North America
ဗင်နီဇွဲလားနိုင်ငံသမ္မတထံ ဖုန်းခေါ်ဆိုခဲ့သည်ကို ဒေါ်နယ်ထရမ့်က အတည်ပြုခဲ့သည်ဟု သတင်းတစ်ရပ် ဖော်ပြ
ဝါရှင်တန်၊ ဒီဇင်ဘာ ၁ ရက် (ဆင်ဟွာ)
ဗင်နီဇွဲလားနိုင်ငံသမ္မတ နီကိုလက်စ်မာဒူရိုထံ ဖုန်းခေါ်ဆိုခဲ့သည်ဟု အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့်က နိုဝင်ဘာ ၃၀ ရက်တွင် အတည်ပြုခဲ့သော်လည်း ဖုန်းခေါ်ဆိုမှုအသေးစိတ် အချက်အလက်များကို ထုတ်ဖော်ပြောကြားရန်ကိုမူငြင်းဆိုခဲ့သည်ဟု နယူးယောက်တိုင်းမ်သတင်းစာ၏ ဖော်ပြမှုအရသိရသည်။
“ဒါနဲ့ပတ်သက်ပြီး ကျွန်တော် မှတ်ချက်ပေးဖို့ဆန္ဒမရှိပါဘူး။ အဖြေကတော့ ဟုတ်တယ်ဆိုတာပါပဲ” ဟု Air Force One လေယာဉ်ပေါ်တွင် ထရမ့်က ပြောကြားခဲ့သည်။ “ဒါဟာ အကောင်းဘက်လား ဒါမှမဟုတ် အဆိုးဘက်လားဆိုတာကိုလည်း ကျွန်တော် မပြောကြားနိုင်ပါဘူး။ ဒါက ဖုန်းခေါ်ဆိုမှုတစ်ခုပါပဲ” ဟု ထရမ့်က သတင်းထောက်များကို ပြောကြားခဲ့သည်။
နိုဝင်ဘာ ၂၉ ရက်က ၎င်း၏ဆိုရှယ်မီဒီယာ၌ရေးတင်ခဲ့သည့်ပို့စ်တွင် ဗင်နီဇွဲလားနိုင်ငံ၏ လေပိုင်နက်ကို ပိတ်ထားရန်စဉ်းစားသင့်သည်ဟု သတိပေးခဲ့ခြင်းကလည်း လေကြောင်းတိုက်ခိုက်မှုတစ်ခုကို မကြာမီ ပြုလုပ်တော့မည်ဆိုသောအချက်ပြမှုတစ်ခုမဟုတ်ကြောင်း အမေရိကန်နိုင်ငံသမ္မတက ပြောကြားခဲ့ သည်။
“အဲဒါကို ဘာမှအဓိပ္ပါယ်ထပ်မဖွင့်ပါနဲ့” ဟု ထရမ့်ကပြောကြားခဲ့သလို “ကျွန်တော်တို့အနေနဲ့ ဗင်နီဇွဲလား နိုင်ငံကို အလွန်ချစ်ကြည်ရင်းနှီးတဲ့နိုင်ငံတစ်ခုမဟုတ်ဘူးလို့ ယူဆတဲ့အတွက်သတိပေးမှုလုပ်ခဲ့တာပါ” ဟု လည်း အလေးအနက်ထား ပြောကြားခဲ့သည်။
နိုဝင်ဘာ ၂၉ ရက်က တင်ခဲ့သောပို့စ်တွင် ထရမ့်က ဗင်နီဇွဲလားနိုင်ငံ၏ အထက်နှင့် ပတ်ဝန်းကျင်လေပိုင်နက်ကို အလုံးစုံပိတ်ပစ်ရန် စဉ်းစားသင့်သည်ဟု ပြောကြားခဲ့ခြင်းဖြစ်သည်။ (Xinhua)
………………………….
(English Version)
Trump confirms phone call with Venezuelan president: report
WASHINGTON, Nov. 30 (Xinhua) — U.S. President Donald Trump confirmed on Sunday that he had a phone call with Venezuelan President Nicolas Maduro, but refused to reveal any details of the call, according to The New York Times.
“I don’t want to comment on it; the answer is yes,” Trump said aboard Air Force One. “I wouldn’t say it went well or badly. It was a phone call,” he told reporters.
The U.S. president also said that his Saturday social media post warning that the Venezuelan airspace should be considered to be closed was not a signal that an airstrike is imminent.
“Don’t read anything into it,” said Trump, noting that he made the alert “because we consider Venezuela to be not a very friendly country.”
Trump said in the post on Saturday that the airspace above and surrounding Venezuela should be considered to be closed in its entirety. ■
Photo:
U.S. President Donald Trump and First Lady Melania Trump step off Marine One upon their arrival at the White House in Washington, D.C., the United States, Nov. 30, 2025. U.S. (Xinhua/Hu Yousong)
