Connect with us

International Organizations

OPEC+ က ရေနံထုတ်လုပ်မှုတိုးမြှင့်ခြင်းကို ရပ်ဆိုင်းမည်

ဩစတြီးယားနိုင်ငံ မြို့တော်ဗီယင်နာရှိ ရေနံတင်ပို့သည့်နိုင်ငံများအဖွဲ့ (OPEC) ၏ ရုံးချုပ်ကို ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၃၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဗီယင်နာ၊ ဒီဇင်ဘာ ၁ ရက် (ဆင်ဟွာ)

ရေနံတင်ပို့သည့်နိုင်ငံများအဖွဲ့ (OPEC) (အိုပက်) နှင့် OPEC+ ဟုခေါ်သော ၎င်း၏မဟာမိတ်နိုင်ငံများသည် ရေနံထုတ်လုပ်မှုတိုးမြှင့်ခြင်းကို ၂၀၂၆ ခုနှစ် ဇန်နဝါရီလ၊ ဖေဖော်ဝါရီလနှင့် မတ်လတို့တွင် ရာသီအလျောက် အကြောင်းရင်းကြောင့် ရပ်ဆိုင်းရန် ဆုံးဖြတ်ခဲ့ကြောင်း အိုပက်က နိုဝင်ဘာ ၃၀ ရက်၌ ထုတ်ပြန်ခဲ့သည့် ကြေညာချက်တစ်စောင်တွင် ပြောကြားခဲ့သည်။
ဆော်ဒီအာရေဗျ၊ ရုရှား၊ အီရတ်၊ အာရပ်စော်ဘွားများပြည်ထောင်စု၊ ကူဝိတ်၊ ကာဇက်စတန်၊ အယ်လ်ဂျီးရီးယားနှင့် အိုမန်အပါအဝင် အဖွဲ့ဝင်နိုင်ငံများက ကမ္ဘာ့ဈေးကွက်အခြေအနေများနှင့် စီးပွားရေးအလားအလာကို ပြန်လည်သုံးသပ်ရန် အွန်လိုင်းအစည်းအဝေးတစ်ခုအပြီးတွင် အဆိုပါဆုံးဖြတ်ချက်ကို ချခဲ့ကြခြင်းဖြစ်သည်။

OPEC+ နိုင်ငံရှစ်နိုင်ငံသည် ရေနံထုတ်လုပ်မှုကို ယခုနှစ် ဧပြီလမှစ၍ လစဉ်တိုးမြှင့်လျက်ရှိသည်။
အဆိုပါနိုင်ငံများသည် သတိထားသောချဉ်းကပ်မှုကို လက်ခံကျင့်သုံးမည်ဖြစ်ပြီး ၎င်းတို့နိုင်ငံများ၏ ရေနံထုတ်လုပ်မှုများကို လိုအပ်သလို ချိန်ညှိရန် အပြည့်အဝပြောင်းလွယ်ပြင်လွယ်ရှိမှုကို ထိန်းသိမ်းမည်ဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။
အဆိုပါနိုင်ငံများသည် နောက်ထပ်ဆုံးဖြတ်ချက်များချမှတ်ရေးအတွက် ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၄ ရက်တွင် ထပ်မံတွေ့ဆုံရန် စီစဉ်ထားကြောင်းလည်း အိုပက်၏ ထုတ်ပြန်ချက်အရ သိရသည်။ (Xinhua)
……………….
(English Version)
OPEC+ to suspend oil output increase
VIENNA, Nov. 30 (Xinhua) — The Organization of the Petroleum Exporting Countries (OPEC) and its allies, known as OPEC+, have decided to pause oil output increases in January, February and March 2026 due to seasonality, OPEC said in a statement on Sunday.
The decision followed a virtual meeting of member countries, including Saudi Arabia, Russia, Iraq, the United Arab Emirates, Kuwait, Kazakhstan, Algeria and Oman, to review global market conditions and the economic outlook.
The eight OPEC+ countries have been raising oil output month by month since April this year.
The statement said the countries will adopt a cautious approach and maintain full flexibility to adjust their outputs as needed.
The countries are scheduled to meet again on Jan. 4, 2026 to make further decisions, according to the organization. ■
English Caption
Photo taken on Nov. 30, 2023 shows the headquarters of the Organization of the Petroleum Exporting Countries (OPEC) in Vienna, Austria. (Xinhua/He Canling)