China
ရှီကျင့်ဖိန်က ၂၀၂၅ ခုနှစ် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) ထိပ်သီးအစည်းအဝေး တက်ရောက်ပြီး သက်ဆိုင်ရာအခမ်းအနားများ ကျင်းပသွားမည်

ပေကျင်း၊ ဩဂုတ် ၂၂ ရက် (ဆင်ဟွာ)
၂၀၂၅ ခုနှစ် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) ထိပ်သီးအစည်းအဝေးကို တရုတ်နိုင်ငံ ထျန်းကျင်းမြို့၌ ဩဂုတ် ၃၁ ရက်မှ စက်တင်ဘာ ၁ ရက်အထိ ကျင်းပမည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) အဖွဲ့ဝင်နိုင်ငံများ၏ ၂၅ ကြိမ်မြောက် နိုင်ငံတော်အကြီးအကဲများကောင်စီ အစည်းအဝေးနှင့် ” SCO +” အစည်းအဝေးတို့ကို ကြီးမှူးကျင်းပ၍ အမှာစကားပြောကြားသွားမည်ဖြစ်ကြောင်း၊ ထိပ်သီးအစည်းအဝေးကာလအတွင်း သမ္မတ ရှီကျင့်ဖိန်က အစည်းအဝေးသို့ တက်ရောက်လာကြသော နိုင်ငံအကြီးအကဲများအတွက် ကြိုဆိုဧည့်ခံပွဲနှင့် နှစ်နိုင်ငံအခမ်းအနားများ ကျင်းပသွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ဩဂုတ် ၂၂ ရက်တွင် ကြေညာခဲ့သည်။ (Xinhua)
…………………..
(Chinese Version)
习近平将出席2025年上海合作组织峰会并举行有关活动
新华社北京8月22日电 外交部发言人8月22日宣布:2025年上海合作组织峰会将于8月31日至9月1日在天津举行。国家主席习近平将主持上海合作组织成员国元首理事会第二十五次会议和“上海合作组织+”会议并发表主旨讲话。峰会期间,习近平主席还将为与会领导人举行欢迎宴会和双边活动。(完)