China
လီချန်နှင့် အမေရိကန် ချစ်ကြည်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေး

နယူးယောက်၊ စက်တင်ဘာ ၂၆ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် လီချန်သည် ဒေသစံတော်ချိန် စက်တင်ဘာ ၂၅ ရက်တွင် နယူးယောက်မြို့၌ အမေရိကန် ချစ်ကြည်ရေးအဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။ အဆိုပါဆွေးနွေးပွဲသို့ အမေရိကန်-တရုတ် ကုန်သွယ်ရေးကောင်စီ၊ အမေရိကန်-တရုတ် ဆက်ဆံရေး ပြည်လုံးဆိုင်ရာကော်မတီ၊ အမေရိကန်ကုန်သည်ကြီးများအသင်း၊ ပြည်ပဆက်ဆံရေးကောင်စီ တို့မှ ကိုယ်စားလှယ်များနှင့် ပညာရှင်များ၊ လုပ်ငန်းတာဝန်ခံများ တက်ရောက်ခဲ့သည်။
ထို့သိုတွေ့ဆုံရာတွင် လီချန်က အမေရိကန်ဘက်လူပုဂ္ဂိုလ်များ၏ ပြောကြားမှုကို လေးနက်စွာ နားဆင်ပြီးနောက် တရုတ်-အမေရိကန် ဆက်ဆံရေးသည် ကမ္ဘာပေါ်ရှိ အရေးကြီးဆုံး နှစ်ဖက်ဆက်ဆံရေးဖြစ်ရာ နှစ်နိုင်ငံအနေဖြင့် မိတ်ဖက်၊ မိတ်ဆွေ ဖြစ်နိုင်သလို ဖြစ်လည်း ဖြစ်သင့်ကြောင်း၊ သမိုင်းကို ပြန်လည်သုံးသပ်လျှင် တရုတ်-အမေရိကန် နှစ်နိုင်ငံ၏ ချစ်ကြည်ရေး ကူးလူးဖလှယ်မှုသည် ပင်မရေစီးကြောင်းနှင့် အလားအလာဖြစ်ကြောင်း၊ အနာဂတ်ကို မျှော်ကြည့်လျှင် တရုတ်-အမေရိကန် နှစ်နိုင်ငံသည် ခေတ်သစ်ကာလအတွက် မှန်ကန်သော ဆက်ဆံရေးလမ်းကြောင်းကို ရှာဖွေကြရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။
သမ္မတ ရှီကျင့်ဖိန် မိန့်ဆိုခဲ့သည့်အတိုင်း ကျယ်ပြန့်လှသော ပစိဖိတ်သမုဒ္ဒရာသည် တရုတ်- အမေရိကန် နှစ်နိုင်ငံနှင့် အခြားနိုင်ငံများကို လက်ခံနိုင်စွမ်းရှိကြောင်း၊ ကမ္ဘာ့အင်အားကြီးနှစ်ရပ် အနေဖြင့် တရုတ်နှင့် အမေရိကန်တို့သည် အပြန်အလှန် လေးစားမှု၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်မှု၊ ပူးပေါင်းဆောင်ရွက်ကာ ဘုံအကျိုးစီးပွား ဖော်ဆောင်မှု ပြုသင့်ပြီး အပြန်အလှန် အောင်မြင်စေခြင်းဖြင့် ဘုံသာယာဝပြောရေးကို အကောင်အထည်ဖော်သင့်ကြောင်း၊ ကုန်သွယ်စီးပွား ဆက်ဆံရေးသည် နှစ်နိုင်ငံဆက်ဆံရေး၏ အရေးပါသော အစိတ်အပိုင်းဖြစ်ကြောင်း၊ တရုတ်-အမေရိကန်နှစ်နိုင်ငံ၏ စျေးကွက် ဖွဲ့စည်းပုံ ကွာခြားမှု ကြီးမားပြီး ထုတ်လုပ်မှုလုပ်ငန်းဖွဲ့စည်းပုံ အပြန်အလှန်ဖြည့်စွက်မှု အားကောင်းကာ နိုင်ငံတကာ ထုတ်လုပ်မှုလုပ်ငန်းကွင်းဆက်တွင် အရေးပါသော နေရာများ ပိုင်ဆိုင်ထားကြောင်း၊ နှစ်ဖက်အနေဖြင့် ကုန်သွယ်စီးပွား ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်လျက် အပြန်အလှန် အကျိုးဖြစ်ထွန်း၍ ဘုံအကျိုးစီးပွားဖော်ဆောင်ပြီး ကမ္ဘာတစ်ဝန်းအား အကျိုးပြုရမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
တရုတ်နိုင်ငံသည် စီးပွားရေးတည်ငြိမ် ကောင်းမွန်စွာ ဖွံ့ဖြိုးတိုးတက်မှုကို ထိန်းသိမ်းရန် ယုံကြည်မှုနှင့် အရည်အချင်းရှိပြီး အမေရိကန်ကုမ္ပဏီလုပ်ငန်းများအပါအဝင် နိုင်ငံအသီးသီးမှ ကုမ္ပဏီလုပ်ငန်းများအတွက် ပိုမိုများပြားသောအခွင့်အလမ်းများ ဖန်တီးပေးနိုင်စွမ်းရှိကြောင်း၊ ပြင်ပပတ်ဝန်းကျင် မည်သို့ပြောင်းလဲသည်ဖြစ်စေ တရုတ်နိုင်ငံသည် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှုအတွက် ပိုမိုများပြားသော တည်ငြိမ်မှုများ ပံ့ပိုးပေးရန် အစွမ်းကုန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း လီချန်က ပြောကြားခဲ့သည်။
ပထမအချက်အနေဖြင့် တရုတ်နိုင်ငံသည် အပြုသဘောဆောင်သော၊ တာဝန်ယူမှုရှိသော သဘောထားကို အစဉ်အမြဲ လက်ကိုင်ထားကာ အမေရိကန်ဘက်နှင့်အတူ တန်းတူညီမျှမှု၊ လေးစားမှုနှင့် အပြန်အလှန်အကျိုးပြုရှိမှု အခြေခံပေါ်တွင် တရုတ်-အမေရိကန် ကုန်သွယ်စီးပွား ဆက်ဆံရေးကို တည်ငြိမ်၍ ပိုမိုကောင်းမွန်စေရန် အတူတကွမြှင့်တင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဒုတိယအချက်အနေဖြင့် တရုတ်နိုင်ငံသည် ဖွံ့ဖြိုးတိုးတက်ရေးကို အစဉ်အမြဲ အာရုံစိုက်ဆောင်ရွက်သွားပြီး ပင်ကို စီးပွားရေးကို တည်ငြိမ်တိုးတက်လာစေရန် တွန်းအားပေးမည်ဖြစ်ကြောင်း၊ တရုတ်စီးပွားရေးတွင် ထူးခြားသော တည်ငြိမ်စွာ လည်ပတ်နိုင်မှုယန္တရားရှိပြီး ဈေးကွက်အလားအလာများ အရှိန်အဟုန်ဖြင့် ဖော်ထုတ်ပေးခြင်း၊ ဆန်းသစ်တီထွင်မှုစွမ်းအား စဉ်ဆက်မပြတ် ထွက်ပေါ်လာခြင်း၊ စီးပွားရေးတက်ကြွမှုများ အဆက်မပြတ် အားကောင်းလာခြင်းများရှိရာ ယင်းသည် ကုမ္ပဏီလုပ်ငန်းများအတွက် ကြီးမားသော မျှော်မှန်းနိုင်သည့် ဖွံ့ဖြိုးတိုးတက်မှုအခွင့်အလမ်းများကို ဆိုလိုကြောင်း၊ တတိယအချက်အနေဖြင့် တရုတ်နိုင်ငံသည် ကတိကဝတ်များကို အစဉ်အမြဲ စောင့်ထိန်းပြီး ပြင်ပတံခါးဖွင့်လှစ်မှု တိုးချဲ့ရေးကို အခိုင်အမာ လက်ကိုင်ထားကာ၊ ၀င်ရောက်ခွင့်များကို ဖြေလျှော့ပေးမှု၊ သွင်းကုန်များ တိုးချဲ့မှုအား စဉ်ဆက်မပြတ် လုပ်ဆောင်ကြောင်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၏ စိုးရိမ်မှုများကို တက်ကြွစွာ တုံ့ပြန်ပေးပြီး လက်တွေ့အခက်အခဲများကို ဖြေရှင်းရန် ကူညီပေးကာ နိုင်ငံအသီးသီးမှ ကုမ္ပဏီလုပ်ငန်းများ တရုတ်နိုင်ငံအတွင်း စိတ်ချလက်ချ လည်ပတ်လုပ်ကိုင်ဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ၎င်းက ထောက်ပြပြောကြားခဲ့သည်။
တရုတ်-အမေရိကန် ဆက်ဆံရေး၏ အခြေခံသည် ပြည်သူ့များကြားတွင် တည်ရှိပြီး ၎င်း ကောင်းမွန်စွာ ဖွံ့ဖြိုးတိုးတက်မှုအတွက် နှစ်နိုင်ငံပြည်သူများ စုပေါင်းအင်အားဖြင့် မြှင့်တင်ရန် လိုအပ်ကြောင်း၊ အမေရိကန်နိုင်ငံ နယ်ပယ်အသီးသီးမှ ပုဂ္ဂိုလ်များအနေဖြင့် ပိုမိုများပြားသော အပြုသဘောဆောင် လှုပ်ရှားမှုဖြင့် နှစ်နိုင်ငံအကြား အပြန်အလှန်နားလည်မှု မြှင့်တင်ရန်၊ နယ်ပယ်အသီးသီးရှိ လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုများ ချဲ့ထွင်ရန်၊ နှစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး မြှင့်တင်ရန်နှင့် နှစ်နိုင်ငံ ချစ်ကြည်ရေး တိုးတက်မှုအတွက် ပိုမိုကြီးမားသော ပံ့ပိုးကူညီမှုများ လုပ်ဆောင်ရန် မျှော်လင့်ကြောင်း လီချန်က အလေးအနက်ထား ပြောကြားခဲ့သည်။
အဆိုပါတွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သော အမေရိကန်ပုဂ္ဂိုလ်များက တရုတ်နိုင်ငံ၏ မကြာသေးမီနှစ်များအတွင်း စီးပွားရေးတိုးတက်မှု၊ သိပ္ပံနည်းပညာဆန်းသစ်တီထွင်မှုနှင့် လူမှုရေးဖွံ့ဖြိုးတိုးတက်မှုစသည့် နယ်ပယ်များတွင် ရရှိခဲ့သော အောင်မြင်မှုများသည် လေးစားချီးကျူးဖွယ်ဖြစ်ကြောင်း၊ အမေရိကန်-တရုတ် ဆက်ဆံရေးသည် နှစ်နိုင်ငံနှင့် သက်ဆိုင်သည်သာမက ကမ္ဘာကြီးအပေါ်တွင်ပါ သက်ရောက်မှုရှိကြောင်း၊ အမေရိကန်နှင့် တရုတ်တို့သည် အဆင့်မြင့်အလွှာ ကူးလူးဆက်ဆံမှုများ ထိန်းသိမ်းရန်၊ ကဏ္ဍအသီးသီးရှိ ဆွေးနွေးပွဲများ တိုးချဲ့ရန်၊ အပြန်အလှန်အကျိုးရှိသော ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရန်၊ လူမှုယဉ်ကျေးမှု ဖလှယ်မှုများ နီးကပ်စေရန်၊ ရေရှည်တည်တံ့သော အမေရိကန်-တရုတ် ဆက်ဆံရေးကို ဖွံ့ဖြိုးတိုးတက်စေရန်၊ နိုင်ငံတကာ အသိုင်းအဝိုင်းအတွက် ပိုမိုများပြားသော သေချာမှုများ ဖြည့်တင်းပေးရန် မျှော်လင့်ကြောင်း၊ အမေရိကန်ကုမ္ပဏီလုပ်ငန်းနယ်ပယ်သည် တရုတ်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအလားအလာကို အကောင်းမြင်ကာ တရုတ်နိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှုများ ဆက်လက်တိုးချဲ့သွားမည်ဖြစ်ပြီး နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ခြင်းနှင့် အပြန်အလှန်နားလည်မှု တိုးတက်စေခြင်းတို့အတွက် ပေါင်းကူးတံတား အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)
……………………..
(Chinese Version)
李强同美国友好团体座谈
新华社纽约9月25日电(记者尚绪谦 徐静)当地时间9月25日,国务院总理李强在纽约同美国友好团体座谈。美中贸易全国委员会、美中关系全国委员会、美国商会、对外关系委员会代表以及学者和企业负责人出席。
李强在认真听取美方人士发言后表示,中美关系是世界上最重要的双边关系,两国可以成为、也应当成为伙伴和朋友。回顾历史,中美两国的友好往来是主流和大势。着眼未来,中美两国需要找到新时期正确相处之道。正如习近平主席所讲,宽广的太平洋可以容纳中美两国和其他国家。中美作为世界两大力量,应当相互尊重、和平共处、合作共赢,在相互成就中实现共同繁荣。经贸关系是两国关系的重要组成部分。中美两国市场结构差异较大、产业结构互补性强,在国际产业链中都占据重要位置,双方加强经贸合作互利共赢,惠及全球。
李强指出,中国有信心有能力保持经济稳定健康发展,为包括美国企业在内的各国企业创造更多机遇。无论外部环境如何变化,中国都将竭尽所能为外资企业发展提供更多确定性。一是中国将始终秉持建设性和负责任态度,同美方在平等、尊重、互惠的基础上,共同促进中美经贸关系企稳向好。二是中国将始终聚焦发展,推动自身经济稳健增长。中国经济有独特的稳定运行机制,市场潜力加速释放、创新动力持续迸发、经济活力不断增强,这对企业意味着巨大的可预期的发展机遇。三是中国将始终信守承诺,坚定不移扩大对外开放,持续放宽准入、扩大进口,积极回应外资企业关切,帮助解决实际困难,让各国企业在中国安心经营发展。
李强强调,中美关系的基础在民间,其健康发展需要两国民间合力推动。希望美国各界人士采取更多积极行动,增进两国相互了解,拓展各领域务实合作,为促进两国发展、增进两国友好作出更大贡献。
与会美方人士表示,中国近年来在经济增长、科技创新、社会发展等领域取得的成就令人钦佩。美中关系关乎两国、影响世界。希望美中保持高层交往,扩大各领域对话,加强互利合作,密切人文交流,发展长期稳定的美中关系,为国际社会注入更多确定性。美国企业界看好中国经济发展前景,将继续扩大在华投资,为促进两国合作、增进相互了解发挥桥梁作用。(完)
图说:当地时间9月25日,国务院总理李强在纽约同美国友好团体座谈。新华社记者 丁海涛 摄