North America
အမေရိကန်၏ စစ်ရေးဝင်ရောက်စွက်ဖက်မှု မည်သည့်ပုံစံကိုမဆို လက်မခံကြောင်း မက္ကဆီကို သမ္မတ ဆို
မက္ကဆီကိုစီးတီး၊ နိုဝင်ဘာ ၂၀ ရက် (ဆင်ဟွာ)
အမေရိကန် သမ္မတ ထရမ့်၏ မကြာသေးမီရက်က မက္ကဆီကိုနှင့် ပတ်သက်သည့် ပြောဆိုချက်များနှင့် စပ်လျဉ်း၍ မက္ကဆီကို သမ္မတ Sheinbaum Pardo က မက္ကဆီကိုနိုင်ငံအနေဖြင့် မည်သည့်နိုင်ငံ၏ မည်သည့်ပုံစံဖြင့် စစ်ရေးဝင်ရောက်စွက်ဖက်ခြင်းကိုမျှ လက်မခံကြောင်း ပြောကြားခဲ့သည်။ မက္ကဆီကို-အမေရိကန် နှစ်နိုင်ငံဆက်ဆံရေးသည် အပြန်အလှန်လေးစားမှုနှင့် အချုပ်အခြာအာဏာတန်းတူညီမှုအခြေခံပေါ်တွင် တည်ဆောက်သင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
Sheinbaum က ၎င်းနှင့် ထရမ့်သည် ယင်းမတိုင်မီ အကြိမ်များစွာ ဖုန်းဖြင့် ဆက်သွယ်ခဲ့ကြောင်း၊ ထရမ့်ဘက်မှ ရာဇဝတ်ဂိုဏ်းများအား ကူညီတိုက်ဖျက်ရန် မက္ကဆီကိုထံ အမေရိကန်စစ်တပ်စေလွှတ်ရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့သည်ဟု ပုံမှန်သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောကြားခဲ့သည်။ အမေရိကန်ဘက်မှ ထောက်လှမ်းရေးအချက်အလက်ဖလှယ်ခြင်းစသည့် နယ်ပယ်များတွင် ပံ့ပိုးမှု ပေးနိုင်သော်လည်း မက္ကဆီကိုပြည်တွင်း လှုပ်ရှားမှုများကို မက္ကဆီကိုဘက်မှ ကိုယ်တိုင် လုပ်ဆောင်ရမည်ဖြစ်ကြောင်း ၎င်းက ထောက်ပြခဲ့သည်။
မက္ကဆီကို-အမေရိကန် လက်ရှိပူးပေါင်းဆောင်ရွက်မှု မူဘောင်သည် နှစ်နိုင်ငံ ဆက်ဆံရေးကို “ပူးပေါင်းဆောင်ရွက်မှုနှင့် ညှိနှိုင်းဆောင်ရွက်မှု” ဟူ၍ သတ်မှတ်မည်ဖြစ်ပြီး အဓိကကျသော အကြောင်းအရာများတွင် မက္ကဆီကို အချုပ်အခြာအာဏာနှင့် နယ်မြေပိုင်နက်ပြည့်စုံမှုတွင် လေးစားမှု ရရှိရေး ပါဝင်ကြောင်းလည်း Sheinbaum က ပြောကြားခဲ့သည်။
ထရမ့်က ၎င်းအနေဖြင့် “မက္ကဆီကိုနဲ့ ကိုလံဘီယာတို့ရဲ့ မူးယစ်ဆေးဝါးရောင်းချတဲ့ဂိုဏ်းတွေနဲ့ မူးယစ်ဆေးဝါးပြုလုပ်မှုတွေအပေါ် ပြင်းထန်အားကောင်းတဲ့ အစီအမံတွေကို ထောက်ခံအားပေးတယ်” ဟု နိုဝင်ဘာ ၁၇ ရက်က ပြောကြားခဲ့သော်လည်း တိုက်ရိုက် စစ်ရေးလှုပ်ရှားမှုများ ဖော်ဆောင်သွားမည်လောဟူသည်ကိုမူ ပြောကြားခဲ့ခြင်းမရှိကြောင်း မီဒီယာများ၏ သတင်းများအရ သိရသည်။ (Xinhua)
………………………….
(Chinese Version)
墨西哥总统:不接受美方任何形式的军事干预
新华社墨西哥城11月19日电 针对美国总统特朗普日前的涉墨西哥言论,墨总统辛鲍姆18日表示,墨方不接受任何国家以任何形式对墨进行军事介入。墨美双方的合作应建立在相互尊重和主权平等基础上。
辛鲍姆在例行记者会上说,她与特朗普此前多次通话,对方表示愿向墨方派遣美军协助打击犯罪集团。她指出,美方可以在情报交流等方面提供支持,但墨境内的行动必须由墨方自行开展。
辛鲍姆还说,墨美现行合作框架将双边关系界定为“合作与协调”,核心内容包括墨主权和领土完整得到尊重。
据媒体报道,特朗普17日表示,他“支持对墨西哥和哥伦比亚的贩毒集团及毒品制造采取强硬措施”,但并未说明是否会实施直接军事行动。(完)
图说:3月4日,在墨西哥首都墨西哥城国家宫,墨西哥总统辛鲍姆在新闻发布会上讲话。新华社发(弗朗西斯科·卡涅多摄)
