Connect with us

China

ဆင်ဟွာသတင်းဌာန ဥက္ကဋ္ဌနှင့် ထိုင်းနိုင်ငံ ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်တို့ တွေ့ဆုံ

ဆင်ဟွာသတင်းဌာန ဥက္ကဋ္ဌ ဖုဟွာ တရုတ်နိုင်ငံ မြို့တော်ပေကျင်း၌ ထိုင်းနိုင်ငံ ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် Sudruetai Lertkasem နှင့် ၂၀၂၆ ခုနှစ် ဧပြီ ၂၃ ရက်က တွေ့ဆုံစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဧပြီ ၂၄ ရက် (ဆင်ဟွာ)

ဆင်ဟွာသတင်းဌာန ဥက္ကဋ္ဌ ဖုဟွာသည် တရုတ်နိုင်ငံ ပေကျင်းမြို့တွင် ဧပြီ ၂၃ ရက်က ထိုင်းနိုင်ငံ ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် Sudruetai Lertkasem နှင့် တွေ့ဆုံခဲ့သည်။
ထိုသို့တွေ့ဆုံရာ၌ ဖုက တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့သည် ချစ်ကြည်ရင်းနှီးသော အိမ်နီးချင်းနိုင်ငံများဖြစ်ကာ အေးအတူပူအမျှ အသိုက်အဝန်းလည်းဖြစ်သည်ဟု ပြောကြားခဲ့သည်။ ဆင်ဟွာသတင်းဌာနအနေဖြင့် ထိုင်းနိုင်ငံ ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှုများ နက်နက်ရှိုင်းရှိုင်းရှိစေရန်၊ တရုတ်-ထိုင်း ဆက်ဆံရေး အရည်အသွေးမြင့် တိုးတက်မှုဖြစ်စဉ်ကို အတူတကွ ဖော်ညွှန်းရန်၊ နိုင်ငံစုံပူးပေါင်းဆောင်ရွက်မှု ယန္တရားများ၏ မူဘောင်အောက်မှ မီဒီယာနှင့် Think Tank အဖွဲ့အချင်းချင်း ပူးပေါင်းဆောင်ရွက်မှု ဆက်လက်အားကောင်းစေရန်၊ နှစ်နိုင်ငံဆက်ဆံရေး တိုးတက်မှုအတွက် ထိုက်သင့်သော အကျိုးဆောင်မှုများ လုပ်ဆောင်ရန် ဆန္ဒရှိသည်ဟု ဖုက ဆက်လက်ပြောသည်။

ထိုအခါ Sudruetai က မိမိတို့အဖွဲ့အစည်းနှစ်ရပ်အနေဖြင့် ယမန်နှစ်တွင် ပူးပေါင်းဆောင်ရွက်ရေးအတွက် နားလည်မှုစာချွန်လွှာ၌ လက်မှတ်ရေးထိုးပြီးချိန်မှစ၍ နှစ်ဖက်သည် သတင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု၊ သတင်းအချက်အလက် ဖလှယ်မှု စသည့် နယ်ပယ်များတွင် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း၊ ဆင်ဟွာသတင်းဌာနနှင့် ကူးလူးဖလှယ်မှုများ တစ်ဆင့်တိုးလုပ်ဆောင်ကာ နိုင်ငံတကာ၌ သတင်းရယူတင်ဆက်မှုတွင် ဆင်ဟွာသတင်းဌာန၏ တိုးတက်မြင့်မားသော အတွေ့အကြုံများကိုလည်း လေ့လာသင်ယူရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့သည်။ (Xinhua)
……………….
(English Version)
Xinhua president meets director-general of Thailand’s public relations department
BEIJING, April 23 (Xinhua) — President of Xinhua News Agency Fu Hua met with Sudruetai Lertkasem, director-general of the Public Relations Department of the Kingdom of Thailand, in Beijing on Thursday.
Fu said that China and Thailand are close and friendly neighbors and a community with a shared future. Xinhua News Agency is willing to deepen bilateral cooperation with the Public Relations Department of the Kingdom of Thailand, jointly tell the story of high-quality development of China-Thailand relations, continue to strengthen media and think tank cooperation under the framework of multilateral mechanisms, and make due contributions to the development of China-Thailand relations.
Sudruetai said that since the two institutions signed a memorandum of understanding on cooperation last year, the two sides have cooperated more closely in areas such as news cooperation and information exchange. She expressed her willingness to further enhance exchanges with Xinhua and learn from Xinhua’s advanced experience in international news communication.
English Caption
President of Xinhua News Agency Fu Hua meets with Sudruetai Lertkasem, director-general of the Public Relations Department of the Kingdom of Thailand, in Beijing, capital of China, April 23, 2026. (Xinhua/Li Xiang)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.