Connect with us

Business

မြန်မာနိုင်ငံက ပထမ ၉ လအတွင်း နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုမှ အမေရိကန်ဒေါ်လာ ၃၃၃ သန်းကျော်ရရှိ

အထည်ချုပ်စက်ရုံတစ်ခုတွင် အလုပ်လုပ်နေကြသူများအားတွေ့ရစဉ် (ဓာတ်ပုံ-MOI)

ရန်ကုန်၊ ဇန်နဝါရီ ၂၁ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံသည် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ပထမ ၉ လအတွင်း နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု (FDI) ၌ အမေရိကန်ဒေါ်လာ ၃၃၃ သန်းကျော် ဝင်ရောက်ခဲ့ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန (DICA) ၏ ဇန်နဝါရီ ၂၀ ရက်တွင် ထုတ်ပြန်သည့် စာရင်းများအရ သိရသည်။
အဆိုပါကာလအတွင်း ကုန်ထုတ်လုပ်မှုကဏ္ဍ၌ အမေရိကန်ဒေါ်လာ သန်း ၁၉၀ ကျော်ဝင်ရောက်ခဲ့ရာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အများဆုံးဖြစ်ပြီး ၎င်းပြီးလျှင် ပို့ဆောင်ရေး၊ ဆက်သွယ်ရေးကဏ္ဍနှင့် လျှပ်စစ်ဓာတ်အားကဏ္ဍတို့က ရင်းနှီးမြှုပ်နှံမှုအများဆုံးဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံသည် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုမှ အမေရိကန်ဒေါ်‌လာ သန်း ၆၉၀ ကျော် ရရှိခဲ့ကြောင်း သိရသည်။ (Xinhua)

…………………….
(English Version)
FDI in Myanmar reaches over 333 mln USD in 9 months
YANGON, Jan. 20 (Xinhua) — Myanmar attracted over 333 million U.S. dollars in foreign direct investment (FDI) in the first nine months of the current fiscal year 2025-26, according to figures released by the Directorate of Investment and Company Administration (DICA) on Tuesday.
During the period, the manufacturing sector attracted the most FDI with over 190 million dollars, followed by the transport and communication sector and the power sector, it said.
In the 2024-25 fiscal year, Myanmar secured more than 690 million dollars in FDI. ■