှဲစွာ ဂုဏ်ပြုစကားပြောကြားခဲ့ပြီး ရင်းနှီးနွေးထွေးစွာ နှုတ်ခွန်းဆက်ခဲ့သည်။

ရှီးဇန့် စီမံခန့်ခွဲမှု၊ ရှီးဇန့် တည်ငြိမ်မှု၊ ရှီးဇန့် တိုးတက်မှုတွင် ပထမဦးဆုံးအနေဖြင့် ရှီးဇန့်၏ နိုင်ငံရေးတည်ငြိမ်အေးချမ်းရန်၊ လူမှုရေးတည်ငြိမ်ရန်၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရန်၊ ဘာသာရေးသင့်မြတ်ရန် ထိန်းသိမ်းရမည် ဖြစ်ကြောင်း ရှီကျင့်ဖိန်က အလေးထား ပြောကြားခဲ့သည်။

တရုတ်အမျိုးသားရေး အသိုက်အဝန်းအသိကို တစ်ဆင့်တိုး ခိုင်မာစေရမည်ဖြစ်သလို တရုတ်အမျိုးသားရေး အသိုက်အဝန်း တည်ဆောက်မှုကို တွန်းအားပေးရမည်ဖြစ်ကြောင်း၊ ကွန်မြူနစ်ပါတီ၏သမိုင်း၊ တရုတ်နိုင်ငံတော်သစ်၏သမိုင်း၊ ပြုပြင်ပြောင်းလဲရေးနှင့် တံခါးဖွင့်ဝါဒသမိုင်း၊ ဆိုရှယ်လစ်ဝါဒ ဖွံ့ဖြိုးတိုးတက်မှုသမိုင်း၊ တရုတ်အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး သမိုင်း ပညာပေးဖြန့်ချိမှုကို မြှင့်တင်ရမည်ဖြစ်ကြောင်း၊ ရှီးဇန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နှစ်ပေါင်း ၆၀ ကြာကာလ၏ ထွန်းပြောင်သော အောင်မြင်မှုများကို ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ချိရမည်ဖြစ်သလို ခေတ်သစ်ရှီးဇန့် အကြောင်းအရာများကိုလည်း ကောင်းမွန်စွာ ဖော်ပြရမည်ဖြစ်ရာ တိုင်းရင်းသား ကေဒါနှင့်လူထုက “ကဏ္ဍငါးရပ် အသိအမှတ်ပြုမှု” စဉ်ဆက်မပြတ် တိုးတက်လာအောင် ဦးဆောင်လမ်းညွှန်ရမည်ဖြစ်ကြောင်း၊ နိုင်ငံတစ်ဝန်း တိုင်းရင်းသား စည်းလုံးညီညွတ်ရေး တိုးတက်မှု စံပြဇုန်ကို တက်ကြွစွာ ဖန်တီးရမည်ဖြစ်သလို  နိုင်ငံ၏အများသုံးဘာသာစကားစာပေ ကျယ်ပြန့်ရေး တွန်းအားပေးရမည်ဖြစ်ပြီး တိုင်းရင်းသားအသီးသီး ကူးလူးသွားလာ ပေါင်းစည်းမှုကို မြှင့်တင်ရမည်ဖြစ်ကြောင်း၊ ရှီးဇန့်နှင့် တရုတ်နိုင်ငံအခြားဒေသများ၏ စီးပွားရေး၊ ယဉ်ကျေးမှု၊ လူပုဂ္ဂိုလ် နှစ်ဖက်အပြန်အလှန် ကူးလူးဖလှယ်ရေးကို တွန်းအားပေးရမည် ဖြစ်ကြောင်း၊ စနစ်နှင့်အညီ တရုတ်နိုင်ငံရှိ သာသနာရေး တရုတ်နိုင်ငံအသွင် တွန်းအားပေးရန်၊ သာသနာ့ရေးရာ စီမံခန့်ခွဲမှုများ တရားဥပဒေစိုးမိုးရေးအသွင် မြှင့်တင်ရန်ဟူသော တောင်းဆိုချက်ကို ဆောင်ရွက်ကာ ရှီးဇန့်ဗုဒ္ဓဘာသာနှင့် ဆိုရှယ်လစ်ဝါဒ လူမှုအသိုက်အဝန်း လိုက်လျောညီထွေမှုဖြစ်ရန် ဦးဆောင်လမ်းညွှန်ရမည်ဖြစ်ကြောင်း၊ ပါတီ၏တည်ဆောက်ရေး ဦးဆောင်လမ်းညွှန်မှုကို မြှင့်တင်ကာ လူမှုလုပ်ငန်းစနစ်ယန္တရားကို ကောင်းမွန်ပြည့်စုံအောင် ဆောင်ရွက်ခြင်းဖြင့် လူထုဝန်ဆောင်မှုကို ပိုမိုကောင်းမွန်စွာ စုစည်းရမည်ဖြစ်ပြီး လူမှုအသိုက်အဝန်း စီမံခန့်ခွဲရေးအခြေခံကို ခိုင်မာအောင် ဆောင်ရွက်ရမည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ရှီးဇန့်ဖွံ့ဖြိုးတိုးတက်မှုတွင် ကိုယ်ပိုင်ထူးခြားချက်ရှိရာ လက်တွေ့ရှုထောင့်မှ အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရမည် ဖြစ်ကြောင်း ရှီကျင့်ဖိန်က လမ်းညွှန်ပြောကြားခဲ့သည်။

ကာလဒေသနှင့်လျော်ညီစွာ ကုန်းပြင်မြင့် ထူးခြားအားသာချက်ရှိသော ကုန်ထုတ်လုပ်ငန်းများကို တိုးတက်အောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အထူးသဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် သန့်ရှင်းစွမ်းအင် ကုန်ထုတ်လုပ်ငန်းများ ဖြစ်ကြောင်း၊ အရင်းအမြစ် ကုန်ချောလုပ်ငန်း စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရန် လုပ်ဆောင်ရမည်ဖြစ်သလို ခေတ်မီဝန်ဆောင်မှု လုပ်ငန်းများကို တိုးတက်အောင် တက်ကြွစွာ ဖော်ဆောင်ရမည်ဖြစ်ပြီး ယဉ်ကျေးမှု၊ ခရီးသွားလုပ်ငန်း ပေါင်းစည်းရေးကို မြှင့်တင်ရမည် ဖြစ်ကြောင်း၊ ရာလူဇန့်ပု မြစ်အောက်ပိုင်း ရေအားလျှပ်စစ်စီမံကိန်း၊ စီချွမ်း-ရှီးဇန့် ရထားလမ်း စသည့် အရေးကြီးစီမံကိန်း တည်ဆောက်မှုများကို အားကောင်း၍ စနစ်တကျ ထိရောက်စွာ တွန်းအားပေး ဖော်ဆောင်ရမည် ဖြစ်ကြောင်း၊ ဂေဟယဉ်ကျေးမှုတည်ဆောက်ရေးကို မြှင့်တင်ရမည်ဖြစ်ပြီး  ကာဗွန်လျော့နည်းရေး၊ လေထုညစ်ညမ်းမှု လျှော့ချရေး၊ အစိမ်းရောင်ကဏ္ဍတိုးချဲ့ရေး၊ စီးပွားရေးတိုးတက်ရေးတို့ကို ဟန်ချက်ညီညီတွန်းအားပေးခြင်းဖြင့် “ကမ္ဘာမြေ၏ ထိပ်ခေါင်” နှင့် “အာရှ၏ ရေမျှော်စင်” အား ကောင်းမွန်စွာ ကာကွယ်စောင့်ရှောက်ရမည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ထို့ပြင် ပုံစံသစ်မြို့ပြအသွင်နှင့် ကျေးလက်ဘက်စုံရှင်သန်ဖွံ့ဖြိုးရေးကို စုစည်းစီမံတွန်းအားပေးရမည်ဖြစ်ကြောင်း၊ ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်ရေး အောင်မြင်မှုရလဒ်များကို ခိုင်မာတိုးပွားအောင် ဆောင်ရွက်ရမည် ဖြစ်ရာ လုပ်ငန်းခွင်ဝင်မှု၊ ပညာရေး၊ ဆေးကုသမှုကျန်းမာရေး၊ လူမှုဖူလုံရေး၊ သက်ကြီးဘိုးဘွားစောင့်ရှောက်ရေး၊ ကလေးထိန်းစောင့်ရှောက်ရေး စသည့် လူမှုဘဝလုပ်ငန်းများကို အခိုင်အမာ ကောင်းမွန်စွာ လုပ်ဆောင်ကာ တိုင်းရင်းသားလူထု၏ ပြည့်ဝမှု၊ ချမ်းမြေ့မှု၊ လုံခြုံမှု ခံစားချက်ကို တစ်ဆင့်တိုးမြှင့်တင်ရမည် ဖြစ်ကြောင်း၊ တိန့်ရစ်ခရိုင် ကပ်ဘေးအလွန် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများကို ဆက်လက် ကောင်းမွန်စွာ ဆောင်ရွက်ရမည် ဖြစ်ကြောင်း ရှီကျင့်ဖိန်က ပြောကြားခဲ့သည်။

ရှီးဇန့်လုပ်ငန်းများကို ကောင်းမွန်စွာ ဆောင်ရွက်ရာတွင် ပါတီ၏ ဦးဆောင်မှု၊ ပါတီ၏ တည်ဆောက်မှုကို အစဉ်အမြဲ မမှိတ်မသုန် လက်ကိုင်ထားရမည် ဖြစ်ကြောင်းလည်း ရှီကျင့်ဖိန်က အလေးထားပြောကြားခဲ့သည်။

ခေတ်သစ် တရုတ်ဝိသေသလက္ခဏာဆောင်သည့် ဆိုရှယ်လစ်ဝါဒ အတွေးအခေါ်ဖြင့် သွေးစည်းညီညွတ်အောင် ခိုင်မာစွာ မမှိတ်မသုန် ဖော်ဆောင်၍ တိုင်းရင်းသားအသီးသီး ကေဒါနှင့် လူထုအား ပါတီစကားနားထောင်၍ ပါတီနှင့်အတူ လျှောက်လှမ်းရန် ဦးဆောင်လမ်းညွှန်ရမည်ဖြစ်ကြောင်း၊ ရှေးရှီးဇန့်၏ စိတ်ဓာတ်၊ “ကုန်းပြင်မြင့် လမ်းမကြီးနှစ်သွယ်”၏ စိတ်ဓာတ်ကို အစွမ်းကုန်မြှင့်တင်ကာ တစ်သားတည်းပေါင်းစည်းမှုအား မြတ်နိုးခြင်း၊ နှိုးဆော်အားပေးမှုနှင့် ထိန်းကွပ်မှုတို့အား တစ်ပြေးညီ အလေးထားခြင်းကို ခိုင်မာစွာ တင်းတင်းကျပ်ကျပ်ဖော်ဆောင်ရမည်ဖြစ်ကြောင်း၊ ကျယ်ပြန့်များပြားလှသော ပါတီဝင်၊ ကေဒါနှင့် လူရည်ချွန် အမျိုးမျိုးအား တိုးတက်အောင်ကြိုးပမ်းရန်၊ တာဝန်သိ စွမ်းဆောင်မှုရှိစေရန် ဦးဆောင်လမ်းညွှန်သည့် တစ်ပြိုင်နက်တည်းတွင်ပင် ဂရုစိုက်စောင့်ရှောက်မှုအစီအမံများအား ဖော်ဆောင်ကာ အနာဂတ်စိုးရိမ်ပူပန်မှုများအား ကူညီဖြေရှင်းပေးရမည်ဖြစ်ကြောင်း၊ အခြေခံပါတီအဖွဲ့အစည်းများ၏ ခံတပ်ပမာ အခန်းကဏ္ဍကို အပြည့်အဝ ဖော်ဆောင်ရမည် ဖြစ်ကြောင်း၊ ဗဟိုစည်းကမ်းချက် ၈ ရပ်၏ စိတ်ဓာတ်အား   သင်ယူပညာပေးသည့် ရလဒ်နှင့် အတွေ့အကြုံများကို အပြည့်အဝ နက်ရှိုင်း ကောင်းမွန်စွာ အသုံးပြုကာ အတွေးအခေါ်သဘောထားနှင့် လုပ်ပုံလုပ်နည်း တည်ဆောက်မှုကို ပုံမှန်အသွင်၊ ရေရှည်ထိရောက်မှုအသွင် ယန္တရားအဖြစ် ပြည့်စုံအောင် ကောင်းမွန်စွာ ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ပါတီအား ဘက်စုံစည်းကမ်းတင်းကျပ်စွာ စီမံခန့်ခွဲခြင်း နိုင်ငံရေးတာဝန်ကို သေချာဖော်ဆောင်ရမည်ဖြစ်သလို မှန်ကန်စွာ စည်းကမ်းတင်းကျပ်မှုဖြင့် အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးကို အခိုင်အမာ ဆောင်ရွက်ပြီး အကျင့်ပျက်ခြစားမှု မပြုဝံ့ခြင်း၊ အကျင့်ပျက်ခြစားမှု မပြုနိုင်ခြင်း၊ အကျင့်ပျက်ခြစားမှု မပြုလိုခြင်းကို တစ်ပြေးညီ တွန်းအားပေးဆောင်ရွက်ခြင်းဖြင့် သီလစင်ကြယ်သည့် နိုင်ငံရေးဂေဟစနစ်ကို ကြိုးပမ်း တည်ဆောက်ရမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ရှီးဇန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပါတီကော်မတီ အတွင်းရေးမှူး ဝမ်ကျွင်းကျိန့်က ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပါတီကော်မတီနှင့် အစိုးရ၏ လုပ်ငန်းများအား အစီရင်ခံခဲ့သည်။ တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့် ပြည်လုံးဆိုင်ရာကော်မတီ ဒုတိယ ဥက္ကဋ္ဌ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့် ဥက္ကဋ္ဌ ဖာ့ပါးလား ကယ်လျဲ့လန်ကျယ်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီ ညွှန်ကြားရေးမှူး ယန်ကျင်းဟိုင်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပြည်သူ့အစိုးရ ဥက္ကဋ္ဌ ကာမာကျယ်တိန်းတို့က အစီရင်ခံမှုအခမ်းအနားသို့ တက်ရောက်ခဲ့ကြသည်။

ဝမ်ဟုနင်၊ ချိုက်ချီ၊ လီကန့်ကျယ်၊ ဟယ်လိဖုန်း၊ ကျန်းကော်ချင်း၊ ဝမ်ရှောင်ဟုန်၊ လော့ဆန်းကျန်းချွမ်း၊ ဟူချွမ်းဟွာနှင့် ကျန်းစိန်းမင်၊ ဗဟိုနှင့်နိုင်ငံအစိုးရဌာန သက်ဆိုင်ရာ တာဝန်ရှိရဲဘော်များ၊ ဗဟိုကိုယ်စားလှယ်အဖွဲ့ အဖွဲ့ဝင်တစ်ရပ်လုံးနှင့် ရှီးဇန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပါတီ၊ အုပ်ချုပ်ရေး၊ တပ်မတော် တာဝန်ရှိ ရဲဘော်များက အစီရင်ခံမှု အခမ်းအနားသို့ တက်ရောက်ခဲ့ကြသည်။ (Xinhua)

————————–

(Chinese Version)

习近平在听取西藏自治区党委和政府工作汇报时强调   全面贯彻新时代党的治藏方略   努力建设团结富裕文明和谐美丽的社会主义现代化新西藏   王沪宁蔡奇参加汇报会

新华社拉萨8月20日电 率中央代表团出席西藏自治区成立60周年庆祝活动的中共中央总书记、国家主席、中央军委主席习近平,20日听取西藏自治区党委和政府工作汇报。他强调,西藏要全面贯彻新时代党的治藏方略,坚持稳中求进工作总基调,完整准确全面贯彻新发展理念,扎实推动高质量发展,持续深入抓好稳定、发展、生态、强边四件大事,努力建设团结富裕文明和谐美丽的社会主义现代化新西藏。

习近平指出,西藏自治区成立60年来,在党中央坚强领导和全国人民大力支持下,自治区党委和政府团结带领全区各族人民艰苦奋斗、开拓进取,坚持和完善民族区域自治制度,深入开展反分裂斗争,经济社会发展取得举世瞩目的重大成就,雪域高原发生翻天覆地的变化,同全国各地一道如期全面建成小康社会、迈上全面建设社会主义现代化国家新征程。他代表党中央,向西藏各族干部群众表示热烈祝贺、致以诚挚问候!

习近平强调,治藏稳藏兴藏,首先是要保持西藏的政治安定、社会稳定、民族团结、宗教和顺。要进一步铸牢中华民族共同体意识、推进中华民族共同体建设,加强党史、新中国史、改革开放史、社会主义发展史、中华民族发展史宣传教育,广泛宣传西藏自治区60年来的辉煌成就,讲好新时代西藏故事,引导各族干部群众不断增进“五个认同”。要积极创建全国民族团结进步模范区,推广普及国家通用语言文字,促进各民族交往交流交融,推动西藏与内地经济、文化、人员双向交流。要按照系统推进我国宗教中国化、加强宗教事务治理法治化的要求,引导藏传佛教与社会主义社会相适应。要强化党建引领,健全社会工作体制机制,更好凝聚服务群众,夯实社会治理基础。

习近平指出,西藏发展有自身特点,要从实际出发推动高质量发展。要因地制宜发展高原特色优势产业,特别是特色农牧业和清洁能源产业,持续发展资源加工业,积极发展现代服务业,促进文旅产业融合。要有力有序有效推进雅下水电工程、川藏铁路等重大项目建设。要加强生态文明建设,协同推进降碳、减污、扩绿、增长,守护好“世界屋脊”和“亚洲水塔”。要统筹推进新型城镇化和乡村全面振兴,巩固拓展脱贫攻坚成果,扎实做好就业、教育、医疗卫生、社会保障、养老、托幼等民生工作,进一步提升各族群众的获得感、幸福感、安全感。要继续做好定日县灾后重建工作。

习近平强调,做好西藏工作,必须始终坚持党的领导、加强党的建设。要坚持不懈用新时代中国特色社会主义思想凝心铸魂,引导各族干部群众听党话、跟党走。要大力弘扬老西藏精神、“两路”精神,坚持严管厚爱统一、激励约束并重,引导广大党员、干部和各类人才奋发进取、担当作为,同时落实各项关爱措施,帮助解决后顾之忧。要充分发挥基层党组织的战斗堡垒作用。要运用好深入贯彻中央八项规定精神学习教育成果和经验,健全作风建设常态化长效化机制。要认真落实全面从严治党政治责任,坚持正风肃纪反腐相贯通,一体推进不敢腐、不能腐、不想腐,努力营造风清气正的政治生态。

西藏自治区党委书记王君正汇报了自治区党委和政府的工作。全国政协副主席、自治区政协主席帕巴拉·格列朗杰,自治区人大常委会主任严金海,自治区人民政府主席嘎玛泽登参加汇报会。

王沪宁、蔡奇、李干杰、何立峰、张国清、王小洪、洛桑江村、胡春华和张升民,中央和国家机关有关部门负责同志,中央代表团全体成员,西藏自治区党政军负责同志等参加汇报会。(完)

  1. 8月20日下午,率中央代表团出席西藏自治区成立60周年庆祝活动的中共中央总书记、国家主席、中央军委主席习近平在拉萨听取西藏自治区党委和政府工作汇报,发表了重要讲话。 新华社记者 谢环驰 摄