Connect with us

China

တောင်ကမ်းပါးယံပေါ်မှာ ကော်ဖီသောက်ခြင်း – ဖူကျန့်ပြည်နယ် ကုရှီကျေးရွာက တစ်မူထူးခြားသော ခရီးသွားအတွေ့အကြုံ ဖော်ထုတ်ပေး

တရုတ်နိုင်ငံ အရှေ့တောင်ပိုင်း ဖူကျန့်ပြည်နယ် လျန်ကျန်းခရိုင် ကုရှီကျေးရွာရှိ တောင်ကမ်းပါးယံကော်ဖီဆိုင်ကို တွေ့ကြုံခံစားနေသည့် ခရီးသွားဧည့်သည်များကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၇ ရက်က တွေ့ရစဉ်

ဖူကျိုး၊ ဒီဇင်ဘာ ၂၂ ရက် (ဆင်ဟွာ)

တောင်ကမ်းပါးယံပေါ်မှာ လွင့်မြောနေပြီး ကော်ဖီသောက်ရန် စိတ်ကူးယဉ်အိပ်မက် မက်ဖူးပါသ‌လော။ သံမဏိတောင်တက်လမ်းကြောင်းမှ တက်ရောက်ကာ ကော်ဖီအရသာမြည်းစမ်းကြည့်နိုင်သည့် ဖူကျန့်ပြည်နယ် လျန်ကျန်းခရိုင်ရှိ ကုရှီကျေးရွာကို ခရီးပြုလိုက်ပါ။ ၂၀၂၄ ခုနှစ်တွင် စတင်မိတ်ဆက်ခဲ့သော အဆိုပါ ထူးခြားဆန်းပြားလှသော စီမံကိန်းက ရင်ခုန်စိတ်လှုပ်ရှားဖွယ် တောင်တက်ခြင်း၊ ပညာရှင်အဆင့် ဓာတ်ပုံများ ရိုက်ကူးခြင်း၊ ပင်လယ်ပြင်မြင်ကွင်းကျယ် ရှုခင်းစုံဖြင့် ကော်ဖီအရသာမြည်းစမ်းနိုင်ခြင်း စသည့် အတွေ့အကြုံများကို ခံစားရရှိနိုင်စေမည်ဖြစ်သည်။

တောင်ကမ်းပါးယံတက်ခြင်း၊ ဓာတ်ပုံရိုက်ကူးခြင်းနှင့် ကော်ဖီအရသာမြည်းစမ်းခြင်း အပါအဝင် ရင်ခုန်စိတ်လှုပ်ရှားဖွယ် အတွေ့အကြုံပေါင်း ၁၀,၀၀၀ ကျော်ကို ခံစားရရှိနိုင်ပြီဖြစ်သည်။ ယင်းမှာ အွန်လိုင်းတွင် ထင်ပေါ်ကျော်ကြားသောနေရာတစ်ခုသာလျှင်မဟုတ်ဘဲ ကျေးလက်ခရီးသွားလုပ်ငန်းကို မြှင့်တင်ပေးခြင်း ဖြစ်သလို ဒေသစားသောက်ဖွယ်ရာများ အဆင့်မြှင့်တင်ခြင်း၊ ကျေးလက်အိမ်နေထိုင်ခြင်းနှင့် လယ်ယာထွက်ကုန်များ ရောင်းချခြင်း စသည်တို့ကိုလည်း မြှင့်တင်ပေးလျက်ရှိပေသည်။ (Xinhua)

တရုတ်နိုင်ငံ အရှေ့တောင်ပိုင်း ဖူကျန့်ပြည်နယ် လျန်ကျန်းခရိုင် ကုရှီကျေးရွာတွင် ကမ်းရိုးတန်းနံဘေးလျှောက်လမ်း၌ လမ်းလျှောက်နေကြသော ခရီးသွားဧည့်သည်များကို ၂၀၂၅ ခုနှစ် စက်တင်ဘာလက တွေ့ရစဉ်

တရုတ်နိုင်ငံ အရှေ့တောင်ပိုင်း ဖူကျန့်ပြည်နယ် လျန်ကျန်းခရိုင် ကုရှီကျေးရွာရှိ တောင်ကမ်းပါးယံကော်ဖီဆိုင်ကို တွေ့ကြုံခံစားနေသည့် ခရီးသွားဧည့်သည်များကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၇ ရက်က တွေ့ရစဉ်

တရုတ်နိုင်ငံ အရှေ့တောင်ပိုင်း ဖူကျန့်ပြည်နယ် လျန်ကျန်းခရိုင် ကုရှီကျေးရွာရှိ တောင်ကမ်းပါးယံကော်ဖီဆိုင်ကို တွေ့ကြုံခံစားနေသည့် ခရီးသွားဧည့်သည်များကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၇ ရက်က တွေ့ရစဉ်

တရုတ်နိုင်ငံ အရှေ့တောင်ပိုင်း ဖူကျန့်ပြည်နယ် လျန်ကျန်းခရိုင် ကုရှီကျေးရွာရှိ တောင်ကမ်းပါးယံကော်ဖီဆိုင်က နွေဦးပွဲတော် အားလပ်ရက်အတွင်း ခရီးသွားဧည့်သည်အများအပြားကို ဆွဲဆောင်လျက်ရှိ

တရုတ်နိုင်ငံ အရှေ့တောင်ပိုင်း ဖူကျန့်ပြည်နယ် လျန်ကျန်းခရိုင်တွင် သံမဏိတောင်တက်ခြင်းနှင့် တောင်ကမ်းပါးယံကော်ဖီဆိုင် အတွေ့အကြုံရရှိရန် ကုရှီကျေးရွာရှိ ကမ်းရိုးတန်းနေရာသို့ လာရောက်ကြသော အမေရိကန်၊ ကိုလံဘီယာနှင့် စပိန် နိုင်ငံများမှ ခရီးသွားဧည့်သည်များကို ၂၀၂၄ ခုနှစ် နိုဝင်ဘာလက တွေ့ရစဉ်

တရုတ်နိုင်ငံ အရှေ့တောင်ပိုင်း ဖူကျန့်ပြည်နယ် လျန်ကျန်းခရိုင် ကုရှီကျေးရွာတွင် နေဝင်ချိန်၌ ကုရှီ ကျေးရွာ တောင်ကမ်းပါးယံကော်ဖီဆိုင် စီမံကိန်းမန်နေဂျာ အာသာ (အရှေ့) နှင့် ဂစ်တာတီးနေသော ၎င်း၏ မိတ်ဆွေတို့ကို ၂၀၂၄ ခုနှစ် နိုဝင်ဘာလက တွေ့ရစဉ်

……………………………………..
(English Version)
Sipping coffee on cliff: Fujian’s Gushi Village unlocks unique travel experience
FUZHOU, Dec. 21 (Xinhua) — Ever dreamed of sipping coffee while dangling from a cliff edge? Head to Gushi Village in Lianjiang County, Fujian, where via ferrata climbing meets coffee tasting! Launched in 2024, this innovative project lets you take on heart-pounding climbs, snap pro-level photos, and savor coffee with panoramic sea views.
The buzz is real: over 10,000 experience packs, including cliff climbing, photo shooting, and coffee tasting have been sold already. This isn’t just a viral spot – this initiative has blown up rural tourism, boosting local catering, homestays, and agricultural sales.
Ready to chase waves and scale cliffs? Gushi awaits!
Photo 1, 3, 4, : Tourists experience cliff coffee in Gushi Village of Lianjiang County, southeast China’s Fujian Province, Dec. 7, 2025.
Photo 2: Tourists have fun at the coastal walkway in Gushi Village of Lianjiang County, southeast China’s Fujian Province, in September 2025.
Photo 5: The cliff coffee shop attracts flocks of tourists during the Spring Festival holiday in 2025, in Gushi Village of Lianjiang County, southeast China’s Fujian Province.
Photo 6: Tourists from America, Colombia and Spain have fun at the coastal area in Gushi Village to experience via ferrata climbing and cliff coffee, in Lianjiang County, southeast China’s Fujian Province, in November 2024.
Photo 7: Arthur (front), the project manager of the Gushi Village Cliff Coffee, and his friend play music on the cliff at sunrise in Gushi Village, Lianjiang County, southeast China’s Fujian Province, in November 2024.