Connect with us

International Organizations

UIPM အတားအဆီးဖြတ်ကျော်ပြေး ကမ္ဘာ့ချန်ပီယံရှစ်ပြိုင်ပွဲ ပေကျင်း၌ ကျင်းပပြီးစီး၊ မီတာ ၃,၀၀၀ အဖွဲ့လိုက် ချန်ပီယံဆုကို အီတလီ ဆွတ်ခူး

တရုတ်နိုင်ငံ မြို့တော်ပေကျင်း၌ UIPM အတားအဆီးဖြတ်ကျော်ပြေး ကမ္ဘာ့ချန်ပီယံရှစ်ပြိုင်ပွဲအတွင်း မီတာ ၃,၀၀၀ အဖွဲ့လိုက်ပြေးပွဲ၌ ယှဉ်ပြိုင်နေသည့် အားကစားသမားများကို ၂၀၂၅ ခုနှစ် အောက်တိုဘာ ၂၆ ရက်က တွေ့ရစဉ် (ဓာတ်ပုံ - courtesy of the Organizing Committee)

ပေကျင်း၊ အောက်တိုဘာ ၂၇ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ မြို့တော်ပေကျင်း၌ ၂၀၂၅ ခုနှစ် UIPM အတားအဆီးဖြတ်ကျော်ပြေး ကမ္ဘာ့ချန်ပီယံရှစ်ပြိုင်ပွဲ၏ နောက်ဆုံးပြိုင်ပွဲဖြစ်သည့် အောက်တိုဘာ ၂၆ ရက်၌ ကျင်းပခဲ့သော မီတာ ၃,၀၀၀ အဖွဲ့လိုက်ပြေးပွဲတွင် အီတလီအဖွဲ့က ရွှေတံဆိပ်ဆု ရရှိခဲ့ပြီး လေးရက်ကြာကျင်းပခဲ့သည့် အဆိုပါပြိုင်ပွဲအား ပြီးစီးစေခဲ့သည်။
အဖွဲ့လိုက်ပြိုင်ပွဲ၌ အဖွဲ့တစ်ဖွဲ့စီတွင် အားကစားသမားသုံးဦး ပါဝင်ပြီး အသက် သို့မဟုတ် နယ်နိမိတ်အပိုင်းအခြား ကန့်သတ်ချက်များ မရှိသော်လည်း တစ်ဖွဲ့စီ၌ လိင်မတူသည့် အဖွဲ့ဝင်တစ်ဦးထက်မနည်း ပါဝင်ရန် သတ်မှတ်ထားသည်။
မီတာ ၁၀၀ နှင့် မီတာ ၄၀၀ ပြေးပွဲများနှင့်မတူဘဲ မီတာ ၃,၀၀၀ ပြေးပွဲကို အမျိုးသားအိုလံပစ်အားကစားစင်တာအတွင်းရှိ မြို့ပြကွင်း၌ ပြုလုပ်ခဲ့ပြီး အတားအဆီး ၁၂ စုံ ထည့်သွင်းထားသော မီတာ ၁၀၀ နှင့် မီတာ ၄၀၀ ပြေးပွဲများထက် ပို၍ အတားအဆီးပေါင်း ၂၀ ထည့်သွင်းခဲ့သည်။ အဖွဲ့လိုက်ပြိုင်ပွဲတွင် သတ်မှတ်ထားသော အတားအဆီးများအား ကျော်လွှားရာ၌ အားကစားသမားများအား တစ်ဦးနှင့်တစ်ဦး ကူညီခွင့်ပေးခဲ့သည်။
ထိုမီတာ ၃,၀၀၀ အဖွဲ့လိုက်ပြေးပွဲ၌ အီတလီအဖွဲ့က ပန်းဝင်ချိန် ၃၈:၀၁ မိနစ်ဖြင့် ရွှေတံဆိပ်ဆုကို ရရှိခဲ့ပြီး ဒိန်းမတ်-နယ်သာလန် ပူးတွဲအဖွဲ့က ပန်းဝင်ချိန် ၃၈:၃၄ မိနစ်ဖြင့် ငွေတံဆိပ်ဆု ရရှိခဲ့ကြောင်း သိရသည်။ (Xinhua)

တရုတ်နိုင်ငံ မြို့တော်ပေကျင်း၌ ၂၀၂၅ ခုနှစ် UIPM အတားအဆီးဖြတ်ကျော်ပြေး ကမ္ဘာ့ချန်ပီယံရှစ်ပြိုင်ပွဲအတွင်း မီတာ ၃,၀၀၀ အဖွဲ့လိုက်ပြေးပွဲ၌ ယှဉ်ပြိုင်နေသည့် ပိုလန်အဖွဲ့မှ Katarzyna Jonacyzk (ယာ) ကို ၂၀၂၅ ခုနှစ် အောက်တိုဘာ ၂၆ ရက်က တွေ့ရစဉ် (ဓာတ်ပုံ -courtesy of the Organizing Committee)

………………….
(English Version)
Italy wins 3,000m team title as UIPM Obstacle World Championships conclude in Beijing
BEIJING, Oct. 26 (Xinhua) — Italy clinched the gold medal in the 3,000m team obstacle course racing – the final event of the 2025 UIPM Obstacle World Championships – in Beijing on Sunday, marking the end of the four-day competition.
Each team in the event consisted of three athletes, with no age or division restrictions but at least one member of a different gender. A total of 23 teams participated this year.
Unlike the 100m and 400m events, the 3,000m event is held on an urban course inside the National Olympic Sports Center, featuring 20 obstacles – more than the 12 set in the shorter-distance events. In the team competition, athletes are allowed to assist one another while overcoming designated obstacles.
Italy claimed the gold medal in 38:01, followed by the Denmark-Netherlands joint team in 38:34. ■
English Caption 1
Athletes compete in the 3,000m team event during the 2025 UIPM Obstacle World Championships in Beijing, China, on Oct. 26, 2025. (Photo courtesy of the Organizing Committee)
English Caption 2
Poland’s Katarzyna Jonacyzk (right) competes in the 3,000m team event during the 2025 UIPM Obstacle World Championships in Beijing, China, on Oct. 26, 2025. (Photo courtesy of the Organizing Committee)