Connect with us

China

တရုတ်စျေးကွက်က ဂျပန်စီးပွားရေးလုပ်ငန်းများအတွက်လွန်စွာအရေးပါနေဆဲဖြစ်ကြောင်း think tank အစီရင်ခံစာ ထောက်ပြ

တရုတ်နိုင်ငံတောင်ပိုင်း ကွမ်တုန်းပြည်နယ် ဟွေ့ကျိုးမြို့တွင် အခြေစိုက်သည့် ဂျပန်နိုင်ငံထုတ် Daikin (Huizhou) လေအေးပေးစက်ကုမ္ပဏီလီမိတက်၏ ကြီးမားသော လေအေးပေးစက်ထုတ်လုပ်မှု ပထမအဆင့် ဖွင့်ပွဲအခမ်းအနားကို ၂၀၂၄ ခုနှစ် အောက်တိုဘာ ၉ ရက်က တွေ့ရစဥ် (ဆင်ဟွာ)

ပေကျင်း၊ အောက်တိုဘာ ၂၃ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံအတွင်း ဂျပန်နိုင်ငံ၏တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုမှာ ပြည်တွင်းပြည်ပအကြောင်းတရားများစွာ ၏ ပေါင်းစပ်ရိုက်ခတ်မှုကြောင့် လွန်ခဲ့သည့်နှစ်က ထပ်မံကျဆင်းခဲ့သော်လည်း တရုတ်စျေးကွက်က ဂျပန်စီးပွားရေးလုပ်ငန်းများအတွက် လွန်စွာအရေးပါနေဆဲဖြစ်ကြောင်း မကြာသေးမီကထုတ်ပြန်ခဲ့သော think tank အစီရင်ခံစာတစ်ရပ်အရသိရသည်။
တရုတ် လူမှုရေးသိပ္ပံအကယ်ဒမီ၊ ဂျပန်နိုင်ငံဆိုင်ရာလေ့လာမှုအင်စတီကျုမှ ၂၀၂၅ ခုနှစ်အတွက် ထုတ်ဝေခဲ့သော ဂျပန်စီးပွားရေးအပြာရောင်စာအုပ် (Blue Book of the Japanese Economy) တွင် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးအခြေအနေအပြောင်းအလဲများကြားမှ ဂျပန်နိုင်ငံ၏စီးပွားရေးအကြောင်းကို အဓိကဗဟိုပြုဖော်ပြထားသည်။
နှစ်နိုင်ငံအကြား ကိုင်းကျွန်းမီ ကျွန်းကိုင်းမီအပြန်အလှန်မှီခိုနေရသောကုန်သွယ်ရေးတွင် မညီမျှမှုများ ကြီးထွားလာစေကာမူ တရုတ်နိုင်ငံနှင့် ဂျပန်နိုင်ငံကြားမှ နှစ်ဦးနှစ်ဖက်ကုန်သွယ်ရေး၏ လိုက်ဖက်ညီ သော သဘောသဘာ၀မှာ ခိုင်မာအားကောင်းနေဆဲဖြစ်ကြောင်း အပြာရောင်စာအုပ်တွင် အလေးထား ဖော်ပြထားသည်။
ကိုယ်ကျိုးစီးပွားကာကွယ်ရေးမူဝါဒ ခေါင်းထောင်ထလာခြင်း၊ ထောက်ပံ့ရေးကွင်းဆက်များ တစ်ပိုင်းတစ်စစီ ကွဲထွက်ခြင်းနှင့် စီးပွားရေးတိုးတက်မှုနှေးကွေးခြင်းကဲ့သို့သော စိန်ခေါ်မှုများကို နှစ်နိုင်ငံစလုံး ရင်ဆိုင်နေရသော်လည်း ယခုနှစ်အတွင်း တရုတ်-ဂျပန် စီးပွားရေးဆိုင်ရာဆက်ဆံမှုများမှာ အဆင့်မြင့် ပူးပေါင်းဆောင်ရွက်မှုအဖြစ်သို့ တိုးတက်ရပ်တည်နိုင်ခဲ့ကြောင်း အစီရင်ခံစာတွင် ဖော်ပြ ထားသည်။ အာရှ-ပစိဖိတ်ဒေသအတွင်း ဒေသဆိုင်ရာ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့် ရပ်ဝန်းနှင့် ပိုးလမ်းမ စီမံကိန်းအောက်တွင် Third-party စျေးကွက်ပူးပေါင်းဆောင်ရွက်မှုများကို နက်ရှိုင်းစွာ ပြုလုပ်ရန်လည်း အဓိကစီးပွားရေးအင်အားကြီး နှစ်နိုင်ငံအား အစီရင်ခံစာတွင် ထည့်သွင်းရေးသား တောင်းဆိုထားသည်။
ထို့အတူ အသက် ၅၀ နှစ်နှင့်အထက်ပြည်သူများအတွက် လိုအပ်သည့်စားသောက်ကုန်၊ ဝန်ဆောင်မှု၊ စီးပွားရေးဆိုင်ရာလှုပ်ရှားမှုများကို ပြည့်မီနိုင်စေမည့် ငွေရောင်စီးပွားရေး (Silver Economy)၊ ကာဗွန်လျှော့ချမှုမဟာဗျူဟာနှင့် ဒစ်ဂျစ်တယ်စီးပွားရေးကဲ့သို့သောနယ်ပယ်ကဏ္ဍများတွင် နှစ်နိုင်ငံ စလုံး၏ ဖွဲ့စည်းတည်ဆောက်ပုံဆိုင်ရာ လိုက်ဖက်ညီမှုကိုအသုံးချခြင်းဖြင့် တရုတ်နိုင်ငံနှင့် ဂျပန်နိုင်ငံ နှစ်နိုင်ငံစလုံးအတွက် စွမ်းဆောင်နိုင်မှုအလားအလာကို စုပေါင်းညှိနှိုင်းဆောင်ရွက်မှုအကျိုးရလဒ်အဖြစ် ဖော်ထုတ်ရန်လည်း အစီရင်ခံစာက ထောက်ပြထားသည်။
အစီရင်ခံစာကို ခြုံငုံသုံးသပ်ကြည့်ပါက ဂျပန်နိုင်ငံ၏ မက်ခရိုစီးပွားရေး (macroeconomic) စွမ်းဆောင်မှု၊ အဓိကကျသော စီးပွားရေးမူဝါဒဆိုင်ရာဦးစားပေးသတ်မှတ်ချက်များနှင့် အနာဂတ်စီးပွားရေးလားရာများကို စနစ်တကျခွဲခြမ်းစိတ်ဖြာလေ့လာထားကာ ခန့်မှန်းသုံးသပ်မှုတစ်ခုပြုလုပ်နိုင်ရန် ဖော်ပြထားခြင်းကို တွေ့ရသည်။ (Xinhua)
…………………
(English Version)
Chinese market remains critical to Japanese enterprises: report
BEIJING, Oct. 22 (Xinhua)
The Chinese market remains critical for Japanese enterprises, even after Japan’s direct investment in China fell further last year due to a mix of internal and external factors, according to a recent think tank report.
Issued by the Chinese Academy of Social Sciences’ Institute of Japanese Studies, the 2025 edition of the “Blue Book of the Japanese Economy” centers on the Japanese economy in a changing global economic situation.
The blue book notes that in 2024, the complementary nature of bilateral trade between China and Japan remained strong despite growing asymmetry in trade interdependence between the two countries.
This year, China-Japan economic relations stand to advance cooperation, though they face challenges such as rising protectionism, fragmented supply chains and sluggish economic growth, according to the report.
It calls for the two major economies to deepen regional economic cooperation in the Asia-Pacific and third-party market collaboration under the Belt and Road Initiative.
It also points to the potential for China and Japan to tap into synergies by leveraging their structural complementarity in such areas as the “silver economy,” carbon-reduction strategy and the digital economy.
Overall, the report offers a systematic analysis and outlook on Japan’s macroeconomic performance, key economic policy priorities and future economic trends. ■
Photo:

A ceremony of the initial phase of a massive air conditioner production base of Janpan’s Daikin Air Conditioning (Huizhou) Co., Ltd. is held in Huizhou, south China’s Guangdong Province, Oct. 9, 2024. (Xinhua)