Connect with us

Eastern Europe

အော့ခို့စ်ပင်လယ်၌ ရုရှား၏ နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောနှစ်စင်းက ဒုံးကျည်စမ်းသပ်ပစ်လွှတ်မှုများ ပြုလုပ်

ရုရှားရေတပ်၏ Petropavlovsk-Kamchatsky ရေငုပ်သင်္ဘောဆီမှ ကာလီဘာအမျိုးအစား ခရုစ်စ်ဒုံးကျည်အား ဂျပန်ပင်လယ်၌ စမ်းသပ်ပစ်လွှတ်နေပုံကို ၂၀၂၃ ခုနှစ် မတ် ၃ ရက်၌ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည့် ဗီဒီယိုမှတ်တမ်းအား စခရင်ရှော့ယူထားသည့် ဓာတ်ပုံ၌ တွေ့ရစဉ် (ဆင်ဟွာ)

ဗလာဒီဗော့စတော့ခ်၊ ရုရှား၊ စက်တင်ဘာ ၂၀ ရက် (ဆင်ဟွာ)
ရုရှားရေတပ်၏ ပစိဖိတ်စစ်ရေယာဉ်စုမှ နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောနှစ်စင်းမှာ အော့ခို့စ်ပင်လယ်၌ ပြုလုပ်သည့် ရေတပ်စစ်ရေးလေ့ကျင့်မှုအတွင်း ခရုစ်စ်ဒုံးကျည်များကို အောင်မြင်စွာ စမ်းသပ်ပစ်လွှတ်ခဲ့ကြောင်း အဆိုပါ စစ်ရေယာဉ်စုက စက်တင်ဘာ ၁၉ ရက်၌ သတင်းထုတ်ပြန်ခဲ့သည်။
ဘက်စုံသုံး ရေငုပ်သင်္ဘောများဖြစ်သည့် ကရက်စ်နိုယက်စ်ခ်နှင့် အွန့်စ်ခ်တို့က ကီလိုမီတာ ၂၅၀ ကျော်အကွာရှိ ပင်လယ်ပြင်ထဲမှ သတ်မှတ်ထားသော ပစ်မှတ်တစ်ခုအား အိုနစ်ခ်နှင့် ဂရာနစ်အမျိုးအစား ခရုစ်စ်ဒုံးကျည်များဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ပစိဖိတ် စစ်ရေယာဉ်စု၏ ပြန်ကြားရေးအဖွဲ့က ကြေညာချက်ထုတ်ပြန်ခဲ့သည်။
ပစ်လွှတ်လိုက်သော ဒုံးကျည်သုံးစင်းလုံးမှာ ပစ်မှတ်ကို တိုက်ရိုက်ထိမှန်ခဲ့သည်ဟု စောင့်ကြည့်မှတ်တမ်းတင်ထားသော အချက်အလက်များအရ သိရသည်။ ထိုသို့ ဒုံးကျည်များ ပစ်လွှတ်စဉ်အတွင်း စမ်းသပ်နေရာ၌ လုံခြုံမှုရှိစေရန် ပစိဖိတ်စစ်ရေယာဉ်စု၏ ရေပေါ်သွား စစ်သင်္ဘောများနှင့် ရေတပ်လေကြောင်းပြတပ်ဖွဲ့များအား တပ်ဖြန့်ချထားခဲ့သည်။
အဆိုပါ ဒုံးကျည်စမ်းသပ်ပစ်လွှတ်မှုမှာ ရုရှားနိုင်ငံ အရှေ့မြောက်ပိုင်းတွင် ပူးတွဲကွပ်ကဲရေးဌာနချုပ်က စက်တင်ဘာ ၁၂ ရက်ကတည်းက ပြုလုပ်ခဲ့သည့် အမိန့်ပေးကွပ်ကဲရေးဆိုင်ရာ လေ့ကျင့်မှု၏ တစ်စိတ်တစ်ဒေသလည်းဖြစ်သည်။ ထိုစစ်ရေးလေ့ကျင့်မှုများမှာ ပစိဖိတ်သမုဒ္ဒရာ မြောက်ပိုင်းရှိ ပင်လယ်လမ်းကြောင်းများကို ကာကွယ်ရန်နှင့် ကမ်ချတ်ကာကျွန်းဆွယ်၏ ကမ်းရိုးတန်းများ၊ ချူကော့ကာဒေသနှင့် အနီးဝန်းကျင်ရှိ ကျွန်းများကို ကာကွယ်ရန် အဓိကရည်ရွယ်ခြင်းဖြစ်ကြောင်း သိရသည်။
ယင်းစစ်ရေးလေ့ကျင့်မှုအား ရုရှားရေတပ်၏ လေ့ကျင့်ရေးအစီအစဉ်အရ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကာ နွေရာသီကာလ တိုက်ခိုက်ရေးလေ့ကျင့်မှုများ၏ နောက်ဆုံးအဆင့်ဖြစ်ကြောင်း ပစိဖိတ်စစ်ရေယာဉ်စုက သတင်းထုတ်ပြန်ခဲ့သည်။ (Xinhua)
………………
(English Version)
Russian nuclear submarines conduct missile launches in Sea of Okhotsk
VLADIVOSTOK, Russia, Sept. 19 (Xinhua) — Two nuclear-powered submarines of Russia’s Pacific Fleet have successfully launched cruise missiles during naval exercises in the Sea of Okhotsk, the fleet said Friday.
The multi-purpose submarines Krasnoyarsk and Omsk fired Oniks and Granit cruise missiles at a designated sea target located more than 250 kilometers away, the fleet’s press service said in a statement.
The monitoring data showed that all three missiles hit the target directly. Surface ships and naval aviation units of the Pacific Fleet were deployed to secure the test area during the launches.
The missile firing was part of a command-and-staff exercise held by the Joint Command of Forces in Russia’s northeast since Sept. 12. The drills focused on protecting sea lanes in the northern Pacific Ocean as well as defending the coastlines of the Kamchatka and Chukotka regions and nearby island territories.
The fleet said the exercise was conducted under the Russian navy’s training plan and served as the final stage of combat training for the summer period.
English Caption
Screengrab of footage released by the Russian Defense Ministry on March 3, 2023 shows that the Petropavlovsk-Kamchatsky submarine test-launches a Caliber cruise missile in the Sea of Japan.