North America
Apple နှင့် OpenAI တို့ “ပူးပေါင်း၍” လက်ဝါးကြီးအုပ်သည်ဟု အီလွန်မက်စ် လက်အောက်ခံ ကုမ္ပဏီ တရားစွဲဆို

ဝါရှင်တန်၊ ဩဂုတ် ၂၇ ရက် (ဆင်ဟွာ)
အမေရိကန် စီးပွားရေးလုပ်ငန်းရှင် အီလွန်မက်စ် လက်အောက်ရှိ ဉာဏ်ရည်တု (AI) ဖန်တီးသည့် ကုမ္ပဏီ xAI နှင့် လူမှုမီဒီယာပလက်ဖောင်း X တို့သည် ဩဂုတ် ၂၅ ရက်တွင် Apple ကုမ္ပဏီနှင့် OpenAI သုတေသနစင်တာတို့ကို တရားစွဲဆို၍ အဆိုပါကုမ္ပဏီနှစ်ခုသည် “ယှဉ်ပြိုင်မှု ဆန့်ကျင်ရေး” အစီအစဉ် ပူးတွဲဖော်ဆာင်ကာ စမတ်ဖုန်းများနှင့် Generative AI ဈေးကွက်တွင် လက်ဝါးကြီးအုပ်ထားသည်ဟု စွဲဆိုခဲ့သည်။
Apple နှင့် OpenAI ၏ “တတိယဘက်နှင့်မပူးပေါင်းသည့် သဘောတူညီချက်” ကြောင့် ChatGPT သည် iPhone တွင် တစ်ခုတည်းသော ထည့်သွင်းထားသည့် Generative AI Chat Bot ဖြစ်လာခဲ့ရာ သက်ဆိုင်ရာ ပြိုင်ဘက်များအနေဖြင့် ပမာဏတိုးချဲ့ပြီး ဆန်းသစ်တီထွင်ရန် ခဲယဉ်းစေကြောင်း တရားစွဲဆိုလွှာတွင် ထောက်ပြထားသည်။
“တရားလိုက ဤတရားစွဲဆိုမှု လုပ်ဆောင်ရခြင်းမှာ တရားခံ၏ ယှဉ်ပြိုင်မှုကို တန်ပြန်သည့်လုပ်ရပ်အား တားဆီး၍ စီးပွားရေး နစ်နာဆုံးရှုံးမှု ကန်ဒေါ်လာဘီလီယံနှင့်ချီ တောင်းဆိုရန် ဖြစ်သည်” ဟု တရားစွဲဆိုလွှာက ဖော်ပြထားသည်။
Apple က ၎င်း၏ App Store ထဲတွင် ပြိုင်ဘက်ထုတ်ကုန်အား ဦးစားပေးမှုကို လျှော့ချကာ သက်ဆိုင်ရာ စစ်ဆေး အတည်ပြုမှုလုပ်ငန်းစဉ်ကို နှောင့်နှေးအောင် အချိန်ဆွဲ၍ OpenAI အား အထူးခံစားခွင့်များ ပေးအပ်ထားသည်ဟုလည်း တရားစွဲဆိုလွှာက ဆိုထားသည်။
Apple ၏ လုပ်ရပ်ကြောင့် OpenAI အပြင် အခြား မည်သည့် AI ကုမ္ပဏီမဆို Apple App Store တွင် နံပါတ် ၁ နေရာ ရောက်နိုင်ခြင်းမရှိဟု အီလွန်မက်စ်က ယခုလအစောပိုင်းတွင် လူမှုမီဒီယာ X ပလက်ဖောင်း၌ ပြောကြားခဲ့သည်။ ယင်းနှင့်စပ်လျဉ်း၍ Apple ကုမ္ပဏီ ပြောခွင့်ရပုဂ္ဂိုလ်ကလည်း ၎င်းတို့၏ App Store ဒီဇိုင်းရေးဆွဲမှုသည် “တန်းတူညီမျှရှိသည့်အပြင် ဘက်လိုက်ခြင်းမရှိ” ဟု ပြောကြားခဲ့သည်။
အဆိုပါ နောက်ဆုံးတရားစွဲဆိုမှုသည် “မစ္စတာ အီလွန်မက်စ်ရဲ့ အစဉ်အမြဲ အနှောင့်အယှက်ပြုလုပ်တဲ့ လုပ်ရပ်ပုံစံနဲ့ တစ်ပြေးညီဖြစ်ပါတယ်” ဟု OpenAI ပြောခွင့်ရပုဂ္ဂိုလ် တစ်ဦးကမူ ကြေညာချက်တွင် တုံ့ပြန်ပြောကြားခဲ့သည်။ (Xinhua)
——————–
(Chinese Version)
马斯克旗下公司起诉苹果和OpenAI“合谋”垄断
新华社华盛顿8月26日电(记者熊茂伶)美国企业家马斯克旗下的人工智能初创公司xAI和社交媒体平台X于25日起诉苹果公司和开放人工智能研究中心(OpenAI),指控这两家公司联手实施“反竞争”计划,维持在智能手机和生成式人工智能市场的垄断地位。
诉讼书指出,苹果与OpenAI的“排他性协议”使ChatGPT成为iPhone唯一内置的生成式人工智能聊天机器人,相关竞争对手难以扩大规模和进行创新。“原告提起本诉讼,旨在制止被告的反竞争行为,并追讨数十亿美元的经济损失。”
诉讼书还称,苹果在其应用商店中降低竞争产品的优先级,拖延相关审核流程,给予OpenAI特殊待遇。
马斯克本月早些时候在社交媒体X平台上称,苹果的行为让除OpenAI之外的任何人工智能公司都无法在苹果应用商店排名第一。苹果公司发言人曾对此表示,其应用商店设计“公平且无偏见”。
OpenAI一位发言人在声明中回应,这一最新诉讼“与马斯克先生持续的骚扰行为模式一致”。(完)
图说:这是1月20日埃隆·马斯克在美国首都华盛顿第一资本体育馆发表演说时拍摄的资料照片。新华社记者吴晓凌摄