Africa & Middle East
အီဂျစ်နိုင်ငံ ကိုင်ရိုမြို့တွင် ကာကွယ်ရေးပြပွဲ ဖွင့်လှစ်
ကိုင်ရို၊ ဒီဇင်ဘာ ၂ ရက် (ဆင်ဟွာ)
အီဂျစ်သမ္မတ Abdel-Fattah al-Sisi သည် စတုတ္ထအကြိမ်မြောက် အီဂျစ်ကာကွယ်ရေးပြပွဲကို ဒီဇင်ဘာ ၁ ရက်က ကိုင်ရိုမြို့တွင် ဖွင့်လှစ်ပေးခဲ့ကြောင်း အီဂျစ်သမ္မတရုံးက ကြေညာချက်တစ်စောင်တွင် ပြောကြားခဲ့သည်။
ဖွင့်ပွဲအခမ်းအနားအတွင်း အီဂျစ်သမ္မတ al-Sisi သည် ပြည်တွင်းစစ်ဘက်ရေးရာထုတ်လုပ်မှုများနှင့် အခြားသောနယ်ပယ်များ တင်ဆက်ပြသထားသည့် အီဂျစ်ပြခန်းများကိုလှည့်လည်ကြည့်ရှုခဲ့ရာ ဟောင်ဝစ်ဇာပူးတွဲထုတ်လုပ်မှု အစီအစဥ် အပါအဝင် စီမံကိန်းများစွာနှင့် ပတ်သက်၍ သမ္မတကို အကျဥ်းချုပ်ရှင်းလင်းတင်ပြခဲ့ကြောင်း ကြေညာချက်အရ သိရသည်။
တစ်ချိန်တည်းမှာပင် အီဂျစ်ကာကွယ်ရေးနှင့်စစ်ဘက်ရေးရာထုတ်လုပ်ရေးဝန်ကြီးဌာန ဝန်ကြီး Abdel-Mageed Saqr က ပြပွဲမှာ အဆင့်မြင့်ကာကွယ်ရေးနည်းပညာများပြသရာ အဓိကကမ္ဘာ့ပလက်ဖောင်းတစ်ခု ဖြစ်လာကြောင်းပြောကြားခဲ့သည်။
ဒေသတွင်းနှင့် ကမ္ဘာ့လုံးဆိုင်ရာစိန်ခေါ်မှုများရှိနေသည့်ကာလတွင် အန္တရာယ်များနှင့် ခြိမ်းခြောက်မှုများအား ရင်ဆိုင်ရန် အသင့်ရှိနေမှုသည် အလွန်အရေးကြီးကြောင်း Saqr က မှတ်ချက်ပြုပြောကြားခဲ့သည်။
လေးရက်ကြာပြုလုပ်မည့် အဆိုပါပြပွဲကို အီဂျစ်နိုင်ငံတကာပြပွဲစင်တာ၌ ကျင်းပလျက်ရှိပြီး ကာကွယ်ရေးနှင့် လုံခြုံရေးကုမ္ပဏီပေါင်း ၄,၀၀၀ ကျော်မှ ကြည်း၊ ရေ၊ လေ ကဏ္ဍအစုံတွင် နောက်ဆုံးပေါ် စစ်ရေးနည်းပညာများ၊ ကိရိယာများနှင့် နည်းစနစ်များ ခင်းကျင်းပြသထားပြီး စစ်ဘက်ဆိုင်ရာဝန်ထမ်းများ၊ အစိုးရအရာရှိများ၊ နိုင်ငံတကာကိုယ်စားလှယ်များနှင့် စက်မှုလုပ်ငန်းပညာရှင်များကို ဆွဲဆောင်လျက် ရှိကြောင်း သိရသည်။ (Xinhua)

အီဂျစ်နိုင်ငံကိုင်ရိုမြို့တွင် ကျင်းပသည့် အီဂျစ်ကာကွယ်ရေးပြပွဲတွင် တိုက်လေယာဥ်ပုံစံတူ တစ်စင်း ပြသထားသည်ကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၁ ရက်က တွေ့ရစဥ် (ဆင်ဟွာ)

အီဂျစ်နိုင်ငံကိုင်ရိုမြို့တွင် ကျင်းပသည့် အီဂျစ်ကာကွယ်ရေးပြပွဲတွင် စစ်ဘက်သုံးကိရိယာများ ပြသထားသည်ကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၁ ရက်က တွေ့ရစဥ် (ဆင်ဟွာ)

…………………..
(English Version)
Egypt opens major defense expo in Cairo
CAIRO, Dec. 1 (Xinhua) — Egyptian President Abdel-Fattah al-Sisi inaugurated the 4th edition of the Egypt Defense Expo here on Monday, the Egyptian Presidency said in a statement.
During the opening, al-Sisi toured Egyptian pavilions showcasing domestic military production and other fields, and was briefed on various projects, including a joint howitzer manufacturing initiative, according to the statement.
Meanwhile, Egyptian Minister of Defense and Military Production Abdel-Mageed Saqr said the expo has become a key global platform for showcasing advanced defense technologies.
Saqr noted that in a period of regional and global challenges, maintaining readiness to confront dangers and threats is imperative.
The four-day expo, being held at the Egypt International Exhibition Centre, features over 400 defense and security companies displaying the latest military technology, equipment and systems across land, sea and air domains, and attracts military personnel, government officials, international delegations and industry professionals.
Photo (1) People visit the Egypt Defense Expo in Cairo, Egypt, on Dec. 1, 2025. (Xinhua/Ahmed Gomaa)
Photo (2) This photo taken on Dec. 1, 2025 shows a fighter plane model at the Egypt Defense Expo in Cairo, Egypt. (Xinhua/Ahmed Gomaa)
Photo (3) Military equipment is displayed at the Egypt Defense Expo in Cairo, Egypt, on Dec. 1, 2025. (Xinhua/Ahmed Gomaa)
