Asia
သတ္တမအကြိမ်မြောက် တရုတ်-အာဆီယံ တရားဥပဒေစိုးမိုးရေးဖိုရမ် ဖွင့်လှစ်၊ ချန်ဝန်ချင်း ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား
ချုံချင့်၊ နိုဝင်ဘာ ၂၂ ရက် (ဆင်ဟွာ)
သတ္တမအကြိမ်မြောက် တရုတ်-အာဆီယံ တရားဥပဒေစိုးမိုးရေးဖိုရမ်ကို နိုဝင်ဘာ ၂၁ ရက်က ချုံချင့်မြို့တွင် ဖွင့်လှစ်ကျင်းပခဲ့ရာ ဖိုရမ်၏ခေါင်းစဉ်မှာ “တရုတ်-အာဆီယံ တရားဥပဒေစိုးမိုးရေး ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်၍ အိမ်နီးချင်း အေးအတူပူအမျှအသိုက်အဝန်း အတူတည်ဆောက်ခြင်း” ဖြစ်သည်။ အဆိုပါဖွင့်ပွဲအခမ်းအနားကို တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ ဗဟိုကော်မတီ နိုင်ငံရေးနှင့် ဥပဒေရေးရာ ကော်မရှင် အတွင်းရေးမှူး ချန်ဝန်ချင်း တက်ရောက်၍ အမှာစကားပြောကြားခဲ့သည်။
အခမ်းအနားတက်ရောက်သော ဧည့်သည်တော်များက သမ္မတ ရှီကျင့်ဖိန် အဆိုပြုသော ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးအစီအမံ (GDI)၊ ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးအစီအမံ (GSI)၊ ကမ္ဘာလုံးဆိုင်ရာ ယဉ်ကျေးမှုအစီအမံ (GCI)၊ ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုအစီအမံ (GGI) သည် လူသားမျိုးနွယ် အေးအတူပူအမျှ အသိုက်အဝန်း တည်ဆောက်ရေးကို တွန်းအားပေးပြီး ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို မြှင့်တင်ရန်အတွက် တရုတ်ဉာဏ်ပညာနှင့် တရုတ်နည်းလမ်းကို အကျိုးဆောင်ပေးခဲ့ကြောင်း၊ သမ္မတ ရှီကျင့်ဖိန်နှင့် အာဆီယံနိုင်ငံအသီးသီး ခေါင်းဆောင်များ၏ မဟာဗျူဟာ ဦးဆောင်မှုအောက်တွင် တရုတ်-အာဆီယံ ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးသည် အာရှ-ပစိဖိတ် ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုများအနက် အောင်မြင်မှု အရှိဆုံးနှင့် တက်ကြွမှုအရှိဆုံးသော စံနမူနာဖြစ်လာပြီဖြစ်ကြောင်း ယူဆကြသည်။
တရုတ်-အာဆီယံ တရားဥပဒေစိုးမိုးရေးဖိုရမ်သည် တရုတ်နိုင်ငံနှင့် အာဆီယံ၏ တရားဥပဒေစိုးမိုးရေးကဏ္ဍ ပူးပေါင်းဖလှယ်မှုဆောင်ရွက်သည့် အရေးကြီးပလက်ဖောင်းဖြစ်ကြောင်း၊ ဖိုရမ်၏အခန်းကဏ္ဍကို အသုံးပြုကာ သီးသန့်ခေါင်းစဉ်အလိုက် နှီးနှောဖလှယ်ခြင်း၊ ဝန်ထမ်းမွမ်းမံလေ့ကျင့်ခြင်း၊ နိုင်ငံပေါင်းစုံအစည်းအဝေး စသည့် နည်းလမ်းများစွာမှတစ်ဆင့် တရားဥပဒေစိုးမိုးရေးအတွေ့အကြုံနှင့် ဥပဒေပညာရပ်ဖလှယ်မှုများကို မြှင့်တင်ရန်၊ လမ်းပန်းဆက်သွယ်ရေးနှင့် သယ်ယူပို့ဆောင်ရေး၊ ဒစ်ဂျစ်တယ်စီးပွားရေး၊ အစိမ်းရောင်စီးပွားရေး စသည့် ကဏ္ဍများ၏ တရားဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ စံချိန်စံညွှန်းချိတ်ဆက်မှုကို နက်ရှိုင်းအောင် ဆောင်ရွက်ရန်၊ နိုင်ငံဖြတ်ကျော်ပြစ်မှုတိုက်ဖျက်ရေး၊ နယ်စပ်ဖြတ်ကျော်အငြင်းပွားမှုဖြေရှင်းရေး စသည့် တရားဥပဒေစိုးမိုးရေးနှင့် တရားစီရင်ရေး ပူးပေါင်းဆောင်ရွက်မှုယန္တရား ပြည့်စုံကောင်းမွန်စေရန် ဆောင်ရွက်ရမည်ဖြစ်ကြောင်း ဖိုရမ်အခမ်းအနားသို့ တက်ရောက်သော ဧည့်သည်တော်များက ပြောကြားခဲ့သည်။
ကုလသမဂ္ဂကို ဗဟိုပြုသည့် နိုင်ငံတကာစနစ်၊ နိုင်ငံတကာဥပဒေကို အခြေခံသည့် နိုင်ငံတကာစည်းစနစ်ကို ကာကွယ်ထိန်းသိမ်းရန်၊ အဆင့်မြင့် တရားဥပဒေစိုးမိုးရေး ပူးပေါင်းဆောင်ရွက်မှုဖြင့် တရုတ်-အာဆီယံ အေးအတူပူအမျှ အသိုက်အဝန်း တည်ဆောက်ရေးတွင် ထိရောက်သော အောင်မြင်မှုအသစ်များရရှိအောင် အထောက်အပံ့ပေးရန် ၎င်းတို့က ပြောကြားခဲ့သည်။
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ ချုံချင့်မြို့ကော်မတီအတွင်းရေးမှူး ယွမ်ကျားကျွင်းက ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်၍ အမှာစကားပြောကြားခဲ့သည်။
ဖွင့်ပွဲအခမ်းအနားအပြီးတွင် ချန်ဝန်ချင်းက ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ် Borwornsak ၊ လာအိုပြည်သူ့တော်လှန်ရေးပါတီ ဗဟိုကော်မတီအတွင်းရေးမှူးရုံး အတွင်းရေးမှူး၊ ပြည်သူ့တရားရုံးချုပ် အကြီးအကဲ Viengthong Siphandone၊ အင်ဒိုနီးရှားနိုင်ငံ တရားရုံးချုပ် ဒုတိယ တရားသူကြီးချုပ် Suharto တို့နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။ (Xinhua)
##ASEAN #LegalCooperationForum #တရုတ် #အာဆီယံ #တရားဥပဒေစိုးမိုးရေးဖိုရမ်
——————-
(Chinese Version)
第七届中国-东盟法治论坛开幕 陈文清出席开幕式并致辞
新华社重庆11月21日电 第七届中国-东盟法治论坛21日在重庆开幕,论坛主题是“加强中国-东盟法治合作,共建周边命运共同体”。中共中央政治局委员、中央政法委书记陈文清出席开幕式并致辞。
与会嘉宾认为,习近平主席提出全球发展倡议、全球安全倡议、全球文明倡议、全球治理倡议,推动构建人类命运共同体,为促进世界和平与发展贡献了中国智慧、中国方案。在习近平主席和东盟各国领导人战略引领下,中国-东盟全面战略伙伴关系已成为亚太区域合作中最为成功和最具活力的典范。
与会嘉宾表示,中国-东盟法治论坛是深化中国和东盟法治交流合作的重要平台,要发挥论坛作用,通过专题研讨、人员培训、多边会议等多种途径,加强法治经验和法律学术交流,深化交通运输、数字经济、绿色经济等领域的法律、规则、标准对接,健全打击跨国犯罪、化解跨境争议等执法司法合作机制,维护以联合国为核心的国际体系、以国际法为基础的国际秩序,以高水平法治合作助力中国-东盟命运共同体建设取得新成效。
中共中央政治局委员、重庆市委书记袁家军出席开幕式并致辞。
开幕式后,陈文清会见了泰国副总理波汶萨,老挝人民革命党中央书记处书记、最高人民法院院长万通,印度尼西亚最高法院副首席大法官苏哈托。(完)
1、11月1日,第12届东盟防长扩大会在马来西亚吉隆坡举行。 新华社记者 程一恒 摄
