Connect with us

North America

အမေရိကန် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ တရားဥပဒေစိုးမိုးရေးဌာနက ဂျော်ဂျီယာပြည်နယ်၌ လူ ၄၇၅ ဦး ဖမ်းဆီး၊ အများစုမှာ တောင်ကိုရီးယားမှဖြစ်

အမေရိကန်နိုင်ငံ မြို့တော်ဝါရှင်တန်ရှိ အိမ်ဖြူတော်၌ အမေရိကန် သမ္မတ ထရမ့်က မိန့်ခွန်းပြောကြားနေသည်ကို ၂၀၂၅ ခုနှစ် ဇူလိုင် ၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ စက်တင်ဘာ ၆ ရက် (ဆင်ဟွာ)
အမေရိကန် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ တရားဥပဒေစိုးမိုးရေးဝန်ထမ်းများသည် စက်တင်ဘာ ၄ ရက်တွင် အမေရိကန်နိုင်ငံ ဂျော်ဂျီယာပြည်နယ်ရှိ တောင်ကိုရီးယား Hyundai Motor Group ၏ စက်ရုံတစ်ရုံနှင့် သက်ဆိုင်ရာ ကန်ထရိုက်ယူသူ ကုမ္ပဏီများအား တရားဥပဒေစိုးမိုးရေး လျှပ်တစ်ပြက်လှုပ်ရှားမှုများ လုပ်ဆောင်ခဲ့ရာ တရားဝင်နေထိုင်ခွင့်မရှိသူ ၄၇၅ ဦးအား ဖမ်းဆီးရမိခဲ့ပြီး ၎င်းအနက် အများစုမှာ တောင်ကိုရီးယားမှဖြစ်ကြောင်း အမေရိကန် ဖက်ဒရယ် အရာရှိက စက်တင်ဘာ ၅ ရက်တွင် ပြောကြားခဲ့သည်။

အဆိုပါ ၄၇၅ ဦးသည် တရားမဝင်ပြည်ဝင်ခြင်း၊ ဗီဇာကင်းလွတ်ခွင့်ဖြင့် ပြည်ဝင်လာသော်လည်း အလုပ်လုပ်ကိုင်ခွင့် မရှိခြင်း၊ ဗီဇာကိုင်ဆောင်ထားသော်လည်း သက်တမ်းကျော်လွန်၍ နေထိုင်ခြင်းတို့ အပါအဝင် လမ်းကြောင်းမျိုးစုံဖြင့် အမေရိကန်သို့ ဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုပါလူများသည် တရားမဝင် နေထိုင်ခြင်းဖြစ်ကာ ၎င်းတို့ကို ဖမ်းဆီး၍ လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန် တရားဥပဒေစိုးမိုးရေးဌာနက တရားဥပဒေစိုးမိုးရေးနှင့် နေရပ်ပြန်လည်ပို့ဆောင်ရေးဌာနကို စီမံရန် လွှဲပြောင်းပေးပြီးဖြစ်ကြောင်း ဂျော်ဂျီယာပြည်နယ်နှင့် အလာဘားမားပြည်နယ် အမိမြေလုံခြုံရေး စုံစမ်းစစ်ဆေးမှုအား တာဝန်ယူရသည့် အထူးထောက်လှမ်းသူ Steven Schrank က ထိုနေ့တွင် သတင်းစာရှင်းလင်းပွဲတစ်ခု၌ ပြောကြားခဲ့သည်။
ယင်းသည် အမေရိကန် အမိမြေလုံခြုံရေးဝန်ကြီးဌာနက ယနေ့တိုင် တစ်နေရာတည်းတွင် တရားဥပဒေစိုးမိုးရေးလှုပ်ရှားမှု လုပ်ဆောင်သည့် ပမာဏအကြီးမားဆုံး တစ်ကြိမ်ဖြစ်ကြောင်း၊ ဖက်ဒရယ်ဌာနက လှုပ်ရှားမှုမတိုင်မီ လပေါင်းများစွာ စုံစမ်းစစ်ဆေးမှု လုပ်ဆောင်ခဲ့ပြီးဖြစ်ကာ ကန်ထရိုက်ယူသူ ကုမ္ပဏီနှင့် ၎င်း၏ ကန်ထရိုက်လက်ခွဲယူသူများ၏ ကွန်ရက်များကိုပါ လွှမ်းခြုံထားကြောင်း၊ ဖမ်းဆီးခံရသူများသည် အချင်းဖြစ်ပွားရာနေရာရှိ ကုမ္ပဏီများစွာ၌ အလုပ်လုပ်ကိုင်ဖြစ်ခြင်းကာ သက်ဆိုင်ရာ စုံစမ်းစစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်ဆဲဖြစ်ကြောင်း Steven Schrank က ဆိုသည်။

ဖက်ဒရယ် တရားဥပဒေစိုးမိုးရေးဌာနက ဂျော်ဂျီယာပြည်နယ် ကမ်းရိုးတန်းမြို့ Savannah အနောက်ဘက်ရှိ ဧရိယာ ၁,၂၁၄ ဟက်တာခန့် ရှိသည့် စက်ရုံတစ်ရုံ၌ ယခုအကြိမ် လှုပ်ရှားမှု လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း အမေရိကန် လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန် တရားဥပဒေစိုးမိုးရေးဌာန (ICE) ပြောခွင့်ရပုဂ္ဂိုလ် Lindsay Williams က အတည်ပြုခဲ့သည်။ တောင်ကိုရီးယား Hyundai Motor Groupသည် လွန်ခဲ့သည့်တစ်နှစ်က အဆိုပါ အမေရိကန်ဒေါ်လာ ၇.၆ ဘီလီယံ အသုံးပြုထားသည့် စက်ရုံအတွင်း၌ လျှပ်စစ်ကားများ စတင်ထုတ်လုပ်ခဲ့ကာ စက်ရုံတစ်ရုံလုံးတွင် ဝန်ထမ်းပေါင်း ၁,၂၀၀ ခန့်ရှိကြောင်း သိရသည်။

အမေရိကန် သမ္မတ ထရမ့်က စက်တင်ဘာ ၅ ရက်တွင် အိမ်ဖြူတော်၌ မီဒီယာများ မေးမြန်းမှုကို ဖြေကြားရာတွင် အဆိုပါကိစ္စရပ်အပေါ် ထောက်ခံအားပေးကြောင်း၊ ဖမ်းဆီးခံရသူများသည် “တရားမဝင် နိုင်ငံခြားသားများ” ဖြစ်ကြောင်း၊ ဖက်ဒရယ် တရားဥပဒေစိုးမိုးရေးဌာနက ပုံမှန်တာဝန်ထမ်းဆောင်ခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။

တောင်ကိုရီးယားမီဒီယာများ၏ သတင်းဖော်ပြချက်အရ ဖမ်းဆီးခံရသူများအနက် လူ ၃၀၀ ခန့်သည် တောင်ကိုရီးယားနိုင်ငံသားများဖြစ်သည်ဟု သိရသည်။ တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Lee Jaewoong က စက်တင်ဘာ ၅ ရက်တွင် အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ ဝမ်းနည်းကြောင်း၊ တောင်ကိုရီးယားနိုင်ငံသားနှင့် လုပ်ငန်းကုမ္ပဏီများ၏ တရားဝင်အကျိုးစီးပွားသည် ထိပါးခံရ၍ မရကြောင်း ပြောကြားခဲ့သည်။
အဆိုပါ တရားဥပဒေစိုးမိုးရေး လျှပ်တစ်ပြက်လှုပ်ရှားမှုကြောင့် ထရမ့်၏ ဦးစားပေးမူဝါဒနှစ်ရပ်ဖြစ်သော ပြည်တွင်း၌ ကုန်ထုတ်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်ခြင်းနှင့် တရားမဝင် ရွှေ့ပြောင်း နေထိုင်သူများအား တိုက်ဖျက်ခြင်း တို့အကြား ကိန်းအောင်းနေသော ဒွိဟကို ပေါ်ထွက်လာနိုင်စေကြောင်း၊ တစ်ချိန်တည်းတွင် အမေရိကန်နှင့် မဟာမိတ် တောင်ကိုရီးယားနိုင်ငံ၏ နှစ်ဖက်ဆက်ဆံရေးအတွက်လည်း ဖိအား သယ်ဆောင်လာနိုင်ကြောင်း BBC ၏ သတင်းဖော်ပြချက်တွင် ထောက်ပြထားသည်။

တောင်ကိုရီးယား-အမေရိကန် နှစ်ဖက်ကုန်သွယ်ရေး သဘောတူညီချက်တွင် ကန်ဒေါ်လာ ၃၅၀ ဘီလီယံဖြင့် အမေရိကန်၌ ရင်းနှီးမြှုပ်နှံမှုအတွက် အသေးစိတ်အစီအစဉ်သည် အတန်အသင့် ကြီးမားသော သဘောထားကွဲလွဲမှု ရှိနေဆဲအချိန်တွင် အဆိုပါကိစ္စရပ်ကြောင့် အမေရိကန်-တောင်ကိုရီးယား ဆက်ဆံရေး တင်းမာမှုကို ဆိုးရွားလာစေနိုင်ကြောင်း မီဒီယာများက ယူဆသည်။ (Xinhua)

————————-
(Chinese Version)
美国移民执法部门在佐治亚州抓捕475人 大多来自韩国
新华社华盛顿9月5日电(记者熊茂伶)美国联邦官员5日说,移民执法人员在前一天针对韩国现代汽车集团在佐治亚州一家工厂及相关承包商的突击执法行动中,抓捕475名没有合法身份的人,其中大多数来自韩国。
负责佐治亚州和亚拉巴马州国土安全调查的特别探员史蒂文·施兰克当天在一场新闻发布会上说,这475人通过多种途径进入美国,包括非法入境、免签入境但没有工作许可、持有签证但逾期滞留。这些人属于非法居留,已被拘留并移交给移民与海关执法局执法与遣返部门处理。
施兰克表示,这是美国国土安全部迄今规模最大的一次单一地点执法行动。联邦部门在行动前已经调查数月,覆盖承包商及其子承包商的网络,被抓捕人员为现场的多家不同企业工作。相关调查仍在进行中。
移民与海关执法局发言人林赛·威廉姆斯证实,联邦执法部门在佐治亚州沿海城市萨凡纳以西一座占地约1214公顷的工厂进行此次行动。韩国现代汽车集团一年前在这座耗资76亿美元的工厂开始生产电动车,全厂约有1200名员工。
美国总统特朗普5日下午在白宫回答媒体提问时对此事表达支持,称被捕者是“非法的外国人”,联邦执法部门属正常履职。
据韩国媒体报道,被抓捕人员中约300人是韩国公民。韩国外交部发言人李在雄5日就此事表示遗憾,并表示韩国公民和企业的合法权益不得受到侵害。
英国广播公司报道指出,这场突击执法可能引发特朗普两项优先政策、即在境内发展制造业与打击非法移民之间的潜在矛盾,同时也给美国与重要盟友韩国的双边关系带来压力。有媒体认为,在韩美就双边贸易协议中3500亿美元对美投资的细化方案仍存较大分歧之时,这一事件可能加剧美韩关系紧张。(完)
图说:7月4日,在美国首都华盛顿白宫,美国总统特朗普发表讲话。新华社记者胡友松摄