China
ရှီးအန်းဂရင်းပရီတွင် ၁၆ ဦးအဆင့်သို့ Ding တက်ရောက်

ရှီးအန်း၊ အောက်တိုဘာ ၁၀ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ ရှီးအန်းမြို့၌ ဆက်လက်ကျင်းပနေသည့် ရှီးအန်းဂရင်းပရီ ကမ္ဘာ့စနူကာပြိုင်ပွဲတွင် တရုတ်နာမည်ကျော် စနူကာကစားသမား Ding Junhui က အောက်တိုဘာ ၉ ရက်ပွဲစဥ်တွင် လူးဝစ်ဟိသ်ကုတ်ကို ၅-၃ ပွဲဖြင့်အနိုင်ရကာ ၁၆ ဦးအဆင့်သို့ တက်ရောက်သွားခဲ့သည်။
Ding သည် ပထမပွဲစဥ် နှစ်ပွဲတွင် ၅၂ မှတ်နှင့် ၁၀၀ မှတ်များထိုးယူနိုင်ခဲ့ကာ နှစ်ပွဲဆက်တိုက် အနိုင်ရခဲ့သည်။ ထို့နောက် တစ်ပွဲစီအနိုင်ရခဲ့ကြပြီး အနားပေးချိန်ပွဲစဥ်များအပြီးတွင် Ding က ၃-၁ ပွဲရလဒ်ဖြင့် ဦးဆောင်နိုင်ခဲ့သည်။
ပဉ္စမမြောက်ပွဲစဥ်တွင် Ding က အမှတ်များရအောင် ဦးဆောင်ထိုးယူမှုပုံစံဖြင့် ပွဲကိုချဥ်းကပ်ခဲ့သော်လည်း အမှားလုပ်မိခြင်းကြောင့် ဟိသ်ကုတ်ကို အခွင့်အရေးပေးလိုက်ရကာ ဟိသ်ကုတ်ကလည်း ၁၂၁ မှတ်ရအောင်ထိုးပြီး ရှုံးပွဲအရေအတွက်တစ်ပွဲ လျှော့ချနိုင်ခဲ့သည်။ ဆဋ္ဌမမြောက်ပွဲစဥ်တွင် Ding က ၁၂၅ မှတ် ထိုးပြီး ပြန်လည်တုံ့ပြန်အနိုင်ယူခဲ့ကာ ပွဲကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့သည်။ ဟိသ်ကုတ်က သတ္တမမြောက် ပွဲစဥ်တွင် အနိုင်ရခဲ့သေးသော်လည်း Ding က အဋ္ဌမမြောက်ပွဲစဥ်တွင် ၅၀ မှတ်ထိုးကာ ပွဲသိမ်းအနိုင်ယူခဲ့ခြင်းဖြစ်သည်။
“ကျွန်တော့်စိတ်ကြိုက်အခွင့်အရေးအချို့ကို လွဲချော်ခဲ့ပါတယ်။ ဒါပေမဲ့ စနူကာဆိုကတော့ ဒီလိုပါပဲ။ လွယ်လွန်းတဲ့ အခွင့်အရေးကောင်းတောင် ဘယ်လိုလွဲသွားမလည်းဆိုတာကို မှန်းဆလို့ မရပါဘူး”ဟု Ding က ပြောခဲ့သည်။
မွန်းလွဲပိုင်းပွဲစဥ်များအပြီးတွင် ကီရန်ဝီလ်ဆင်က အိမ်ရှင်ကစားသမား Yuan Sijun ကို ၅-၂ ပွဲ ရလဒ်ဖြင့် အနိုင်ယူကာ ၎င်း၏ လက်ရှိချန်ပီယံဆုကိုကာကွယ်နိုင်မည့် နိုင်ပွဲကို ဆက်လက်ရရှိခဲ့သည်။
ဝီလ်ဆင်မှာ အောက်တိုဘာ ၁၀ ရက်၌ ရှောင်မာဖီနှင့် စတုထ္တအဆင့်(၁၆ ဦးအဆင့်) ပွဲစဥ်ကစားရမည် ဖြစ်သည်။
“သေချာပါတယ်။ ချန်ပီယံဆုကာကွယ်သူအဖြစ် ကြေညာပေးလိုက်မှုဟာ ကျွန်တော့်ကို တိုက်ပွဲဝင်စိတ်ဓါတ်ကောင်းတွေအများကြီး ပေးလိုက်တာပဲလို့ ကျွန်တော်ယူဆပါတယ်။ ကျွန်တော့်ရဲ့လက်ရှိချန်ပီယံဆုကို ကာကွယ်ရမယ့်အဖြစ်ကလည်း နှစ်သက်စရာကောင်းမှာပါ” ဟု ဝီလ်ဆင်က ပြောကြားခဲ့သည်။
စတီဖင်မက်ဂွိုင်းယားနှင့် ရင်ဆိုင်ခဲ့ရသည့် ရှည်လျားသော ဆုကြေးစားကစားသမားဘဝတစ်လျောက် ရှုံးပွဲ လေးပွဲသာကြုံတွေ့ခဲ့ဖူးသည့် ရွန်နီအိုဆူလီဗန်မှာ အောက်တိုဘာ ၉ ရက်က ရှီးအန်းဂရင်းပရီ၌ စတီဖင်မက်ဂွိုင်းယားနှင့်ဆုံတွေ့ခဲ့ရာတွင်လည်း “The Rocket” ဟု အမည်တွင်နေသည့် ရွန်နီဆူလီဗန်ကပင် ၎င်း၏ပြိုင်ဘက်ဟောင်းကို လွှမ်းမိုးကစားကာ ၅-၀ ပွဲရလဒ်ဖြင့် အနိုင်ရခဲ့သည်။
“အလွယ်တကူလေး ထိုးနိုင်ဖို့ကတော့ ဒီလို ပွဲမျိုးမှာ မဖြစ်နိုင်ပါဘူး။ ထိုးလို့ ကောင်းနေတဲ့အချိန်မှာ ခင်ဗျား ပျော်ရွှင်ဖို့ပဲ လိုတယ်။ ထိုးလို့ အများကြီး မကောင်းတဲ့အချိန်ကျတော့လည်း လွတ်လွတ်လပ်လပ် ထိုးနိုင်မယ့်အချိန်တွေကို ပြန်ပြီးရယူနိုင်ဖို့ ကြိုးစားရုံသာ ရှိပါတယ်” ဟု အိုဆူလီဗန်က ပြောကြား ခဲ့သည်။
အခြားသော တတိယအဆင့်ပွဲစဥ်များတွင် စတူးဝပ်ဘင်ဂမ်၊ မာ့ခ်ဝီလီယံ၊ ဘယ်ရီဟောကင်းစ်နှင့် ရောဘတ်မီလ်ကင်တို့အားလုံး နိုင်ပွဲကိုယ်စီ ရခဲ့ကြသည်။ တရုတ်နိုင်ငံမှ He Guoqiang ကလည်း ကမ္ဘာ့အဆင့် နံပါတ် ၃ စနူကာကစားသမား နီးလ်ရောဘတ်ဆန်ကို ၅-၄ ပွဲရလဒ်ဖြင့် အံ့အားသင့်ဖွယ်ရာ အနိုင်ရကာ ၁၆ ဦးအဆင့်သို့ တက်ရောက်သွားနိုင်ခဲ့ကြောင်း သိရသည်။ ရှီးအန်းဂရင်းပရီပြိုင်ပွဲမှာ အောက်တိုဘာ ၁၃ ရက်တွင် ကျင်းပပြီးစီးမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)
……………………
(English Version)
Ding reaches last 16 at Xi’an Grand Prix
XI’AN, China, Oct. 9 (Xinhua) — Chinese snooker star Ding Junhui secured his spot in the last 16 at the ongoing World Snooker Xi’an Grand Prix by defeating Louis Heathcote 5-3 on Thursday.
Ding achieved breaks of 52 and 100 to win the first two frames consecutively. The players then won a frame each, with Ding leading 3-1 before the break.
In the fifth frame, Ding took an offensive approach but made an error, allowing Heathcote to reduce the deficit to one frame with a break of 121. Ding responded with a break of 115 in the sixth frame, regaining control of the match. Despite Heathcote’s pursuit in the seventh frame, Ding concluded the match in the eighth frame with a break of 50.
“I performed just so so and missed some chances. But the game is always like this, you can’t predict which easy chance you will miss,” Ding said.
In the afternoon session, Kyren Wilson continued his title defense by overcoming host player Yuan Sijun 5-2, setting up a clash with Shaun Murphy in the fourth round scheduled for Friday.
“Obviously, being announced as the defending champion gives me a lot of good fighting spirit, I think. And it would be lovely to defend my title,” Wilson said.
Facing Stephen Maguire, Ronnie O’Sullivan has only suffered four defeats in their lengthy professional careers, and on Thursday night “the Rocket” dominated his old rival with a resounding 5-0 victory.
“You just can’t take this game for granted. You have to enjoy it while it is good, and when it is not so good, you have to try to get freedom periods,” O’Sullivan said.
Elsewhere, Stuart Bingham, Mark Williams, Barry Hawkins and Robert Milkins all secured victories in the third round. China’s He Guoqiang also reached the last 16 with a stunning 5-4 win over World No. 3 Neil Robertson. The event will conclude on October 13. ■
Photo:
Ding Junhui competes during the 2nd round match between Ding Junhui of China and Zhang Anda of China at the World Snooker Shanghai Masters 2025 in Shanghai, east China, July 29, 2025. (Xinhua/Ding Ting)