Connect with us

Politics, Law & Military

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၌ငွေကျပ် သိန်းပေါင်း ၃၉၀၀ တန်ဖိုးရှိ စိတ်ကြွဆေးပြားများဖမ်းဆီးရမိ

ဖမ်းဆီးရမိသည့် စိတ်ကြွဆေးပြားနှင့် အတူ ဖမ်းဆီးရမိသူများ အားတွေ့ရစဉ် (ဓာတ်ပုံ-- မြန်မာနိုင်ငံရဲတပ်ဖွဲ့)

ရန်ကုန်၊ ဇန်နဝါရီ ၃ ရက် (ဆင်ဟွာ)

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၌ စိတ်ကြွဆေးပြား ၁၉၅,၀၀၀ပြား၊(၁ ပြားလျှင် ၂,၀၀၀ ကျပ်နှုန်းဖြင့် ၃၉၀,၀၀၀,၀၀၀ ကျပ်) ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၂ ရက်နေ့ နေ့လည် ၁၂ နာရီခန့်တွင် မောင်တောမြို့နယ်၊ ကြိမ်ချောင်း-တောင်ပြိုသွားကားလမ်း ကြိမ်ချောင်းစစ်ဆေးရေးဂိတ်တွင် လုံခြုံရေးရဲတပ်ဖွဲ့ဝင်များမှ မောင်တောမှ တောင်ပြိုသို့ ယာဉ်မောင်းလှသန်း(၂၅)နှစ်၊ (ဖ)ဦးစံရွှေဦး၊ (၄)မိုင်သာယာကုန်းရွာ၊ မောင်တောမြို့နေသူမောင်းနှင်လာသည့် 7I/—- NOAX ယာဉ်အားစစ်ဆေးရာ ယာဉ်ပေါ်ပါသည့် ခရီးသည် မဝိုင်းချေ(ခ)ခင်စန္ဒာသန်း(၂၈)နှစ်၊ (ဖ)ဦးလှနေအောင်၊ တောင်ပြိုဝဲကျေးရွာနေသူ၏ ခရီးဆောင် အိတ်အတွင်းမှ စိတ်ကြွဆေးပြား ၁၉၅,၀၀၀ ပြား(၁ ပြားလျှင် ၂,၀၀၀ ကျပ်နှုန်းဖြင့် ၃၉၀,၀၀၀,၀၀၀ ကျပ်) အားဖမ်းဆီးရမိခဲ့သဖြင့်စစ်မေးရာ မူးယစ်ဆေးဝါးများအား ၎င်း၏ ခင်ပွန်း မင်းမင်း(၃၀)နှစ်၊ (ဖ)ဦးဝင်းရွှေမှ ပြဿဒ်ကျေးရွာမှ တင်ဆောင်ပေးခဲ့၍ သယ်ဆောင်လာခြင်းဖြစ်ပြီး မင်းမင်းမှာ ဆိုင်ကယ် ဖြင့် ယာဉ်နောက်မှလိုက်ပါလာခဲ့ကြောင်းသိရှိရသဖြင့် ဖမ်းဆီးရမိခဲ့ပြီး ၎င်းတို့အား ကြိမ်ချောင်း နယ်မြေရဲစခန်းမူးယစ်(ပ)၁/၂၀၁၉၊မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေပုဒ်မ ၁၉(က)/၂၁ ဖြင့် အမှုဖွင့်စစ်ဆေး၍ ကွင်းဆက်ဖော်ထုတ်လျက်ရှိကြောင်း သတင်းထုတ်ပြန်ချက် ထဲတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.