Videos
တရုတ်နိုင်ငံ၏ ပထမဆုံး မောင်းသူမဲ့ လျှပ်စစ်ထွန်စက်
ဟဲနန်၊ နိုဝင်ဘာ ၁ ရက်(ဆင်ဟွာ)
တရုတ်နိုင်ငံ ဟဲနန်ပြည်နယ်ရှိ လျှို့ယန်မြို့တွင် ပထမဆုံးမောင်းသူမဲ့ လျှပ်စစ်ထွန်စက်ကို ထုတ်ဖော်ပြသခဲ့သည်။ အဆိုပါ ထွန်စက်ကို ဟဲနန် အဆင့်မြင့်နည်းပညာသုံး လယ်ယာလုပ်ငန်း စက်ကိရိယာများတီထွင်ထုတ်လုပ်ရေး စင်တာက ထုတ်လုပ်ခြင်းဖြစ်သည်။ ၎င်းလျှပ်စစ်ထွန်စက်တွင် တပ်ဆင်ထားသော ဆင်ဆာစနစ်မှာ အပင်များ၏လိုအပ်ချက်များကို အထူးအာရုံခံနိုင်ပြီး ပုံမှန်သုံးစွဲနေကျ ထွန်စက်များထက် စွမ်းရည်ပိုမိုမြင့်မားသောကြောင့် လယ်ယာလုပ်ငန်းခွင်နှင့်အထူးသင့်လျော်သည်။ ထွန်စက်နှင့်ပတ်သက်ပြီး ဈေးကွက်အတွင်းဖြန့်ဖြူးရောင်းချမည့် အသေးစိတ်အချက်အလက်ကို ထုတ်ပြန်ထားခြင်း မရှိသေးကြောင်းသိရသည်။ (Xinhua)