Connect with us

Africa & Middle East

တရုတ်နိုင်ငံက ပါလက်စတိုင်းဒုက္ခသည်နှင့် ဆင်းရဲနွမ်းပါးမိသားစုများအတွက် ဆောင်းရာသီထောက်ပံ့ပစ္စည်းများ လှူဒါန်း

ရာမာလာ၊ နိုဝင်ဘာ ၂၂ ရက် (ဆင်ဟွာ)

ပါလက်စတိုင်းဆိုင်ရာ တရုတ်နိုင်ငံရုံးက နိုဝင်ဘာ ၂၀ ရက်တွင် ဂျော်ဒန်အနောက်ဘက်ကမ်း တောင်ပိုင်းရှိ ရာဖာဒုက္ခသည်စခန်းတွင် ပါလက်စတိုင်းဒုက္ခသည်နှင့် ဆင်းရဲနွမ်းပါးမိသားစုများအတွက် ဆောင်းရာသီထောက်ပံ့ပစ္စည်းများ လှူဒါန်းခဲ့ပြီး လှူဒါန်းခြင်းအခမ်းအနားကို ပါလက်စတိုင်း Abbas Foundation အဖွဲ့အစည်းမှတစ်ဆင့် လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံသည် ပါလက်စတိုင်းပြည်သူများ၏ တရားဝင်အမျိုးသားအခွင့်အရေးများ ပြန်လည်ရရှိရေးဟူသော တရားမျှတမှုလုပ်ဆောင်မှုများကို အစဉ်မြဲ ခိုင်မာစွာထောက်ခံကာ ပါလက်စတိုင်းပြည်သူများနှင့်အတူ အစဉ်မြဲရပ်တည်ခဲ့ပြီး၊ ပါလက်စတိုင်းအား လူသားချင်းစာနာထောက်ထားမှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးအကူအညီများကို မိမိတို့အတတ်နိုင်ဆုံး ပံ့ပိုးပေးခဲ့ကြောင်း၊ ပါလက်စတိုင်းအရေးကို ဘက်စုံ တရားမျှတ၍ ရေရှည်တည်တံ့သော ဖြေရှင်းချက်ရရှိရန် “နှစ်နိုင်ငံ ဖြေရှင်းမှုနည်းလမ်း” လက်တွေ့ဖော်ဆောင်ရေးကို အစဉ်မြဲ ခိုင်ခိုင်မာမာ ယိမ်းယိုင်မှုမရှိဘဲ မြှင့်တင်ခဲ့ကြောင်း ပါလက်စတိုင်းဆိုင်ရာ တရုတ်နိုင်ငံရုံး အကြီးအကဲ ကျန်းကျိရှင်းက လှူဒါန်းခြင်းအခမ်းအနားတွင် ပြောကြားခဲ့သည်။

တရုတ်နိုင်ငံရုံးသည် ပါလက်စတိုင်း ဒုက္ခသည်စခန်းအများအပြားတွင် ဤကဲ့သို့သော လှူဒါန်းမှုများကို လေးနှစ်ဆက်တိုက် လုပ်ဆောင်ခဲ့ကြောင်း၊ ယခုနှစ် လှူဒါန်းသော ခြုံစောင်များ၊ အပူပေးလျှပ်စစ်ပစ္စည်းများစသည့် ထောက်ပံ့ပစ္စည်းများသည် ဂျော်ဒန်မြစ်အနောက်ဘက်ကမ်း Tubas ၊ Jenin ၊ Tulkarm နှင့် Hebron ပြည်နယ်ရှိ ဒုက္ခသည်နှင့်ဆင်းရဲနွမ်းပါးမိသားစု ၂,၀၀၀ ခန့်ကို အကျိုးပြုစေမည်ဖြစ်ပြီး တရုတ်နိုင်ငံသည် လက်တွေ့ကျသော လုပ်ဆောင်မှုများဖြင့် နွေးထွေးမှုကို လက်ဆင့်ကမ်းပေးကာ တရုတ်-ပါလက်စတိုင်း ပြည်သူများ၏ နက်ရှိုင်းသော ချစ်ခင်ရင်းနှီးမှုကို မြှင့်တင်သွားမည်ဖြစ်ကြောင်း ကျန်းကျိရှင်းက ပြောကြားခဲ့သည်။
ပါလက်စတိုင်းအား ဆောင်းရာသီအဝတ်အစားများနှင့် အစားအစာအထုပ်များစသည့် အခြေခံလူနေမှုဘဝလိုအပ်ချက်များ ပံ့ပိုးပေးသည့်အတွက် တရုတ်နိုင်ငံအား ကျေးဇူးတင်ကြောင်း၊ နှစ်ဖက်သည် ပူးပေါင်းဆောင်ရွက်မှုကို အဆက်မပြတ် နက်ရှိုင်းစေကာ ဆင်းရဲနွမ်းပါးသော မိသားစုများ၏ လူနေမှုဘဝများ တိုးတက်ကောင်းမွန်လာစေရန် အတူတကွကူညီသွားမည်ဖြစ်ကြောင်း Abbas Foundation မှ ပါလက်စတိုင်းစီမံကိန်း၏ ညှိနှိုင်းရေးမှူး Maisun Qadoomi က ပြောကြားခဲ့သည်။

တရုတ်-ပါလက်စတိုင်း နှစ်ဖက်လုံးသည် မြောက်ဂျော်ဒန်ချိုင့်ဝှမ်းရှိ မြို့နယ်၊ ကျေးရွာများသို့လည်း သွားရောက်ခဲ့ပြီး ဒေသခံရွာသူရွာသားများအား ဆောင်းရာသီထောက်ပံ့ရေးပစ္စည်းများ ဖြန့်ဝေပေးခဲ့သည်။ အသက် ၆၅ နှစ်အရွယ် ရွာသား အိုဒါက တရုတ်နိုင်ငံက အခြေအနေ လာရောက်လေ့လာပြီး ပံ့ပိုးမှုပေးသည့်အတွက် ကျေးဇူးတင်ကြောင်း၊ ယင်းက ၎င်းတို့၏ မိသားစုဥယျာဉ်များတွင် ဆက်လက်နေထိုင်သွားရန် ယုံကြည်မှုကို ခိုင်မာစေကြောင်း ပြောကြားခဲ့သည်။ (Xinhua)

…………………..
(Chinese Version)
中国向巴勒斯坦难民和贫困家庭捐赠过冬物资
新华社拉姆安拉11月20日电(记者黄泽民 赵伟宏)中国驻巴勒斯坦办事处20日在约旦河西岸北部的法拉难民营向巴难民和贫困家庭捐赠过冬物资,捐赠活动通过巴勒斯坦阿巴斯基金会组织实施。
中国驻巴勒斯坦办事处主任曾继新在捐赠活动上表示,中方始终坚定支持巴勒斯坦人民恢复民族合法权利的正义事业,始终同巴勒斯坦人民站在一起,尽己所能向巴方提供人道和发展援助,始终坚定不移推动落实“两国方案”,实现巴勒斯坦问题全面、公正、持久解决。
曾继新表示,办事处已连续4年在巴多地难民营组织此类捐赠活动。今年捐赠的毛毯、电暖器等物资惠及约旦河西岸图巴斯、杰宁、图勒凯尔姆和希伯伦4省约2000个难民和贫困家庭,中方将继续以实际行动传递温暖,增进中巴人民的深厚情谊。
阿巴斯基金会巴勒斯坦项目协调人迈松·卡杜米表示,感谢中方对巴勒斯坦提供包括冬季衣物和食品包等基本生活必需品援助,双方将不断努力深化合作,共同帮助贫困家庭改善生活。
中巴双方还走访了北约旦河谷村镇,向当地村民发放了过冬物资。65岁村民奥达说,感谢中方前来了解情况并提供支援,这增强了他们坚守家园的信心。(完)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.