International Organizations
အယ်လ်ကလက်စီကိုပွဲစဉ်တွင် ရီးရဲလ်မက်ဒရစ် အနိုင်ရ၊ ဗယ်လက်ကာနိုနှင့် ဆယ်လ်တာဗီဂိုတို့လည်း လာလီဂါတွင် နိုင်ပွဲရရှိ
မက်ဒရစ်၊ အောက်တိုဘာ ၂၇ ရက် (ဆင်ဟွာ)
အောက်တိုဘာ ၂၆ ရက် ညပိုင်းက ယှဉ်ပြိုင်ကစားခဲ့သည့် အယ်လ်ကလက်စီကိုပွဲစဉ်တွင် ရီးရဲလ်မက်ဒရစ်က ဘာစီလိုနာကို ၂-၁ ဂိုးဖြင့် အနိုင်ရခဲ့ပြီး အမှတ်ပေးဇယားထိပ်ဆုံးတွင် ငါးမှတ်ဖြတ်၍ ဦးဆောင်လျက်ရှိသည်။
ကီလီယန် အမ်ဘာပေနှင့် ဂျုဒ် ဘယ်လင်ဟမ်တို့၏ ပထမပိုင်း သွင်းဂိုးများဖြင့် ရီးရဲလ်က အနိုင်ရရှိခဲ့ခြင်းဖြစ်ကာ ဘာစီလိုနာအတွက် ချေပဂိုးကိုမူ ဖာမင် လိုပက်ဇ်က သွင်းယူခဲ့သည်။
ဘယ်လင်ဟမ် အနိုင်ဂိုးမသွင်းယူမီ ကစားကွက်တည်ဆောက်စဉ်အတွင်း ဒင်းဟွေဆန် တံတောင်ဖြင့်ရိုက်မိဖွယ် ရှိသည့်အတွက် ဘာစီလိုနာက ပြစ်ဒဏ်ဘောအဖြစ် သတ်မှတ်ရန် တောင်းဆိုခဲ့သည်။ သို့သော် အမ်ဘာပေမှာ ဒုတိယပိုင်းတွင် အနိုင်ရလဒ် ပိုမိုပြတ်သားစေမည့် အခွင့်အရေးအဖြစ် ပင်နယ်တီကန်သွင်းခွင့် ရခဲ့သော်လည်း ဘာစီလိုနာဂိုးသမားက ကာကွယ်နိုင်ခဲ့သည်။
ဘာစီလိုနာအသင်းဘက်တွင် ရာဖင်ညာနှင့် ရောဘတ် လီဝန်ဒေါစကီးတို့ ပါဝင်နိုင်ခြင်းမရှိသလို လာမင်း ယမားလ်မှာလည်း ၎င်း၏ အကောင်းဆုံးခြေစွမ်းကို ပြသနိုင်ခြင်း မရှိသည့်အတွက် ဂိုးသွင်းခွင့်များဖန်တီးနိုင်ရန် ရုန်းကန်ခဲ့ရသည်။ ပက်ဒရီမှာလည်း နာကျင်အချိန်ပိုတွင် နှစ်ဝါတစ်နီဖြင့် ထုတ်ပယ်ခံခဲ့ရသည်။
ရာယို ဗယ်လက်ကာနိုက ဒီပေါ်တီဗို အလာဗက်စ်ကို အိမ်ကွင်း၌ ၁-၀ ဂိုးဖြင့် အနိုင်ယူကာ သုံးမှတ်ရရှိခဲ့ပြီး ဗယ်လက်ကာနိုအတွက် အနိုင်ဂိုးကို နာကျင်အချိန်ပို တစ်မိနစ်တွင် အလီမာအိုက ဒိုင်ဗင်ထိုး၍ ခေါင်းတိုက်သွင်းယူခဲ့ခြင်းဖြစ်သည်။
ဆယ်လ်တာဗီဂိုကလည်း အိုဆာဆူနာကို အဝေးကွင်း၌ ၃-၂ ဂိုးဖြင့် အနိုင်ရခဲ့ပြီး ယခုရာသီတွင် ပထမဆုံးနိုင်ပွဲကို ရယူနိုင်ခဲ့ကာ ဖယ်ရန် ဂျက်ဂလာက ဆယ်လ်တာအတွက် နှစ်ဂိုးသွင်းယူခဲ့သလို အန်တေ ဘူဒီမီယာကလည်း အိုဆာဆူနာအတွက် နှစ်ဂိုးသွင်းယူခဲ့သည်။
ဘူဒီမီယာမှာ ပွဲချိန် ၇၈ မိနစ်တွင် အိုဆာဆူနာအား ၃-၂ ဂိုးဖြင့် ဦးဆောင်နိုင်မည့် အခွင့်အရေးရခဲ့သော်လည်း ၎င်း၏ပင်နယ်တီကန်ချက်မှာ ဂိုးဘားတန်းနှင့်ထိမှန်ခဲ့သည်။ ထို့နောက် ပွဲချိန် ၈၇ မိနစ်တွင် အီယာဂို အက်စ်ပက်စ်၏ ပေးပို့မှုမှတစ်ဆင့် ပတ်ဘလို ဒူရန်က ဆယ်လ်တာအတွက် အနိုင်ဂိုးသွင်းယူခဲ့သည်။
မာယော့ကာနှင့် လီဗန်တေးအသင်းတို့၏ ပွဲစဉ်မှာမူ တစ်ဖက်တစ်ဂိုးစီ သရေကျခဲ့ပြီး Etta Eyong က လီဗန်တေးအတွက် ဦးဆောင်ဂိုးသွင်းယူခဲ့သော်လည်း ပွဲချိန် ၇၉ မိနစ်တွင် ပတ်ဘလို မတ်ဖီယိုက မာယော့ကာအတွက် ချေပဂိုးသွင်းယူခဲ့သည်။ (Xinhua)

စပိန်နိုင်ငံ မက်ဒရစ်မြို့ရှိ ဆန်တီယာဂို ဘာနေဗျူး အားကစားကွင်း၌ ၂၀၂၅ ခုနှစ် အောက်တိုဘာ ၂၆ ရက်က ရီးရဲလ်မက်ဒရစ်အသင်းနှင့် ဘာစီလိုနာအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့သည့် လာလီဂါပွဲစဉ်တွင် ရီးရဲလ်မက်ဒရစ်အသင်းမှ အယ်လ်ဗာရို ကာရဲရက်စ် (ယာ) နှင့် ဘာစီလိုနာအသင်းမှ လာမင်း ယမားလ်တို့ ဘောလုံးယှဉ်လုနေစဉ် (ဆင်ဟွာ)

စပိန်နိုင်ငံ မက်ဒရစ်မြို့ရှိ ဆန်တီယာဂို ဘာနေဗျူး အားကစားကွင်း၌ ၂၀၂၅ ခုနှစ် အောက်တိုဘာ ၂၆ ရက်က ရီးရဲလ်မက်ဒရစ်အသင်းနှင့် ဘာစီလိုနာအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့သည့် လာလီဂါပွဲစဉ်တွင် ရီးရဲလ်မက်ဒရစ်အသင်းမှ ဂျုဒ် ဘယ်လင်ဟမ် (ယာ) ဂိုးသွင်းယူနေပုံကို တွေ့ရစဉ် (ဆင်ဟွာ)

စပိန်နိုင်ငံ မက်ဒရစ်မြို့ရှိ ဆန်တီယာဂို ဘာနေဗျူး အားကစားကွင်း၌ ၂၀၂၅ ခုနှစ် အောက်တိုဘာ ၂၆ ရက်က ရီးရဲလ်မက်ဒရစ်အသင်းနှင့် ဘာစီလိုနာအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့သည့် လာလီဂါပွဲစဉ်မတိုင်မီ အသင်းလိုက်ဓာတ်ပုံရိုက်နေသည့် ရီးရဲလ်မက်ဒရစ် ကစားသမားများအား တွေ့ရစဉ် (ဆင်ဟွာ)



……………
(English Version)
Real Madrid wins Clasico, Rayo and Celta also triumph in La Liga
MADRID, Oct. 26 (Xinhua) — Real Madrid moved five points clear at the top of La Liga with a 2-1 home win over FC Barcelona on Sunday.
First-half goals from Kylian Mbappe and Jude Bellingham secured the victory, while Fermin Lopez scored for Barcelona.
Barcelona argued for a foul for a possible elbow by Dean Huijsen in the buildup before Bellingham tapped in the winner, but Mbappe had a chance to make the result more secure when his second-half penalty was saved.
Barcelona struggled to create chances without Raphinha and Robert Lewandowski, and with Lamine Yamal below his best. Pedri was sent off for two yellow cards in stoppage time.
Rayo Vallecano also took three points with a 1-0 home win over Deportivo Alaves thanks to Alemao’s diving header in the first minute of added time.
Celta claimed its first win of the season with a 3-2 victory away to Osasuna, with Ferran Jutgla scoring twice for Celta and Ante Budimir netting twice for Osasuna.
Budimir had a chance to put Osasuna 3-2 up in the 78th minute but hit his penalty against the bar. Pablo Duran scored Celta’s winner after a pass from Iago Aspas in the 87th minute.
Mallorca and Levante drew 1-1, with Etta Eyong extending his scoring run for Levante and Pablo Maffeo equalizing for Mallorca in the 79th minute.
English Caption 1
Kylian Mbappe (C) of Real Madrid celebrates with teammates after scoring during the La Liga football match between Real Madrid and FC Barcelona at Santiago Bernabeu Stadium in Madrid, Spain, on Oct. 26, 2025. (Photo by Gustavo Valiente/Xinhua)
English Caption 2
Alvaro Carreras (R) of Real Madrid vies with Lamine Yamal of Barcelona during the La Liga football match between Real Madrid and FC Barcelona at Santiago Bernabeu Stadium in Madrid, Spain, on Oct. 26, 2025. (Photo by Gustavo Valiente/Xinhua)
English Caption 3
Jude Bellingham (R) of Real Madrid scores during the La Liga football match between Real Madrid and FC Barcelona at Santiago Bernabeu Stadium in Madrid, Spain, on Oct. 26, 2025. (Photo by Gustavo Valiente/Xinhua)
English Caption 4
Starting players of Real Madrid pose for a group photo before during the La Liga football match between Real Madrid and FC Barcelona at Santiago Bernabeu Stadium in Madrid, Spain, on Oct. 26, 2025. (Photo by Gustavo Valiente/Xinhua)
