Connect with us

Videos

ကမ္ဘာ့အကြီးဆုံးနှင့် အမြင့်ဆုံးကျောက်သားဗုဒ္ဓရုပ်ပွားတော်ကြီး

စီချွမ်၊ အောက်တိုဘာ ၃၁ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ အနောက်တောင်ပိုင်းစီချွမ်ပြည်နယ်တွင် ကမ္ဘာပေါ်တွင်အကြီးဆုံးနှင့် အမြင့်ဆုံး ကျောက်သားနံရံတွင် ထွင်းထုထားသည့် လဲ့ဆန်း ဗုဒ္ဓရုပ်ပွားတော်ကြီးကို ပြုပြင်ထိန်းသိမ်းမှုလုပ်ငန်းများစတင်လျက်ရှိပြီဖြစ်သည်။ အဆိုပါ ကျောက်သား ဗုဒ္ဓရုပ်ပွားတော်ကြီး ၏ ကြံ့ခိုင်မှုအနေအထားကို အချိန် ၄လ ကြာ 3D နည်းပညာဖြင့် scan ဖတ်ခြင်း၊ အပူချိန်ဖြင့် ကြံ့ခိုင်မှုစစ်ဆေးခြင်းတို့ကို အသုံးပြုကာ လေ့လာမှုများပြုလုပ်ခဲ့သည်။ အဆိုပါ ရုပ်ပွားတော်ကြီးမှာ အမြင့်ပေ ၇၁ မီတာရှိပြီး လွန်ခဲ့သည့် နှစ်ပေါင်း ၁၃ဝဝ ကတည်းက တောင်စောင်းတွင် ထုလုပ်ပူဇော်ခဲ့ခြင်းဖြစ်သည်။ ၁၉၉၆ ခုနှစ်တွင် UNESCO က ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အဖြစ် သတ်မှတ်ခြင်းခံရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.