Connect with us

China

ယန်ဇီမြစ်လမ်းဟောင်းရှိ မီလုသမင်များ၏ နိဗ္ဗာန်ဘုံ

တရုတ်နိုင်ငံ ဟူပေပြည်နယ်ရှိ စီစို မီလုသမင် အမျိုးသားအဆင့် သဘာဝထိန်းသိမ်းရေးနယ်မြေအတွင်း လှုပ်ရှားသွားလာနေကြသော မီလုသမင်အုပ်စုတစ်စုအား ၂၀၂၆ ခုနှစ် ဧပြီ ၂၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

စီစို (ဟူပေ)၊ ဧပြီ ၂၅ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ ဟူပေပြည်နယ်၊ ထျန်းအယ်ကျိုးစိမ့်မြေ၊ ယန်ဇီမြစ်လမ်းဟောင်းဘေးတွင်ရှိသော စီစို မီလုသမင် အမျိုးသားအဆင့် သဘာဝထိန်းသိမ်းရေးနယ်မြေသည် မီလုသမင်များ မျိုးပွားကျက်စားရာ အချက်အချာ မိသားစုဥယျာဉ်ဖြစ်လာသည်။ သဘာဝထိန်းသိမ်းရေးနယ်မြေရှိဝန်ထမ်းများ၏ နှစ်ပေါင်းများစွာ စဉ်ဆက်မပြတ် ထိန်းသိမ်းစောင့်ရှောက်မှုအတွင်း အဆိုပါဒေသရှိ စိမ့်မြေဂေဟစနစ်မှာ အဆက်မပြတ်ကောင်းမွန်လာပြီး စီစို မီလုသမင်မျိုးစိတ်အုပ်စုပမာဏမှာ စဉ်ဆက်မပြတ် တိုးပွားလာခဲ့သည်။
အဆိုပါ သဘာဝထိန်းသိမ်းရေးနယ်မြေသို့ ၁၉၉၃ ခုနှစ်၊ ၁၉၉၄ ခုနှစ်၊ ၂၀၀၂ ခုနှစ်များတွင် ပေကျင်းမြို့ရှိ နန်ဟိုင်ကျီ မီလုခြံမှ မီလုသမင် ၉၄ ကောင်ကို ၃ သုတ်ခွဲ၍ ပို့ဆောင်ပေးခဲ့ဖူးသည်။ ၂၀၂၅ ခုနှစ် နှစ်ကုန်တွင် မျိုးစိတ်အုပ်စု အကောင်ရေမှာ ၂,၉၀၁ ကောင်အထိ တိုးပွားလာခဲ့သည်။ ယနေ့တွင် ဤနေရာရှိ မီလုသမင်များသည် သဘာဝထိန်းသိမ်းရေးနယ်မြေ၏ အချက်အချာနေရာ၊ ယန်ဇီမြစ်တောင်ပိုင်း ဆန်းဟယ်ယွမ့်၊ ရှောင်ဟယ် ယန်ပေါထန်နှင့် ဟူနန်ပြည်နယ်ရှိ တုန့်ထျင်ရေကန် ဟူ၍ တည်ငြိမ်သော မျိုးကွဲအုပ်စု ၄ စုအဖြစ် ဖြစ်ပေါ်လာခဲ့ပြီး ၎င်းတို့အားလုံးကို သဘာဝအတိုင်း မွေးမြူနိုင်ခဲ့ရာ သဘာဝတောအတွင်း နေထိုင်ကျက်စားသည့်အလေ့အထများကိုလည်း ပြန်လည်ထူထောင်နိုင်ခဲ့သည်။ ယန်ဇီမြစ်လမ်းဟောင်း စိမ့်မြေဒေသသည် မီလုသမင်များ လွတ်လပ်စွာ ရှင်သန်ကြီးထွားရန်အတွက် ပျော်ရွှင်ဖွယ် သဘာဝတော ဥယျာဉ်တစ်ခု အမှန်တကယ်ပင်ဖြစ်လာခဲ့သည်။ (Xinhua)


……………………
(Chinese Version)
长江故道 麋鹿天堂
新华社照片,石首(湖北),2026年4月24日
位于湖北天鹅洲长江故道边的石首麋鹿国家级自然保护区,是麋鹿繁衍生息的核心家园。在保护区工作人员多年不懈的守护下,当地湿地生态环境不断优化,石首麋鹿种群规模持续壮大。
该保护区曾于1993年、1994年、2002年分三批从北京南海子麋鹿苑引进共94头麋鹿,截至2025年底,种群数量已增至2901头。如今,这里的麋鹿已形成保护区核心区、江南三合垸、小河杨波坦、湖南洞庭湖4个稳定亚种群,全部实现自然放养,恢复野生习性,长江故道湿地真正成为了麋鹿自由生长的野生乐园。
图说:4月23日,一群麋鹿在湖北石首麋鹿国家级自然保护区内活动(无人机照片)。 新华社记者 伍志尊 摄