Connect with us

International Organizations

ကွင်းလယ်ကစားသမား ဂျင်းလူးကပ်စ် ဘရာဇီးအသင်းသို့ ပထမဆုံးဆင့်ခေါ်ခံရ

ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေးရိုးမြို့တွင် ၂၀၂၂ ခုနှစ် မတ် ၂၄ ရက်က ဘရာဇီးအသင်းနှင့် ချီလီအသင်းတို့၏ ၂၀၂၂ ခုနှစ် ဖီဖာကမ္ဘာ့ဖလား ခြေစစ်ပွဲအတွင်း ခေါင်းတိုက်ဘောအတွက် ယှဥ်ပြိုင်နေသော ဘရာဇီးအသင်းမှ သီယာဂို ဆေးလ်ဗား (ဝဲအပေါ်) အား တွေ့မြင်ရစဥ် (ဆင်ဟွာ)

ရီယိုဒီဂျနေးရိုး၊ သြဂုတ် ၂၈ ရက် (ဆင်ဟွာ)
အမျိုးသားလက်ရွေးစင် မဖြစ်ဖူးသေးသော ကွင်းလယ်ကစားသမား ဂျင်းလူးကပ်စ်အား ချီလီအသင်း၊ ဘိုလီးဗီးယားအသင်းတို့နှင့် ယှဥ်ပြိုင်ကစားမည့် ကမ္ဘာ့ဖလားခြေစစ်ပွဲများအတွက် ဘရာဇီးအသင်း၏ လူစာရင်းတွင် ထည့်သွင်းလိုက်ပြီဖြစ်ကြောင်း ဘရာဇီးဘောလုံးအဖွဲ့ချုပ် (CBF) က သြဂုတ် ၂၈ ရက်၌ ထုတ်ပြန်ခဲ့သည်။
အသက် ၂၇ နှစ်အရွယ် ကစားသမား လူးကပ်စ်က သြဂုတ် ၂၅ ရက်က ပရီးမီးယားလိဂ်အိမ်ကွင်းတွင် လီဗာပူးလ်ကို ရမှတ် ၃-၂ ဖြင့် ရှုံးနိမ့်ခဲ့သောပွဲ၌ ပေါင်ခြံဒဏ်ရာရရှိခဲ့သော နယူးကာဆယ်အသင်းမှ ဂျိုလင်တန်၏ နေရာတွင် အစားထိုးဝင်ကစားခဲ့သည်။
ဖလာမင်ဂိုအသင်းတွင် ၎င်း၏အသက်မွေးဝမ်းကျောင်းကို စတင်ခဲ့ပြီး အသက် ၂၃ နှစ်အောက် ဘရာဇီးလ်အသင်းတွင် ကစားခဲ့သည့် လူးကပ်စ်က ဘရာဇီးအသင်း ၂၀ စီးရီးအေတွင် ထိပ်တန်းလေးသင်းအဆင့်သို့ မထင်မှတ်ဘဲ တက်လှမ်းလာနိုင်ခဲ့သည့် ဘာဟီယာအသင်းအတွက် ယခုရာသီတွင် အထင်ကြီးလောက်ဖွယ်ဖြစ်သည်။
ဖလာမင်ဂို ဘယ်နောက်ခံလူ အဲလက်စ် ဆန်ဒရိုကလည်း ခြေသလုံးကြွက်သားဒဏ်ရာကြောင့် ဘရာဇီးအသင်း၏ လူ ၂၃ ဦးစာရင်းမှ ထုတ်ပယ်ခံခဲ့ရသည်။ ဂျူဗင်တပ်စ်နောက်ခံလူဟောင်းလည်းဖြစ်သော ဆန်ဒရို၏ နေရာတွင် အစားထိုးမှုအား CBF က အမည်ချက်ချင်းထုတ်ဖော်ခဲ့ခြင်းမရှိပေ။
ဘရာဇီးအသင်းက စက်တင်ဘာ ၄ ရက်၌ ရီယိုဒီဂျနေးရိုးမြို့ရှိ မာရာကာနာအားကစားကွင်းတွင် ချီလီအသင်းနှင့် ယှဉ်ပြိုင်မည်ဖြစ်ပြီး ယင်းနောက် ငါးရက်အကြာ၌ အယ်လ်အယ်လ်တိုမြို့တွင် ဘိုလီးဗီးယားအသင်းနှင့် ရင်ဆိုင်ရမည်ဖြစ်သည်။
ကမ္ဘာ့ဖလားငါးကြိမ်ရရှိထားသော ဘရာဇီးအသင်းမှာ တောင်အမေရိကဇုန် ၁၀ သင်းအဆင့်ရပ်တည်မှု၌ တတိယနေရာ ရရှိထားပြီး အမေရိကန်၊ ကနေဒါနှင့် မက္ကဆီကိုနိုင်ငံတို့တွင် ကျင်းပမည့် လာမည့်နှစ်ကမ္ဘာ့ဖလားပြိုင်ပွဲ၌ နေရာတစ်နေရာရရှိရန် သေချာနေပြီဖြစ်ကြောင်း သိရသည်။ (Xinhua)
………………..
(English Version)
Midfielder Jean Lucas earns first Brazil call-up
RIO DE JANEIRO, Aug. 27 (Xinhua) — Uncapped midfielder Jean Lucas has been drafted into Brazil’s squad for World Cup qualifiers against Chile and Bolivia, the Brazilian Football Confederation (CBF) said on Wednesday.
The 27-year-old replaces Newcastle’s Joelinton, who suffered a groin injury in his team’s 3-2 home defeat to Liverpool in the Premier League on Monday.
Lucas, who began his career at Flamengo and played for Brazil at under-23 level, has impressed this season for Bahia, an unexpected challenger for a top-four finish in Brazil’s 20-team Serie A.
Flamengo left-back Alex Sandro was also withdrawn from Brazil’s 23-man squad because of a calf injury. The CBF did not immediately name a replacement for the former Juventus defender.
Brazil will face Chile at Rio de Janeiro’s Maracana stadium on September 4 and Bolivia in El Alto five days later.
The five-time World Cup winners are third in the 10-team South American zone standings and are already assured of a place at next year’s World Cup in the United States, Canada and Mexico. ■
English Caption
Thiago Silva (top L) of Brazil vies for a header during the 2022 FIFA World Cup qualifier between Brazil and Chile in Rio de Janeiro, Brazil on March 24, 2022. (Xinhua/Wang Tiancong)