Connect with us

International Organizations

အီတလီလက်ရွေးစင်ဟောင်း ဖလော်ရန်ဇီ အသက် ၃၄ နှစ်တွင် အနားယူကြောင်း ကြေညာ

အီတလီနိုင်ငံ ဖလောရင့်စ်မြို့တွင် ၂၀၂၄ ခုနှစ် မတ် ၃၀ ရက်၌ အီတလီစီးရီးအေဘောလုံးပွဲစဥ်တစ်ခုအတွင်း အေစီမီလန်အသင်းမှ အလက်ဆန်းဒရို ဖလော်ရန်ဇီနှင့် ဖီအိုရင်တီးနားအသင်းမှ ဂျိုနသန် အိုင်ကွန် (ယာ) တို့ ယှဥ်ပြိုင်ကစားနေကြစဥ် (ဆင်ဟွာ)

ရောမ၊ ဩဂုတ် ၂၈ ရက် (ဆင်ဟွာ)
အီတလီလက်ရွေးစင်ဟောင်း အလက်ဆန်ဒရို ဖလော်ရန်ဇီက အေစီမီလန်အသင်းနှင့် ယခုနွေရာသီတွင် စာချုပ်သက်တမ်းကုန်ဆုံးပြီးနောက် ၎င်း၏အနားယူမှုကို လူမှုမီဒီယာမှတစ်ဆင့် ဩဂုတ် ၂၇ ရက်၌ ကြေညာခဲ့ကြောင်း သိရသည်။
ရိုးမားလူငယ်အကယ်ဒမီကို ဖြတ်သန်းလာခဲ့ပြီးနောက် ဖလော်ရန်ဇီက ၎င်း၏ ပရော်ဖက်ရှင်နယ်ကစားသမားဘဝ၏ ပိုမိုကောင်းမွန်သောအချိန်အချို့ကို ရိုးမားအသင်း၌ ကုန်ဆုံးခဲ့သည်။ ၎င်း၏ စိတ်ဝင်စားဖွယ်အကောင်းဆုံးမှာ ၂၀၁၅/၂၀၁၆ ချန်ပီယံလိဂ်ပြိုင်ပွဲတွင် ဘာစီလိုနာအသင်းနှင့် ယှဉ်ပြိုင်ခဲ့သည့်ပွဲ၌ အလွန်ကောင်းသော အဝေးမှမြှောက်ကန်ချက်ဖြစ်ပြီး ၂၀၁၅ ခုနှစ် ဖီဖာ Puskas ဆုအတွက် ဆန်ခါတင်စာရင်းပင် ဝင်ခဲ့သည်။
ထို့အပြင် အသက် ၃၄ နှစ်အရွယ် ကစားသမား ဖလော်ရန်ဇီက စီးရီးအေချန်ပီယံဆုတစ်ဆုနှင့် Coupe de France ဆုတစ်ဆုတို့ ရရှိခဲ့ခြင်းအပါအဝင် ဗလင်စီယာ၊ ပဲရစ်စိန့်ဂျာမိန်းနှင့် အေစီမီလန်တို့၌လည်း ကစားခဲ့သည်။
နောက်ခံကစားသမား ဖလော်ရန်ဇီက အီတလီအမျိုးသားဘောလုံးအသင်းအတွက် ပွဲပေါင်း ၄၉ ပွဲ ကစားထားပြီး ၎င်းအသင်းကို ၂၀၂၁ ခုနှစ် ယူရိုချန်ပီယံရှစ်ဆု ရရှိရန် ကူညီပေးခဲ့ကြောင်း သိရသည်။ (Xinhua)
………………………………………….
Former Italy international Florenzi announces retirement aged 34
ROME, Aug. 27 (Xinhua) — Former Italy international Alessandro Florenzi announced his retirement through social media on Wednesday, after his contract with AC Milan expired this summer.
Having come through the Roma youth academy, Florenzi spent the better part of his professional career at the capital-based team. His highlight was an excellent long-range lob against Barcelona in a 2015/2016 Champions League fixture, which was eventually nominated for the 2015 FIFA Puskas Award.
Additionally, the 34-year-old also had spells at Valencia, Paris Saint-Germain and AC Milan, winning one Serie A championship and one Coupe de France, among others.
The full-back also has 49 caps for the Italy national team, helping the Azzurri win the Euro Championship in 2021. ■
English Caption
Fiorentina’s Jonathan Ikone (R) vies with AC Milan’s Alessandro Florenzi during a Serie A football match in Florence, Italy, March 30, 2024. (Photo by Augusto Casasoli/Xinhua)