Connect with us

North America

ပေါ့ပေါ့ပါးပါးအားကစားလှုပ်ရှားမှုကို စွဲမြဲစွာ လုပ်ဆောင်ခြင်းက အယ်လ်ဇိုင်းမားရောဂါကို ကာကွယ်နိုင်

ဘယ်လ်ဂျီယမ်နိုင်ငံ ဘရပ်ဆဲလ်မြို့၌ တိရစ္ဆာန်ချစ်မြတ်နိုးသူတစ်ဦးက ၎င်း၏ အချစ်တော်ခွေးလေးနှင့်အတူ ပြေးနေသည်ကို ၂၀၂၅ ခုနှစ် စက်တင်ဘာ ၁၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ) ပုံစာ ၂ - တရုတ်နိုင်ငံ ကွေ့ကျိုးပြည်နယ် ကွေ့ယန်မြို့ ကွမ်ဆန်းဟူခရိုင် စွတ်ကျိချိန်လမ်းမရှိ ကွမ်းဆန်းလူနေရပ်ကွက်တွင် သက်ကြီးသူများက သက်ကြီးတက္ကသိုလ်အတွင်း အကလေ့ကျင့်သင်ယူနေသည်ကို ၂၀၂၅ ခုနှစ် အောက်တိုဘာ ၂၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ နိုဝင်ဘာ ၁၀ ရက် (ဆင်ဟွာ)

အယ်လ်ဇိုင်းမားရောဂါအား ကာကွယ်ရာတွင် လျှောက်လှမ်းသည့် ခြေလှမ်းတိုင်းက အကျိုးရှိပေသည်။ သုတေသနပြုလုပ်မှုအသစ်တစ်ခုအရ ဦးနှောက်တွင် အယ်လ်ဇိုင်းမားရောဂါဓာတ်များ စတင်ပေါ်ထွက်နေပြီ ဖြစ်သော်လည်း အသိဉာဏ်ပိုင်းဆိုင်ရာ ပြဿနာ မပေါ်ထွက်သေးသည့် သက်ကြီးသူများအတွက်ဆိုရလျှင် နေ့စဉ် ခြေလှမ်း ၃,၀၀၀ မှ ၅,၀၀၀ လျှောက်လှမ်းရုံဖြင့် အသိဉာဏ်ကျဆင်းမှုကို နှေးကွေးစေနိုင်ကြောင်း တွေ့ရှိရသည်။

အမေရိကန် ဟားဗက်တက္ကသိုလ် ဆေးပညာကျောင်း၊ ဩစတြေးလျနိုင်ငံ မဲလ်ဘုန်းတက္ကသိုလ် စသည့် အဖွဲ့အစည်းများမှ သုတေသီများက ဗြိတိန်နိုင်ငံ “Nature Medicine” ဂျာနယ်တွင် ထုတ်ပြန်ထားသည့် စာတမ်းအရ နေ့စဉ် ခြေလှမ်း ၃,၀၀၀ မှ ၅,၀၀၀ အထိ အားကစားလှုပ်ရှားမှုပမာဏသည် အသိဉာဏ်ကျဆင်းမှုကို ပျမ်းမျှ ၃ နှစ် နှေးကွေးသွားစေနိုင်ကြောင်း၊ အခြေအနေချင်းအလားတူသော်လည်း နေ့စဉ် ခြေလှမ်းအရေအတွက် ၅,၀၀၀ မှ ၇,၅၀၀ အထိ ရှိသည့်အုပ်စုကမူ အသိဉာဏ်ကျဆင်းမှုသည် ပျမ်းမျှ ၇ နှစ်အထိ နှေးကွေးသွားကြောင်း၊ ယခုအကြိမ် သုတေသနပြုလုပ်မှုရလဒ်အရ အားကစားလှုပ်ရှားမှု အနည်းငယ်လုပ်ဆောင်ခြင်းသည်လည်း အကျိုးရှိစေကြောင်း၊ ယင်းသည် ကြာရှည်စွာထိုင်ရသော သက်ကြီးသူအုပ်စုအတွက် ပိုမိုလွယ်ကူစွာလုပ်ဆောင်နိုင်သည့် ရည်မှန်းချက်တစ်ခု ပံ့ပိုးပေးလိုက်နိုင်ကြောင်း ဖော်ပြထားသည်။

သုတေသနအဖွဲ့သည် “ဟားဗက် စွမ်းရည်ကျဆင်းသော ဦးနှောက်အား သုတေသနပြုလုပ်မှု” အစီအစဉ်၌ ပါဝင်သည့် စမ်းသပ်ခံသူ ၂၉၆ ဦးကို ပုံမှန်စမ်းသပ်မှု လုပ်ဆောင်ခဲ့သည်။ စမ်းသပ်ခံသူအားလုံးသည် သုတေသနပြုလုပ်သည့် အစောပိုင်းကာလတွင် အသိဉာဏ်ဆိုင်ရာ အခက်အခဲများ မရှိခဲ့ပေ။ ၁၄ နှစ်ကြာ သုတေသနပြုလုပ်သည့်ကာလအတွင်း ၎င်းအဖွဲ့သည် အသိဉာဏ်စမ်းသပ်မှုနှင့် ဦးနှောက်စကင်ဖတ်မှုတို့ဖြင့် အသက် ၅၀ မှ ၉၀ ကြားရှိ စမ်းသပ်ခံသူများအား အချိန်ကာလအလိုက် အကဲဖြတ်သုံးသပ်မှု လုပ်ဆောင်ခဲ့ပြီး ၎င်းတို့ကို ခြေလှမ်းတွက်ချက်စက် ဝတ်ဆင်ကာ နေ့စဉ်ခြေလှမ်းအရေအတွက်အား မှတ်တမ်းတင်ခိုင်းခဲ့သည်။

အယ်လ်ဇိုင်းမားရောဂါ ဖြစ်ပွားရန် အန္တရာယ်မြင့်မားသူအုပ်စု၏ ဦးနှောက်ထဲတွင် beta-amyloid နှင့် tau ပရိုတင်း ပုံမှန်မဟုတ်သော စုပုံမှုများ မကြာခဏဖြစ်ပွားလေ့ရှိကြောင်း၊ beta-amyloid အဆင့်သည် ရှေးဦးစွာမြင့်တက်ပြီး နောက်ပိုင်းမှ tau ပရိုတင်းဓာတ်များ မြင့်တက်လာကြောင်း သိရသည်။
ကြာရှည်စွာထိုင်ပြီး မလှုပ်ရှားသော ပါဝင်သူများနှင့် နှိုင်းယှဉ်ပါက သုတေသနပြုလုပ်မှု ကနဦးကာလတွင်း ဦးနှောက်အတွင်းရှိ beta-amyloid အဆင့်မြင့်သော (ရောဂါဖြစ်ပွားရန် အန္တရာယ်များသော) စမ်းသပ်ခံသူများက နေ့စဉ် ခြေလှမ်း ၃,၀၀၀ မှ ၇,၅၀၀ အထိ လျှောက်လှမ်းခြင်းဖြင့် အသိဉာဏ်ကျဆင်းမှုကို ပျမ်းမျှ ၃ နှစ်မှ ၇ နှစ်အထိ နှေးကွေးသွားစေသည်ဟု ရလဒ်များက ဖော်ပြထားသည်။ ဦးနှောက်စကင်ဖတ်မှုအရ အတိုင်းအတာအသင့်အတင့်ရှိသည့် အားကစားပြုလုပ်ခြင်းသည် beta-amyloid စုပုံမှုအား တိုက်ရိုက်လျှော့နည်းသွားစေခြင်း မရှိဘဲ ပိုမိုဖျက်ဆီးအားရှိသော tau ပရိုတင်းစုပုံမှုကို ထူးခြားစွာ အတိုက်အခံဖြစ်စေခြင်းကြောင့် ထိုမှတစ်ဆင့် အသိဉာဏ်ကျဆင်းမှုကို နှေးကွေးသွားစေခြင်းဖြစ်သည်ကို တွေ့ရှိရသည်။

အားကစားလှုပ်ရှားမှုနည်းပါးမှု၊ beta-amyloid အဆင့်မြင့်မှုတို့ တစ်ပြိုင်နက်တည်းရှိ‌သော လူအုပ်စု၏ အသိဉာဏ်ကျဆင်းမှု အန္တရာယ်သည် အမြင့်ဆုံးဖြစ်ကြောင်း၊ ထိုအုပ်စုလူများသည် အချိန်နှင့်အမျှ အသိဉာဏ်ရည်ကျဆင်းလာနိုင်ခြေ အရှိဆုံးဖြစ်သောကြောင့် တားဆီးမှုလိုအပ်သော၊ အချိန်ကြာမြင့်စွာထိုင်နေမှုကို ရှောင်ကြဉ်ရမည်ဖြစ်သော အရေးကြီးပစ်မှတ်အုပ်စုဖြစ်ကြောင်း နေ့စဉ်အားကစား အသင့်အတင့်လှုပ်ရှားခြင်းဖြင့် ရောဂါအခြေအနေပြင်းထန်လာမှုကို လျှော့ချနိုင်ကြောင်း သုတေသီများက အသိပေးထားသည်။ (Xinhua)

——————
(Chinese Version)
科普|坚持轻度运动即可预防阿尔茨海默病
新华社华盛顿11月10日电 在预防阿尔茨海默病方面,每走一步都有益。一项新研究发现,对于大脑已开始出现该疾病的分子迹象但尚未表现出认知问题的老年人而言,每天仅需行走3000至5000步就有助于延缓智力衰退。
美国哈佛大学医学院、澳大利亚墨尔本大学等机构的研究人员在英国《自然·医学》杂志上发表论文说,每日3000至5000步这一运动量平均可延缓认知衰退3年;而情况相似但每日步数达到5000至7500步的群体,认知衰退更是平均延缓了7年。此次研究结果表明,即使少量运动也能带来益处,这可能为久坐的老年群体提供一个更易实现的目标。
研究团队对参与“哈佛衰老脑研究”项目的296名受试者进行了定期测试。所有受试者在研究初期均无认知障碍迹象。在长达14年的研究期间,团队通过认知测试和脑部扫描对50至90岁的受试者进行周期性评估,并要求他们佩戴计步器记录每日步数。
阿尔茨海默病高风险人群的大脑通常会出现贝塔淀粉样蛋白和tau蛋白两种蛋白质的异常堆积。贝塔淀粉样蛋白水平会首先上升,随后tau蛋白水平上升。
结果显示,与久坐不动的参与者相比,研究初始时大脑中贝塔淀粉样蛋白水平高(患病风险大)的受试者,每日步行3000至7500步可使认知衰退平均延缓3至7年。脑部扫描发现,一定强度的运动并不能直接减缓贝塔淀粉样蛋白的堆积,而是特异性地对抗更具破坏性的tau蛋白积聚,从而延缓认知衰退。
研究人员提示,同时具有低运动量和高贝塔淀粉样蛋白水平的人群面临的认知衰退风险最高,这类人最可能随着时间推移出现认知能力下降,因此是需要干预、避免久坐的重要目标群体,可以通过适度的日常锻炼来减缓病情进展。(完)
1、9月14日,在比利时布鲁塞尔,一名宠物爱好者携带爱犬参加狗狗越野跑。新华社记者 吕优 摄
2、10月28日,在贵州省贵阳市观山湖区世纪城街道观山小区,老年人在老年大学内学习跳舞。新华社记者 刘续 摄