Connect with us

International Organizations

Seville မြို့အလွန်စည်ကားနေသဖြင့် ကိုပါဒယ်ရေးဗိုလ်လုပွဲရက်စွဲ RFEF ပြောင်းလဲမည်

စပိန်နိုင်ငံ Seville မြို့၏ မြင်ကွင်းကျယ်မြင်ကွင်းတစ်ခုကို ၂၀၂၅ ခုနှစ် ဇွန် ၃၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မက်ဒရစ်၊ နိုဝင်ဘာ ၂၁ ရက် (ဆင်ဟွာ)

စပိန်နိုင်ငံ Seville မြို့တွင်းနှင့် အနီးတစ်ဝိုက်တွင် ပွဲအခမ်းအနားကြီးနှစ်ခုနှင့် တိုက်ဆိုင်ကာ ပဋိပက္ခမဖြစ်ပွားစေရေးအတွက် စပိန်ဘောလုံးအဖွဲ့ချုပ် (RFEF) က ကိုပါဒယ်ရေးဗိုလ်လုပွဲစဉ်၏ ရက်စွဲအား ပြောင်းလဲရန် သဘောတူလိုက်ကြောင်း သိရသည်။

ဗိုလ်လုပွဲစဉ်အား Seville မြို့ရှိ Estadio de la Cartuja အားကစားကွင်းတွင် ဧပြီ ၂၅ ရက်၌ ကျင်းပရန် စီစဉ်ထားခဲ့‌သော်လည်း ယင်းရက်စွဲမှာ ထိုမြို့သို့ ခရီးသွားဧည့်သည်များစွာကို ဆွဲဆောင်သည့် Seville ရိုးရာပွဲတော် (Feria de Sevilla) သာမက သီတင်းပတ်ကုန်တစ်ခုတည်း၌ပင် ကျင်းပမည့် အနီးရှိ ဂျရက်ဇ်မြို့သို့ပါ နောက်ထပ်ခရီးသွားဧည့်သည်ထောင်ပေါင်းများစွာကို ဆွဲဆောင်သည့် စပိန် Grand Prix ဆိုင်ကယ်မောင်းပြိုင်ပွဲ Moto GP နှင့်ပါ တိုက်ဆိုင်နေသည်။

သို့ဖြစ်ရာ ပို့ဆောင်ရေးဖိအားနှင့် ဟိုတယ်ခန်းပြတ်လပ်မှု အပါအဝင် ဖြစ်လာနိုင်ခြေရှိသည့် ထောက်ပံ့ပို့ဆောင်ရေးဆိုင်ရာ ရှုပ်ထွေးမှုများနှင့်ပတ်သက်၍ စပိန်အစိုးရက RFEF ကို သတိပေးခဲ့သည်။ မရှိမဖြစ်ဝန်ဆောင်များတွင် အထူးသဖြင့် လုံခြုံရေး၊ ရွေ့လျားသွားလာရေးနှင့် ပို့ဆောင်ရေး စသည်တို့နှင့်စပ်လျဥ်း၍ ပွဲတော်အတွင်း မြင့်မားသောဖိအားနှင့် ရင်ဆိုင်ရကြောင်း ဒေသဆိုင်ရာ အစိုးရကိုယ်စားလှယ်က ပြောကြားခဲ့သည်။

“ကိုပါဒယ်ရေးဖိုင်နယ်ပွဲလိုမျိုး လူအရမ်းများတဲ့ တခြားပွဲနဲ့တိုက်တာက ဒီလိုအပ်ချက်တွေကို ပိုပိုပြီးတော့ မြင့်မားစေပါတယ်” ဟု ကိုယ်စားလှယ်က မှတ်ချက်ပြုခဲ့သည်။
Seville မြို့ကောင်စီက ၎င်းတို့အနေဖြင့် “‌‌ဘောလုံးအဖွဲ့ချုပ်နှင့် လက်တွဲဆောင်ရွက်လျက်ရှိ” ပြီး ဖြစ်နိုင်ခြေရှိသည့် အခြားရွေးချယ်စရာနည်းလမ်းအားလုံးကို ဆန်းစစ်လျက်ရှိကြောင်း ထုတ်ပြန်ခဲ့သည်။
ကိုပါဒယ်ရေးဗိုလ်လုပွဲ ကျင်းပမည့်အချိန်နှင့်ပတ်သက်၍မူ မသေချာသေးကြောင်း သိရသည်။ (Xinhua)
………………..
(English Version)
RFEF to change Copa del Rey final date as Seville too busy
MADRID, Nov. 20 (Xinhua) — The Spanish Football Federation (RFEF) has agreed to change the date of the Copa del Rey final to avoid a clash with two major events in and around Seville.
The final was due to be held in the Estadio de la Cartuja on April 25, but that date coincides with the traditional Seville Fair (Feria de Sevilla), which brings a massive influx of tourists into the city, while the same weekend also sees the Moto GP, Spanish Grand Prix, which also attracts tens of thousands of extra visitors to nearby Jerez.
The Spanish government warned the RFEF about potential logistical complications, including transport pressure and a shortage of hotel rooms. The government delegate for the region said essential services face “high stress during the Fair, especially in terms of security, mobility and transport.”
“The coincidence with another event with high numbers of people, such as the Copa del Rey final, further increases these needs,” commented the delegate.
Seville’s city council said it is “working hand in hand with the Federation” and examining all possible alternatives.
So far, it is not certain when the final will be held. ■
English Caption
This photo taken on June 30, 2025 shows a panorama view of Seville, Spain. (Xinhua/Li Jing)