Connect with us

North America

အမေရိကန်နိုင်ငံ တင်နက်ဆီပြည်နယ်တွင် စစ်ဘက်သုံး ပေါက်ကွဲစေသောပစ္စည်း ထုတ်လုပ်ရေးကုမ္ပဏီ ပေါက်ကွဲမှုကြောင့် လူများစွာသေဆုံး သို့မဟုတ် ပျောက်ဆုံးနေ

နယူးယောက်၊ အောက်တိုဘာ ၁၁ ရက် (ဆင်ဟွာ)
အမေရိကန်နိုင်ငံ တင်နက်ဆီပြည်နယ်ရှိ စစ်ဘက်သုံး ပေါက်ကွဲစေသောပစ္စည်းများ ထုတ်လုပ်သည့် ကုမ္ပဏီတွင် အောက်တိုဘာ ၁၀ ရက်က ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ရာ လူများစွာသေဆုံးပြီး လူအများအပြား ပျောက်ဆုံးနေသည်ဟု တာဝန်ရှိသူများက ပြောကြားခဲ့ကြောင်း ဒေသတွင်းမီဒီယာများကဖော်ပြခဲ့သည်။
ပေါက်ကွဲမှုသည် ဒေသစံတော်ချိန် နံနက် ၇:၄၅ နာရီ (၁၂:၄၅ GMT) ဝန်းကျင်တွင် ဖြစ်ပွားခဲ့ကြောင်း ဟမ်းဖရေးခရိုင် ရဲတပ်ဖွဲ့မှ ရဲအရာရှိ Chris Davis က အောက်တိုဘာ ၁၀ ရက် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ “လူတချို့သေဆုံးကြောင်း ကျွန်တော်တို့ အတည်ပြုနိုင်ပါတယ်” ဟု Davis က ပြောကြားခဲ့သည်။
အနည်းဆုံးလူ ၁၃ ဦး ပျောက်ဆုံးနေကြောင်း Hickman ခရိုင်မြို့တော်ဝန် Jim Bates က အေဘီစီ သတင်းကို ပြောကြားခဲ့သည်။
အဆိုပါကုမ္ပဏီ Accurate Energetic Systems LLC သည် တင်နက်ဆီပြည်နယ် နက်ရှ်ဗီးမြို့ အနောက်တောင်ပိုင်းတွင် တည်ရှိပြီး စစ်ဘက်သုံးပေါက်ကွဲစေတတ်သောပစ္စည်းများကို အထူးထုတ်လုပ်ကြောင်း ဟမ်းဖရေးခရိုင် ရဲတပ်ဖွဲ့ရုံးက စီအင်န်အင်န်ကို ပြောကြားခဲ့သည်။
Hickman ခရိုင် အရေးပေါ်ဝန်ဆောင်မှုအဖွဲ့မှ David Stewart က ၎င်းတို့အဖွဲ့အနေဖြင့် ပျက်စီးမှုနှင့် ဒဏ်ရာရရှိမှု အတိုင်းအတာကို စစ်ဆေးအတည်ပြုနိုင်ခြင်းမရှိသေးကြောင်း အောက်တိုဘာ ၁၀ ရက်အစောပိုင်းက စီအင်န်အင်န်ကို ပြောကြားခဲ့သည်။
အခင်းဖြစ်ပွားရာသို့ ဌာနဆိုင်ရာအဖွဲ့အစည်းအများအပြား ရောက်ရှိကာ မီးလောင်မှုကို အကဲဖြတ်ထိန်းချုပ်ရန် လုပ်ဆောင်လျက်ရှိပြီး လက်ရှိအချိန်တွင် ဒုတိယအကြိမ်ပေါက်ကွဲမှုများ ရှိလာမည်ကို စိုးရိမ်ရသောကြောင့် အနီးတစ်ဝိုက်နေရာများသို့ ယာယီဝင်ရောက်ခြင်း မရှိသေးကြောင်း ရဲတပ်ဖွဲ့ရုံးမှပြောကြားခဲ့သည်။
အရက်၊ ဆေးရွက်ကြီး၊ လက်နက်နှင့် ပေါက်ကွဲစေတတ်သောပစ္စည်းများဌာန၊ အမိမြေလုံခြုံရေးဌာနနှင့် တင်နက်ဆီ စုံစမ်းစစ်ဆေးရေးဗျူရိုတို့လည်း အခင်းဖြစ်ပွားရာနေရာတွင် ရောက်ရှိကာ တုံ့ပြန်ဆောင်ရွက်လျက်ရှိကြောင်း Davis က ပြောကြားခဲ့သည်။ (Xinhua)
…………………..
(English Version)
Multiple people dead or missing in military explosives company blast in U.S. Tennessee
NEW YORK, Oct. 10 (Xinhua) — Multiple people were killed and more are unaccounted for after an explosion occurred at a military explosives company in the U.S. state of Tennessee on Friday morning, officials told local media.
The explosion happened around 7:45 a.m. local time (1245 GMT), Humphreys County Sheriff Chris Davis said at a news conference Friday. “We can confirm that we do have some that are deceased,” Davis said.
At least 13 people are unaccounted for, Hickman County Mayor Jim Bates told ABC News.
The company, Accurate Energetic Systems, LLC, is located southwest of Nashville, Tennessee, specializing in the production of military explosives, the Humphreys County Sheriff’s Office told CNN.
David Stewart with Hickman County Emergency Services told CNN earlier Friday that the office could not verify “the extent of damage or injuries.”
Multiple agencies have responded to the scene and are working to assess and contain the fire, but they are currently holding back from the immediate area due to concerns over secondary explosions, the sheriff’s office said.
The Bureau of Alcohol, Tobacco, Firearms and Explosives, Homeland Security and the Tennessee Bureau of Investigation are among the agencies that have responded to the scene, Davis said.