Media
တရုတ်နိုင်ငံ၌ အမျိုးသားနေ့နှင့် ဆောင်းဦးလယ်ပွဲတော် အားလပ်ရက်ကာလအတွင်း ခရီးသွားလာသူ အကြိမ်ရေ ၂.၄၃၃ ဘီလီယံဖြင့် စံချိန်သစ်တင်
ပေကျင်း၊ အောက်တိုဘာ ၁၀ ရက် (ဆင်ဟွာ)
ယခုနှစ် တရုတ်အမျိုးသားနေ့နှင့် ဆောင်းဦးလယ်ပွဲတော် အားလပ်ရက်ကာလ (အောက်တိုဘာ ၁ ရက်မှ အောက်တိုဘာ ၈ ရက်) ကာလအတွင်း တရုတ်နိုင်ငံတစ်ဝန်း ဒေသဖြတ်ကျော် သွားလာသူ အကြိမ်ရေသည် ၂.၄၃၃ ဘီလီယံရှိပြီး တစ်နေ့လျှင် ပျမ်းမျှ သွားလာသူအကြိမ်ရေ ၃၀၄ သန်း ရှိသောကြောင့် ၂၀၂၄ ခုနှစ် ကာလတူ နေ့စဉ်ပျမ်းမျှနှုန်းထက် ၆.၃ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း သတင်းထောက်က အောက်တိုဘာ ၉ ရက်တွင် တရုတ်နိုင်ငံ ပို့ဆောင်ရေးဝန်ကြီးဌာနထံမှ သိရသည်။ (Xinhua)
———————-
(Chinese Version)
24.33亿人次!国庆中秋假期我国交通出行人数创历史新高
新华社北京10月9日电(记者叶昊鸣)记者9日从交通运输部获悉,今年国庆中秋假期(10月1日至8日),全社会跨区域人员流动量累计24.33亿人次,日均3.04亿人次,比2024年同期日均同比增长6.3%。