Asia
ကမ္ဘောဒီးယားနိုင်ငံနှင့် ပင်လယ်ပြင် အငြင်းပွားမှုဆိုင်ရာ နားလည်မှုစာချွန်လွှာကို ဖျက်သိမ်းမည်ဟု ထိုင်းဝန်ကြီးချုပ် ဆို
ဘန်ကောက်၊ ဧပြီ ၂၄ ရက် (ဆင်ဟွာ)
ထိုင်းနိုင်ငံ အမျိုးသားလုံခြုံရေးကောင်စီရုံးက ကမ္ဘောဒီးယားနိုင်ငံနှင့် လက်မှတ်ရေးထိုးခဲ့သော ပင်လယ်ပြင် အငြင်းပွားမှုဆိုင်ရာ နားလည်မှုစာချွန်လွှာကို ဖျက်သိမ်းလိုက်ကြောင်း အတည်ပြုခဲ့သည်ဟု ထိုင်းဝန်ကြီးချုပ် အနူတင်ချန်ဗီရာကူးလ်က ဧပြီ ၂၃ ရက်တွင် ပြောကြားခဲ့သည်။
ယခင်ဝန်ကြီးချုပ် သက်ဆင် အစိုးရလက်ထက်တွင် ကမ္ဘောဒီးယားနိုင်ငံနှင့် လက်မှတ်ရေးထိုးခဲ့သည့် ပင်လယ်ပြင်နယ်နိမိတ်ချင်းထပ်နေသည့် အငြင်းပွားမှုဆိုင်ရာ နားလည်မှုစာချွန်လွှာကို ဖျက်သိမ်းမည်ဖြစ်ကြောင်း၊ ဤလုပ်ဆောင်ချက်အား ကမ္ဘောဒီးယားဘက်သို့ အကြောင်းကြားရန် မလိုအပ်ကြောင်း၊ အစိုးရအဖွဲ့မှ သက်ဆိုင်ရာ ဆုံးဖြတ်ချက်ကို အမြန်ဆုံး ပြန်လည်စိစစ်သွားမည်ဖြစ်ကြောင်း အနူတင်က ထိုနေ့ ဝန်ကြီးချုပ်ရုံး၌ အစည်းအဝေးတက်ရောက်ပြီးနောက် သတင်းထောက်များ၏ မေးမြန်းမှုကို ဖြေကြားရာတွင် ပြောကြားခဲ့သည်။
ဤစာချွန်လွှာကို ဖျက်သိမ်းလိုက်ခြင်းမှာ ယင်းအား နှစ်ပေါင်းများစွာ အသုံးပြုလာခဲ့သော်လည်း တိုးတက်မှုမရှိသောကြောင့် ဖြစ်သည်ဟု ထိုင်းရေတပ်ဦးစီးချုပ် Admiral Thadawut Thatpitakkul က သတင်းထောက်များအား ပြောပြခဲ့သည်။ လက်ရှိတွင် ကမ္ဘောဒီးယားနိုင်ငံသည် “ပင်လယ်ပြင် ဥပဒေဆိုင်ရာ ကုလသမဂ္ဂ သဘောတူညီချက် (UNCLOS)” တွင် ပါဝင်ခဲ့ပြီး ထိုင်းနှင့် ကမ္ဘောဒီးယားတို့သည် သဘောတူညီချက် မူဘောင်အတွင်း ဆွေးနွေးညှိနှိုင်းနိုင်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
အဆိုပါ စာချွန်လွှာကို ၂၀၀၁ ခုနှစ်က လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ပြီး ၎င်းသည် အဓိကအားဖြင့် ထိုင်း-ကမ္ဘောဒီးယား နှစ်နိုင်ငံအနေဖြင့် ရေနံအရင်းအမြစ်များ ပူးတွဲအသုံးပြုခြင်း အပါအဝင် ပင်လယ်ပြင် နယ်နိမိတ်များနှင့် ပတ်သက်၍ စေ့စပ်ညှိနှိုင်းရန် ဖြစ်ကြောင်း သိရသည်။
ထိုင်းနိုင်ငံ အမျိုးသားလုံခြုံရေးကောင်စီရုံး၏ ဆုံးဖြတ်ချက်များသည် ပုံမှန်အားဖြင့် ထိုင်းနိုင်ငံ အစိုးရအဖွဲ့ထံ တင်ပြရပြီး အတည်ပြုချက်ရရှိမှသာ အသက်ဝင်မည်ဖြစ်သည်။ (Xinhua)
……………..
(Chinese Version)
泰国总理称将废除与柬埔寨的海域备忘录
新华社曼谷4月23日电(记者林淑婷 常天童)泰国总理阿努廷23日表示,泰国国家安全委员会办公室已确认废除与柬埔寨的一份海域备忘录。
阿努廷当天在总理府出席一场会议后接受记者采访时说,将废除前总理他信当政时期与柬埔寨签署的一份关于重叠海域问题的备忘录。此举无需通知柬方,内阁将尽快审议相关决定。
泰国海军参谋长他达武·他比达恭告诉记者,废除该备忘录的原因是其已沿用多年但没有取得进展。目前柬埔寨已加入《联合国海洋法公约》,泰柬可以在公约框架内协商。
这份备忘录于2001年签署,其重点是泰柬两国就海上边界进行谈判,包括石油资源的共同利用。
泰国国家安全委员会的决议一般应提交泰国内阁批准方可生效。(完)
图说:3月19日,在位于泰国曼谷的国会大厦,自豪泰党候选人阿努廷·参威拉军在下议院会议上发言。新华社发(拉亨摄)
