Connect with us

China

ဟန်ကျိန့်နှင့် နီပေါနိုင်ငံ ဝန်ကြီးချုပ် ကေပီရှာမာအိုလီ၊ မြန်မာနိုင်ငံ ယာယီသမ္မတ မင်းအောင်လှိုင် သီးခြားစီ တွေ့ဆုံဆွေးနွေး

တရုတ်နိုင်ငံ ဒုတိယ သမ္မတ ဟန်ကျိန့်က ၂၀၂၅ ခုနှစ် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) ထိပ်သီးအစည်းအဝေး၊ တရုတ်ပြည်သူများ ဖက်ဆစ်ဂျပန် ခုခံတော်လှန်ရေးစစ်ပွဲနှင့် ကမ္ဘာ့ဖက်ဆစ်တော်လှန်ရေးစစ်ပွဲ အောင်နိုင်ခြင်း နှစ် ၈၀ ပြည့် အထိမ်းအမှတ် အခမ်းအနား တက်ရောက်ရန် တရုတ်နိုင်ငံသို့ ရောက်ရှိလာသော မြန်မာနိုင်ငံ ယာယီသမ္မတ မင်းအောင်လှိုင်နှင့် ပေကျင်းမြို့တွင် စက်တင်ဘာ ၂ ရက်က တွေ့ဆုံဆွေးနွေးစဉ် (ဆင်ဟွာ)

ပေကျင်း၊ စက်တင်ဘာ ၄ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ဒုတိယ သမ္မတ ဟန်ကျိန့်သည် တရုတ်နိုင်ငံသို့လာရောက်၍ ၂၀၂၅ ခုနှစ် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) ထိပ်သီးအစည်းအဝေး၊ တရုတ်ပြည်သူများ ဖက်ဆစ်ဂျပန် ခုခံတော်လှန်ရေးစစ်ပွဲနှင့် ကမ္ဘာ့ဖက်ဆစ်တော်လှန်ရေးစစ်ပွဲ အောင်နိုင်ခြင်း နှစ် ၈၀ ပြည့် အထိမ်းအမှတ် အခမ်းအနား တက်ရောက်သည့် နီပေါနိုင်ငံ ဝန်ကြီးချုပ် ကေပီရှာမာအိုလီ၊ မြန်မာနိုင်ငံ ယာယီသမ္မတ မင်းအောင်လှိုင်တို့နှင့် ပေကျင်းမြို့တွင် စက်တင်ဘာ ၂ ရက်က သီးခြားစီ တွေ့ဆုံဆွေးနွေးခဲ့သည်။

ကေပီရှာမာအိုလီနှင့် တွေ့ဆုံရာ၌ ဟန်ကျိန့်က သမ္မတ ရှီကျင့်ဖိန်နှင့် အဆွေတော် ဝန်ကြီးချုပ်တို့သည် ကြွယ်ဝသော အောင်မြင်မှုရလဒ်ရှိသည့် တွေ့ဆုံဆွေးနွေးပွဲ ကျင်းပခဲ့ရာ တရုတ်-နီပေါ ဆက်ဆံရေး တိုးတက်ရန်အတွက် မဟာဗျူဟာလမ်းညွှန်မှုအသစ် ပြုခဲ့ကြောင်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံသည် နီပေါနိုင်ငံနှင့်အတူ နှစ်နိုင်ငံအကြီးအကဲများ၏ အရေးကြီးသဘောတူညီချက်ကို ကောင်းမွန်စွာ ဖော်ဆောင်ကာ တရုတ်-နီပေါ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုမိတ်ဖက်ဆက်ဆံရေးကို စဉ်ဆက်မပြတ် ရှေ့သို့တိုးတက်အောင် တွန်းအားပေးဆောင်ရွက်၍ နှစ်နိုင်ငံပြည်သူများ၏ အကျိုးကို ပိုမိုကောင်းမွန်စွာ ဖော်ဆောင်သွားလိုကြောင်း၊ သမ္မတ ရှီကျင့်ဖိန် အဆိုပြုသည့် ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှု အစီအမံ(GGI)သည် ပိုမို တရားမျှတ၍ ကျိုးကြောင်းဆီလျော်သည့် ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုစနစ်ကို တွန်းအားပေးတည်ဆောက်ရာတွင် အရေးကြီးသည့် အနက်အဓိပ္ပာယ်ရှိရာ နိုင်ငံတကာအသိုက်အဝန်း၏ ကျယ်ကျယ်ပြန့်ပြန့် အားပေးထောက်ခံမှုကို မုချမသွေရရှိမည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ကေပီရှာမာအိုလီက နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးမျှော်မှန်းချက်ကို နီပေါနိုင်ငံအနေဖြင့် အရှိန်မြှင့်ဖော်ဆောင်ရာတွင် တရုတ်နိုင်ငံက ကူညီပေးမှုအပေါ် ကျေးဇူးတင်ရှိကြောင်း၊ နီပေါနိုင်ငံအနေဖြင့် တရုတ်တစ်နိုင်ငံတည်းမူဝါဒကို အခိုင်အမာ လက်ကိုင်ထား ကျင့်သုံးမည်ဖြစ်ကြောင်း၊ သမ္မတ ရှီကျင့်ဖိန် အဆိုပြုသည့် ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲရေး အစီအမံ (GGI) အား အထူး တန်ဖိုးထားချီးကျူးပါကြောင်း၊ တရုတ်နိုင်ငံနှင့်အတူ ပူးပေါင်းဆောင်ရွက်မှုများကို အားဖြည့်ကာ “ရပ်ဝန်းနှင့် ပိုးလမ်းမ” စီမံကိန်း အတူတကွတည်ဆောက်မှုကို ကောင်းမွန်စွာ အကောင်အထည်ဖော်၍ နှစ်ဖက်ဆက်ဆံရေး နက်ရှိုင်းစွာ တိုးတက်စေရေး တွန်းအားပေးဆောင်ရွက်သွားလိုကြောင်း ပြောကြားခဲ့သည်။

မင်းအောင်လှိုင်နှင့် တွေ့ဆုံရာ၌ ဟန်ကျိန့်က တရုတ်-မြန်မာသည် ချစ်ကြည်ရင်းနှီးကြသည့် အိမ်နီးချင်းများဖြစ်ကြောင်း၊ မကြာသေးမီရက်များက သမ္မတ ရှီကျင့်ဖိန်နှင့် အဆွေတော် ယာယီသမ္မတတို့သည် ကြွယ်ဝသော အောင်မြင်မှုရလဒ်ရှိသည့် တွေ့ဆုံဆွေးနွေးပွဲ ကျင်းပခဲ့ရာ နှစ်နိုင်ငံဆက်ဆံရေး တိုးတက်ဖွံ့ဖြိုးစေရန်အတွက် ရှင်းလင်းသည့် လမ်းညွှန်မှုပေးခဲ့ကြကြောင်း ပြောကြားခဲ့သည်။
တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံနှင့်အတူ နှစ်နိုင်ငံခေါင်းဆောင်များ၏ အရေးကြီးသဘောတူညီချက်များကို ကောင်းမွန်စွာ ဖော်ဆောင်ကာ နှစ်ဖက်ဆက်ဆံရေး ကောင်းမွန်တည်ငြိမ်စွာ တိုးတက်စေရန် တစ်ဆင့်တိုးမြှင့်တင်သွားလိုကြောင်း၊ “SCO Plus” အစည်းအဝေးတွင် သမ္မတ ရှီကျင့်ဖိန် အဆိုပြုသည့် ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှု အစီအမံ (GGI) သည် ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုစနစ် ကောင်းမွန်ပြည့်စုံအောင် ပြုပြင်ပြောင်းလဲရာတွင် အရေးကြီးသည့် အနက်အဓိပ္ပာယ်ရှိကြောင်း၊ ယင်း အရေးကြီး အစီအမံကို ဖော်ဆောင်ရာ၌ မြန်မာနိုင်ငံအနေဖြင့် တက်ကြွစွာ ထောက်ခံ၍ ပါဝင်သွားမည်ဟု ယုံကြည်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

မင်းအောင်လှိုင်က မြန်မာ-တရုတ် နှစ်နိုင်ငံသည် တောတောင်ရေမြေချင်း ဆက်စပ်နေကြောင်း၊ မြန်မာနိုင်ငံ၌ ငလျင်ကြီးဒဏ် ခံစားပြီးနောက် တရုတ်နိုင်ငံသည် အကူအညီများကို လျင်မြန်စွာ ပံ့ပိုးပေးခဲ့ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် သမ္မတ ရှီကျင့်ဖိန် အဆိုပြုသည့် ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှု အစီအမံ (GGI) ကို ထောက်ခံကြောင်း၊ တရုတ်နိုင်ငံနှင့်အတူ ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်မှုများကို အားဖြည့်ကာ မြန်မာ-တရုတ် အေးအတူပူအမျှ အသိုက်အဝန်း တည်ဆောက်ရေးကို တွန်းအားပေးဆောင်ရွက်သွားလိုကြောင်း ပြောကြားခဲ့သည်။ (Xinhua)

တရုတ်နိုင်ငံ ဒုတိယ သမ္မတ ဟန်ကျိန့်က ၂၀၂၅ ခုနှစ် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) ထိပ်သီးအစည်းအဝေး၊ တရုတ်ပြည်သူများ ဖက်ဆစ်ဂျပန် ခုခံတော်လှန်ရေးစစ်ပွဲနှင့် ကမ္ဘာ့ဖက်ဆစ်တော်လှန်ရေးစစ်ပွဲ အောင်နိုင်ခြင်း နှစ် ၈၀ ပြည့် အထိမ်းအမှတ် အခမ်းအနား တက်ရောက်ရန် တရုတ်နိုင်ငံသို့ ရောက်ရှိလာသော မြန်မာနိုင်ငံ ယာယီသမ္မတ မင်းအောင်လှိုင်နှင့် ပေကျင်းမြို့တွင် စက်တင်ဘာ ၂ ရက်က တွေ့ဆုံဆွေးနွေးစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ ဒုတိယ သမ္မတ ဟန်ကျိန့်က ၂၀၂၅ ခုနှစ် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) ထိပ်သီးအစည်းအဝေး၊ တရုတ်ပြည်သူများ ဖက်ဆစ်ဂျပန် ခုခံတော်လှန်ရေးစစ်ပွဲနှင့် ကမ္ဘာ့ဖက်ဆစ်တော်လှန်ရေးစစ်ပွဲ အောင်နိုင်ခြင်း နှစ် ၈၀ ပြည့် အထိမ်းအမှတ် အခမ်းအနား တက်ရောက်ရန် တရုတ်နိုင်ငံသို့ ရောက်ရှိလာသော နီပေါနိုင်ငံ ဝန်ကြီးချုပ် ကေပီရှာမာအိုလီနှင့် ပေကျင်းမြို့တွင် စက်တင်ဘာ ၂ ရက်က တွေ့ဆုံဆွေးနွေးစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ ဒုတိယ သမ္မတ ဟန်ကျိန့်က ၂၀၂၅ ခုနှစ် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) ထိပ်သီးအစည်းအဝေး၊ တရုတ်ပြည်သူများ ဖက်ဆစ်ဂျပန် ခုခံတော်လှန်ရေးစစ်ပွဲနှင့် ကမ္ဘာ့ဖက်ဆစ်တော်လှန်ရေးစစ်ပွဲ အောင်နိုင်ခြင်း နှစ် ၈၀ ပြည့် အထိမ်းအမှတ် အခမ်းအနား တက်ရောက်ရန် တရုတ်နိုင်ငံသို့ ရောက်ရှိလာသော နီပေါနိုင်ငံ ဝန်ကြီးချုပ် ကေပီရှာမာအိုလီနှင့် ပေကျင်းမြို့တွင် စက်တင်ဘာ ၂ ရက်က တွေ့ဆုံဆွေးနွေးစဉ် (ဆင်ဟွာ)

——————-
(Chinese Version)
韩正分别会见尼泊尔总理奥利、缅甸代总统敏昂莱
新华社北京9月2日电 9月2日,国家副主席韩正在北京分别会见来华出席2025年上海合作组织峰会和纪念中国人民抗日战争暨世界反法西斯战争胜利80周年活动的尼泊尔总理奥利、缅甸代总统敏昂莱。
会见奥利时,韩正表示,习近平主席同总理先生举行了富有成果的会见,为中尼关系发展作出新的战略指引。中方愿同尼方共同落实好两国领导人重要共识,推动中尼战略合作伙伴关系不断向前发展,更好造福两国人民。习近平主席提出全球治理倡议,对推动构建更加公正合理的全球治理体系具有重要意义,必将得到国际社会广泛支持。
奥利感谢中方帮助尼加快实现国家发展愿景,表示尼方坚定奉行一个中国政策,高度赞赏习近平主席提出全球治理倡议,愿同中方加强合作,落实好共建“一带一路”项目,推动双边关系深入发展。
会见敏昂莱时,韩正表示,中缅是友好邻邦。几天前,习近平主席同代总统先生举行了富有成果的会见,为两国关系发展指明方向。中方愿同缅方共同落实好两国领导人重要共识,进一步促进双边关系健康稳定发展。习近平主席在“上海合作组织+”会议上提出全球治理倡议,对改革完善全球治理体系具有重要意义,相信缅方将积极支持并参与落实这一重要倡议。
敏昂莱表示,缅中两国山水相连,感谢中方在缅遭受地震灾害后迅速提供援助。缅方支持习近平主席提出的全球治理倡议,愿同中方加强各领域合作,推进缅中命运共同体建设。(完)
1,2. 9月2日,国家副主席韩正在北京会见来华出席2025年上海合作组织峰会和纪念中国人民抗日战争暨世界反法西斯战争胜利80周年活动的缅甸代总统敏昂莱。 新华社记者 李涛 摄
3, 4. 9月2日,国家副主席韩正在北京会见来华出席2025年上海合作组织峰会和纪念中国人民抗日战争暨世界反法西斯战争胜利80周年活动的尼泊尔总理奥利。 新华社记者 高洁 摄