Media
“သင်ရိုးညွှန်းတမ်းပမာ” ငလျင်ဘေးလွတ်ရာ ရွှေ့ပြောင်း၊ တရုတ်နိုင်ငံ ယူနန်ပြည်နယ် လူတျန့်ခရိုင်ရှိ အလယ်တန်းကျောင်းမှ ဆရာ၊ ဆရာမ၊ ကျောင်းသား၊ ကျောင်းသူ ၄,၇၀၀ ဦး ကျော် စာသင်ဆောင်မှ လျင်မြန်စွာ ဘေးကင်းရာ ရွှေ့ပြောင်းခဲ့
ယူနန်၊ အောက်တိုဘာ ၁၃ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကျောင်းထုံးမြို့ လူတျန့်ခရိုင်၌ အောက်တိုဘာလ ၁၁ ရက် နံနက် ၁၁ နာရီ ၁၈ မိနစ်တွင် ပြင်းအား ၄.၈ အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်ခဲ့သည်။ ငလျင်လှုပ်ခတ်စဉ်တွင် လူတျန့်ခရိုင် အမှတ် ၁ အလယ်တန်းကျောင်းမှ ဆရာ၊ ဆရာမ၊ ကျောင်းသား၊ ကျောင်းသူများသည် လျင်မြန်စွာ တုံ့ပြန်ခဲ့ကြပြီး လျင်မြန်စွာ စားပွဲခုံများအောက်၌ အကာအကွယ်ယူခိုလှုံခဲ့ကြသည်။ အခြေအနေ တည်ငြိမ်လာသည်ကို သေချာလေ့လာပြီးနောက် စည်းစနစ်တကျဖြင့် ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ကြရာ ဆရာ၊ ဆရာ၊ ကျောင်းသား၊ ကျောင်းသူပေါင်း ၄,၇၀၀ ဦး အားလုံးသည် အချိန်တိုအတွင်း ဘေးကင်းစွာ ရွှေ့ပြောင်းနိုင်ခဲ့ကြသည်။ (Xinhua)
………………………………….
(Chinese Version)
标题:“教科书式”地震避险疏散!云南鲁甸县一中学4700余名师生迅速安全撤离教学楼
【简介】10月11日11时18分,云南省昭通市鲁甸县发生4.8级地震。地震发生时,鲁甸县第一中学师生快速反应,迅速躲在桌下,确认平稳后有序撤离,4700名师生在短时间内全部安全撤离。