Asia
ဂျပန်နိုင်ငံ၏ အကြီးဆုံး နျူကလီးယား ဓာတ်အားပေးစက်ရုံ လည်ပတ်မှု ပြန်လည် စတင်ရာ ဒေသခံပြည်သူများ ကန့်ကွက်ခြင်းခံရ
တိုကျို၊ ဒီဇင်ဘာ ၂၃ ရက် (ဆင်ဟွာ)
ဂျပန်နိုင်ငံ နီအီဂါတာခရိုင် လွှတ်တော်သည် ဒီဇင်ဘာ ၂၂ ရက်တွင် သက်ဆိုင်ရာ ဖြည့်စွက်ဘတ်ဂျက်အား ခွင့်ပြုခဲ့ရာ ဂျပန်နိုင်ငံ၏ အကြီးဆုံး နျူကလီးယား ဓာတ်အားပေးစက်ရုံဖြစ်သော ခါရှီဝါဇာကီ-ကာရီဝါ နျူကလီးယား ဓာတ်အားပေးစက်ရုံ လည်ပတ်မှု ပြန်လည်စတင်မည်ဖြစ်သည်။ အဆိုပါ ဆုံးဖြတ်ချက်သည် ဒေသခံပြည်သူများစွာ၏ ကန့်ကွက်ခြင်းခံခဲ့ရသည်။
ဒီဇင်ဘာ ၂၂ ရက်က ကျင်းပသည့် လွှတ်တော်အစည်းအဝေး မျက်နှာစုံညီအစည်းအဝေး ကြားနာသည့် နေရာများတွင် နျူကလီးယား ဓာတ်အားပေးစက်ရုံ လည်ပတ်မှု ပြန်လည်စတင်ခြင်းအား ကန့်ကွက်သည့် ပြည်သူများဖြင့် အပြည့်ဖြစ်နေပြီး လူဦးရေအားဖြင့် ၃၀၀ ခန့်ရှိကြောင်း၊ လွှတ်တော်က ဆွေးနွေးမှုနှင့် မဲခွဲဆုံးဖြတ်မှု လုပ်ဆောင်နေစဉ်အတွင်း ကြားနာသည့်နေရာများတွင် “ခရိုင်ပြည်သူတွေ သဘောတူညီချက် ရရမယ်လို့ ပြောထားတာမဟုတ်ဘူးလား” ၊ “ကတိကိုစောင့်ထိန်းရမယ်” စသည့် ဒေါသစကားသံများ မကြာခဏပေါ်ထွက်လာခဲ့ရာ နေရာတွင်ရှုပ်ထွေးမှုများ ဖြစ်ပွားခဲ့ပြီး လုံခြုံရေးဝန်ထမ်းများက “တိတ်ဆိတ်စွာ နေပေးပါ” ဟု ရေးသားထားသော ဆိုင်းဘုတ်ကို မကြာခဏ ကိုင်မြှောက်ခဲ့ရကြောင်း ဂျပန်နိုင်ငံ Niigata နေ့စဉ်သတင်းစာ၏ သတင်းဖော်ပြချက်အရ သိရသည်။
အစည်းအဝေးတွင် နျူကလီးယား ဓာတ်အားပေးစက်ရုံ လည်ပတ်မှု ပြန်လည်စတင်ခြင်းအား ကန့်ကွက်သည့် လွှတ်တော်အမတ်တစ်ဦးက နီအီဂါတာခရိုင် အုပ်ချုပ်ရေးမှူး ဟီဒဲရော ဟာနာ့ဇူမီအား ဝေဖန်ခဲ့ပြီး ၎င်းသည် “ခရိုင်ပြည်သူတွေရဲ့အသံကို လျစ်လျူရှုပြီး သူတို့ရဲ့ ယုံကြည်မှုကို သစ္စာဖောက်လိုက်တယ်” ဟု ဆိုခဲ့ရာ အဆိုပါဝေဖန်ချက်သည် အစည်းအဝေးခန်းမအတွင်း၌ လှိုက်လှဲစွာ လက်ခုပ်ဩဘာသံဖြင့် ချီးမြှင့်ခံခဲ့ရကြောင်း၊ အစည်းအဝေးမစတင်မီ ခရိုင်အစိုးရရုံးခန်းရှေ့၌ ပြည်သူများစွာစုဝေး၍ လွှတ်တော်က အဆိုပါ နျူကလီးယား ဓာတ်အားပေးစက်ရုံ လည်ပတ်မှု ပြန်လည်စတင်ရန် သဘောတူညီခြင်းကို တားဆီးရန် ကြိုးပမ်းခဲ့ကြောင်း ဂျပန် Kyodo News သတင်းဌာန သတင်းဖော်ပြချက်အရ သိရသည်။
ဒေသခံပြည်သူပေါင်း ၆၀ ရာခိုင်နှုန်းခန့်က အဆိုပါ နျူကလီးယား ဓာတ်အားပေးစက်ရုံ လည်ပတ်မှု ပြန်လည်စတင်ရန် လိုအပ်သည့် အခြေအနေများ မစုံလင်သေးဟု ပြောဆိုခဲ့ပြီး ဒေသခံပေါင်း ၇၀ ရာခိုင်နှုန်းခန့်က အဆိုပါ နျူကလီးယား ဓာတ်အားပေးစက်ရုံအား လည်ပတ်မည့် တိုကျိုလျှပ်စစ်ဓာတ်အားကုမ္ပဏီ (TEPCO) အပေါ် မသက်မသာ ခံစားနေရကြောင်း နီအီဂါတာခရိုင်က အောက်တိုဘာလတွင် ထုတ်ပြန်ခဲ့သည့် စစ်ဆေးချက်တစ်ခုအရ သိရသည်ဟု သတင်းတွင် ဖော်ပြထားသည်။
ဂျပန် NHK ရုပ်သံလွှင့်ဌာနက နျူကလီးယား ဓာတ်အားပေးစက်ရုံ လည်ပတ်မှု ပြန်လည်စတင်ခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ အသက် ၇၀ ကျော် အမျိုးသမီးတစ်ဦးအား တွေ့ဆုံမေးမြန်းခဲ့ရာ အဆိုပါအမျိုးသမီးက ခရိုင်အုပ်ချုပ်ရေးမှူးအနေဖြင့် ပြည်သူ့ဆန္ဒက ပြင်းထန်စွာ ဆန့်ကျင်နေသည့်အခြေအနေတွင် စက်ရုံလည်ပတ်မှု ပြန်လည်စတင်ရန် အဘယ်ကြောင့် သဘောတူညီခဲ့ရသနည်းဟု မေးခွန်းထုတ်ခဲ့သည်။ “ကျွန်မ အခုအချိန်ထိ လက်မခံနိုင်သေးဘူး … ဒီလောက်ပေါ့ပေါ့တန်တန် ဆုံးဖြတ်ချက်ချလိုက်တာ တကယ်ရော ကောင်းလို့လား” ဟု ၎င်းက ဆိုသည်။
၂၀၂၅ ခုနှစ် နိုဝင်ဘာ ၂၁ ရက်တွင် ဟီဒဲရော ဟာနာ့ဇူမီသည် ခါရှီဝါဇာကီ-ကာရီဝါ နျူကလီးယား ဓာတ်အားပေးစက်ရုံ၏ အမှတ် ၆ နှင့် အမှတ် ၇ စက်အုပ်စု လည်ပတ်မှုပြန်လည်စတင်ရန် သဘောတူခဲ့ပြီး ခရိုင်လွှတ်တော်အနေဖြင့် အဆိုပါဆုံးဖြတ်ချက်နှင့် မိမိက ခရိုင်အုပ်ချုပ်ရေးမှူးအဖြစ် ဆက်လက်ထမ်းဆောင်မည်လောအတွက် ယုံကြည်မှုဆိုင်ရာ မဲခွဲဆုံးဖြတ်မှုလုပ်ဆောင်ရန် မျှော်လင့်ကြောင်း ဆိုခဲ့သည်။
နီအီဂါတာခရိုင် လွှတ်တော်သည် ဒီဇင်ဘာ ၂၂ ရက်တွင် နျူကလီးယား ဓာတ်အားပေးစက်ရုံ လည်ပတ်မှုအား ပြန်လည်စတင်ရန် သက်ဆိုင်ရာ ဖြည့်စွက်ဘတ်ဂျက်နှင့် ဟီဒဲရော ဟာနာ့ဇူမီအပေါ် ယုံကြည်မှုဖော်ပြသည့် ပူးတွဲဆုံးဖြတ်ချက်အား အတည်ပြုခဲ့သည်။ အဆိုပါ နျူကလီးယား ဓာတ်အားပေးစက်ရုံ လည်ပတ်မှုအား ပြန်လည်စတင်ရန် ဒေသန္တရသဘောတူညီမှုလုပ်ငန်းဆောင်တာများကို လက်တွေ့အရ လုပ်ဆောင်ပြီးစီးပြီးဖြစ်ကြောင်း ဂျပန်မီဒီယာများက သတင်းဖော်ပြကြသည်။ (Xinhua)

ဂျပန်နိုင်ငံ နီအီဂါတာခရိုင်၌ ပြည်သူများက ခါရှီဝါဇာကီ-ကာရီဝါ နျူကလီးယား ဓာတ်အားပေးစက်ရုံအား ပြန်လည်စတင်လည်ပတ်ခြင်းအား ဆန္ဒပြနေသည့် ပြည်သူများကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၂ ရက်က တွေ့ရစဉ် (ဓာတ်ပုံ – Xinhua/Kyodo News)


—————–
(Chinese Version)
日本将重启最大核电站 引发当地民众反对
新华社东京12月22日电 日本新潟县议会22日批准了补充预算等相关决议,将重启该国最大核电站柏崎刈羽核电站。这一决议引发当地大量民众反对。
据日本《新潟日报》报道,22日召开的县议会全体会议旁听席上挤满了反对核电站重启的民众,人数大约有300人。在议会讨论和投票过程中,旁听席不时传出“不是说过要经过县民同意吗?”“要遵守承诺!”等愤怒的话语,场面一度非常混乱,保安人员数次举起写有“请安静”的牌子。
日本共同社报道,会上一名反对重启的议员批评新潟县知事花角英世,称他“无视县民的声音,背叛了他们的信任”。这番批评赢得现场热烈掌声。会议开始前,县政府办公大楼前聚集了许多民众,试图阻止议会同意重启核电站。
据报道,新潟县10月份公布的一项调查显示,约60%的居民表示重启的条件尚未齐备,约70%的居民对核电站运营方东京电力公司感到不安。
日本广播协会(NHK)电视台就重启问题采访一名70多岁的女性,该女性质问知事为何要在民意强烈反对的情况下同意重启。她说:“我到现在也无法接受……这么轻率地作出决定真的好吗?”
今年11月21日,花角英世同意柏崎刈羽核电站6号和7号两个机组重启,并希望县议会就这一决定以及自己是否继续担任知事进行信任投票。新潟县议会12月22日通过了重启该核电站的相关补充预算,以及对花角英世表示信任的附带决议。日本媒体报道,重启该核电站的地方同意手续事实上已经完成。(完)
1、这是11月7日在日本新潟县拍摄的柏崎刈羽核电站。新华社/共同社
2、12月22日,民众在日本新潟县抗议重启柏崎刈羽核电站。新华社/共同社
