Connect with us

Social

ဇန်နဝါရီလမှ ဒီဇင်ဘာလအထိ မြန်မာရွှေ့ပြောင်း အလုပ်သမား ၁,၂ဝ၉ ဦးအား ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လည် လွှဲပြောင်းပေးခဲ့

ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ ပြောင်း အလုပ်သမားများ ကော့သောင်းမြို့ သို့ ပြန်လည် ရောက်ရှိလာမှုများအား တွေ့ ရစဉ်(ဓာတ်ပုံ-Ministry of Home Affairs, Myanmar)

ရန်ကုန် ၊ ဒီဇင်ဘာ ၂၇ ရက်(ဆင်ဟွာ)

ယခုနှစ် ဇန်နဝါရီ ၁ ရက်မှ ဒီဇင်ဘာ ၂၆ ရက်အထိ ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးခဲ့သည့် တရားမဝင် မြန်မာရွှေ့ပြောင်းအလုပ်သမား အရေအတွက်မှာ ၁,၂ဝ၉ ဦး ရှိပြီ ဖြစ်ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်သော သတင်း အရ သိရသည်။

မြန်မာရွှေ့ပြောင်းအလုပ်သမား ၁,၂ဝ၉ ဦးတွင် အမျိုးသား ၈၁၁ ဦး၊ အမျိုး သမီး ၃၅၉ ဦးနှင့် ကလေး ၃၉ ဦး ပါဝင်ကြောင်း သိရသည်။

မြန်မာရွှေ့ပြောင်းအလုပ်သမားများမှာ ထိုင်းနိုင်ငံတွင် နယ်စပ်ဖြတ်ကျော်ခွင့် သက်တမ်းလွန်ခြင်းနှင့် အထောက် အထားမဲ့ နေထိုင်ခြင်းတို့ကြောင့် ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လည်စေလွှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ တာဝန်ရှိသူများက လွှဲပြောင်းလက်ခံပြီးနောက်တွင် ၎င်းတို့၏ နေရပ်ဒေသများသို့ လုံခြုံချောမွေ့စွာ ပြန်နိုင်ရန်အတွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဌာန၊ လူကုန်ကူးမှု တိုက်ဖျက်ရေး ရဲတပ်ဖွဲ့၊ အလုပ်သမား ညွှန်ကြားမှုဦးစီးဌာန ထိုင်းနိုင်ငံ၊ မယ်ဆိုင် မြို့ရောက် မြန်မာနိုင်ငံ သားများ ကူညီ စောင့်ရှောက်ရေးနှင့် စေ့စပ်ညှိနှိုင်းရေး ကော်မတီဝင် CNCMC တို့က ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.