ပေကျင်း၊ ဒီဇင်ဘာ ၄ ရက် (ဆင်ဟွာ)
တရုတ်အစိုးရအဆင့်မြင့်အရာရှိတစ်ဦးက မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအောင်မြင်စွာလုပ်ဆောင်ရန် ကတိပြုခဲ့ပြီး မူးယစ်ဆေးဝါးထိန်းချုပ်ရေးစနစ်များ အားကောင်းစေဖို့ ဒီဇင်ဘာ ၃ ရက်၌ တိုက်တွန်းပြောဆိုခဲ့သည်။
နိုင်ငံတော်ကောင်စီဝင်နှင့် အမျိုးသားမူးယစ်ဆေးဝါးတိုက်ဖျက်ရေးကော်မတီ အကြီးအကဲ ဝမ်ရှောင်ဟုန်က မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအမျိုးသားဗီဒီယိုကွန်ဖရင့်တစ်ခုတွင် အထက်ပါအတိုင်း မှတ်ချက်ပေးပြောဆိုခဲ့ခြင်း ဖြစ်သည်။
မူးယစ်ဆေးဝါးဖော်ထုတ်ဖမ်းဆီးရေးလုပ်ဆောင်မှုများ တင်းကျပ်စွာဆောင်ရွက်ရန်၊ အဓိကမှုခင်းများ စုံစမ်းစစ်ဆေးဖော်ထုတ်ရေး တိုးမြှင့်ဆောင်ရွက်ရန်နှင့် ဒေသနှင့်နယ်စပ်ဖြတ်ကျော် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရန် ၎င်းက တိုက်တွန်းခဲ့သည်။
၎င်းက မူးယစ်ဆေးဝါးထုတ်လုပ်ရာတွင် အသုံးပြုသည့်ပစ္စည်းများနှင့် စွဲလမ်းစေတတ်သောပစ္စည်းများအား ပိုမိုတင်းကျပ်စွာထိန်းချုပ်ရန် တိုက်တွန်းခဲ့ပြီး နိုင်ငံတကာစိစစ်အတည်ပြုမှုနှင့် ပို့ကုန်ထိန်းချုပ်ရေး ဆောင်ရွက်မှုများ တိတိကျကျပြဋ္ဌာန်းအကောင်အထည်ဖော်ရန်တောင်းဆိုခဲ့သည်။
ထို့ပြင် လူထုပညာပေးမှု ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်ရန်၊ စံနှုန်းမီသောဥပဒေပြဋ္ဌာန်းမှုများ တင်းကျပ်စွာ လုပ်ဆောင်ရန်နှင့် နိုင်ငံတကာမူးယစ်ဆေးဝါးထိန်းချုပ်ရေး ပူးပေါင်းဆောင်ရွက်မှုများ အားကောင်းအောင် လုပ်ဆောင်ရန်လိုအပ်ကြောင်း အဆိုပါအရာရှိက အလေးပေးပြောကြားခဲ့သည်။ (Xinhua)
…………………………
(English Version)
Senior Chinese official stresses improving system for narcotics control
BEIJING, Dec. 3 (Xinhua) — A senior Chinese official on Wednesday urged strengthening the narcotics control system, vowing to win the fight against drugs.
Wang Xiaohong, a state councilor and head of the national anti-drug committee, made the remarks at a national video conference on narcotics control.
He called for tightening drug detection and seizure efforts, stepping up investigations and the cracking of major cases, and enhancing cross-regional and cross-border collaboration.
He urged stricter control over addictive substances as well as materials used in drug manufacturing, and called for rigorous enforcement of international verification and export-control measures.
The official also emphasized the need to carry out comprehensive public education, conduct strict and standardized law enforcement, and strengthen international anti-drug cooperation.