Connect with us

International Organizations

ယမားလ် ဒဏ်ရာရရှိသွားသဖြင့် စည်းလုံးညီညွတ်မှု လိုအပ်ကြောင်း ဘာစီလိုနာနည်းပြ ဖလစ်ခ် ပြောကြား

စပိန်နိုင်ငံ ဘာစီလိုနာမြို့အနီးရှိ Joan Gamper လေ့ကျင့်ရေးကွင်း၌ လေ့ကျင့်ရေးကွင်းဆင်းချိန်သို့ တက်ရောက်လာသည့် ဘာစီလိုနာအသင်း နည်းပြချုပ် ဟန်စီဖလစ်ခ်ကို ၂၀၂၄ ခုနှစ် ဇူလိုင် ၁၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မက်ဒရစ်၊ ဧပြီ ၂၅ ရက် (ဆင်ဟွာ)

ဘာစီလိုနာအသင်းမှာ ရာသီကုန်အထိ လာမင်း ယမားလ်အား လက်လွှတ်ထားရမှုကို ကျော်လွှားနိုင်ကာ ယခုရာသီ လာလီဂါချန်ပီယံဆုကို ဆွတ်ခူးနိုင်မည်ဟု ၎င်းအနေဖြင့် ယုံကြည်ကြောင်း အသင်းနည်းပြ ဟန်စီဖလစ်ခ်က ပြောကြားခဲ့သည်။
ဆဲလ်တာဗီဂိုအသင်းကို အိမ်ကွင်းတွင် ၁-၀ ဂိုးဖြင့် ဘာစီလိုနာအသင်း အနိုင်ရရှိခဲ့သော ဧပြီ ၂၂ ရက်က ပွဲစဉ်၌ ယမားလ်မှာ ၎င်း၏ဝဲဘက်တံကောက်ကြောတွင် ဒဏ်ရာရသွားခဲ့ပြီး ယခုရာသီ၌ စပိန်လာလီဂါတွင် ထပ်မံကစားနိုင်တော့မည်မဟုတ်ကြောင်း ဧပြီ ၂၃ ရက်၌ အတည်ပြုပြီးနောက် ဘာစီလိုနာအသင်းအနေဖြင့် ခြေစွမ်းပြနေသော ဂီတာဖေးအသင်းနှင့် အဝေးကွင်းတွင် ဧပြီ ၂၅ ရက်၌ ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

“သူ့အတွက်ရော ကျွန်တော်တို့အတွက်ပါ မလွယ်ကူပါဘူး။ ကျွန်တော်တို့တွေ ကိုင်တွယ်ဖြေရှင်းရမှာပါ။ သူ့အနေနဲ့လည်း သူ့ရဲ့ ပထမဆုံးကြွက်သားဒဏ်ရာကနေ သင်ယူရပါလိမ့်မယ်။ ကမ္ဘာ့ဖလားအတွက်တော့ သူသေချာပေါက် အဆင်သင့်ဖြစ်မှာဖြစ်ပြီး ပိုမိုအားကောင်းစွာနဲ့ ပြန်လာမှာပါ” ဟု လူငယ်ကစားသမား ယမားလ်၏ ဒဏ်ရာနှင့်ပတ်သက်၍ ဖလစ်ခ်က ပြောကြားခဲ့သည်။

ယမားလ်၏ အဆိုပါဒဏ်ရာပြဿနာအပြင် ရာဖင်ညာကလည်း တံကောက်ကြောဒဏ်ရာကြောင့် အနားယူနေရသည်ဖြစ်ရာ ယင်းက ကစားရန် “အဆင်သင့်ဖြစ်” နေပြီဟု ဖလစ်ခ်၏ ရည်ညွှန်းပြောဆိုမှုကို ခံခဲ့ရသည့် ရူနီဘာ့ဂျီ သို့မဟုတ် မားကပ်စ်ရက်ရှ်ဖို့ဒ် ကဲ့သို့သော အခြားသူများအတွက် အခွင့်အရေးဖြစ်မည်ဖြစ်သည်။
“လာမင်း ကျန်းမာကြံ့ခိုင်နေချိန်တုန်းက သူက အသင့်ဖြစ်နေခဲ့တာပါ (…) သူ ကောင်းကောင်းကစားမှာဖြစ်ပြီး အခုဆို သူ့မှာ ကစားဖို့ အခွင့်အရေးတွေ ပိုရလာမှာပါ၊ ဒါပေမဲ့ ဂီတာဖေးနဲ့ပွဲမှာ သူ ပွဲထွက်ကစားမလားဆိုတာတော့ ကျွန်တော်တို့ မဆုံးဖြတ်ရသေးပါဘူး” ဟု ဖလစ်ခ်က ဆိုသည်။
“ကျွန်တော်တို့က အသင်းတစ်သင်းပါ၊ ကစားသမားတစ်ယောက် မပါရင် ကျွန်တော်တို့အနေနဲ့ အတူတကွ ရပ်တည်ပြီး အသင်းဖော်တွေအတွက် ၁၀၀ ရာခိုင်နှုန်း ဒါမှမဟုတ် ပိုပြီးတော့ ပေးဆပ်ရမှာပါ။ ကစားပွဲ ခြောက်ပွဲ ကျန်ပါသေးတယ်၊ ရည်မှန်းချက်ကတော့ အမြဲတမ်း အနိုင်ရဖို့ပါပဲ။ ဂီတာဖေးမြို့မှာ ပွဲကောင်းတစ်ပွဲ ကစားနိုင်တဲ့ အရည်အချင်း ကျွန်တော်တို့မှာ ရှိပါတယ်” ဟု ဖလစ်ခ်က အခိုင်အမာ ပြောကြားခဲ့သည်။ (Xinhua)

စပိန်နိုင်ငံ ဘာစီလိုနာမြို့အနီးရှိ Joan Gamper လေ့ကျင့်ရေးကွင်း၌ လေ့ကျင့်ရေးကွင်းဆင်းချိန်သို့ တက်ရောက်လာသည့် ဘာစီလိုနာအသင်း နည်းပြချုပ် ဟန်စီဖလစ်ခ်ကို ၂၀၂၄ ခုနှစ် ဇူလိုင် ၁၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

စပိန်နိုင်ငံ ဘာစီလိုနာမြို့အနီးရှိ Joan Gamper လေ့ကျင့်ရေးကွင်း၌ လေ့ကျင့်ရေးကွင်းဆင်းချိန်သို့ တက်ရောက်လာသည့် ဘာစီလိုနာအသင်း နည်းပြချုပ် ဟန်စီဖလစ်ခ်ကို ၂၀၂၄ ခုနှစ် ဇူလိုင် ၁၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

စပိန်နိုင်ငံ ဘာစီလိုနာမြို့အနီးရှိ Joan Gamper လေ့ကျင့်ရေးကွင်း၌ လေ့ကျင့်ရေးကွင်းဆင်းချိန်သို့ တက်ရောက်လာသည့် ဘာစီလိုနာအသင်း နည်းပြချုပ် ဟန်စီဖလစ်ခ်ကို ၂၀၂၄ ခုနှစ် ဇူလိုင် ၁၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

စပိန်နိုင်ငံ ဘာစီလိုနာမြို့ရှိ Spotify Camp Nou အားကစားကွင်း၌ ၂၀၂၆ ခုနှစ် ဧပြီ ၂၂ ရက်က ဘာစီလိုနာအသင်းနှင့် ဆယ်လ်တာဗီဂိုအသင်းတို့ ယှဉ်ပြိုင်ကစားသည့် လာလီဂါဘောလုံးပွဲစဉ်၌ ဘာစီလိုနာအသင်းမှ လာမင်း ယမားလ် (အောက်) ဒဏ်ရာရရှိခဲ့စဉ် (ဆင်ဟွာ)

စပိန်နိုင်ငံ ဘာစီလိုနာမြို့ရှိ Spotify Camp Nou အားကစားကွင်း၌ ၂၀၂၆ ခုနှစ် ဧပြီ ၂၂ ရက်က ဘာစီလိုနာအသင်းနှင့် ဆယ်လ်တာဗီဂိုအသင်းတို့ ယှဉ်ပြိုင်ကစားသည့် လာလီဂါဘောလုံးပွဲစဉ်၌ ဘာစီလိုနာအသင်းမှ လာမင်း ယမားလ် (ဝဲ-ဒုတိယ) ၏ ထိုးဖောက်ကစားပုံကို တွေ့ရစဉ် (ဆင်ဟွာ)

……………..
(English Version)
FC Barcelona coach Flick: We need unity with Yamal injured
MADRID, April 24 (Xinhua) — FC Barcelona coach Hansi Flick said he was confident that his side can overcome the loss of Lamine Yamal for the rest of the season and win this season’s La Liga title.
Barcelona plays away to an in-form Getafe on Saturday after it was confirmed on Thursday that Yamal tore his left hamstring in Wednesday’s 1-0 win at home to Celta Vigo and won’t play again in La Liga this season.
“It’s not easy for him or for us. We have to manage it. He’ll also learn from his first muscle injury. He’ll surely be ready for the World Cup and will come back stronger,” said Flick over the injury to the youngster.
Yamal’s injury, along with that of Raphinha, who is also sidelined with a hamstring injury, will give a chance to others such as Marcus Rashford or Roony Bardghji, who Flick said was “ready” to play.
“He was ready when Lamine was fit (…) He’s doing well and now he’ll have more opportunities to play, although we haven’t yet decided if he’ll start in Getafe.”
“We’re a team, and if a player is missing, we have to stick together and give 100% or more for our teammates. There are six games left, and the goal is always to win. We have the quality to play a great game in Getafe,” insisted Flick. ■
English Caption 1-4
FC Barcelona’s head coach Hansi Flick attends a training session at the Joan Gamper training ground, near Barcelona, Spain, on July 19, 2024. (Photo by Joan Gosa/Xinhua)
English Caption 5
Lamine Yamal (bottom) of FC Barcelona gets injured during the La Liga football match between FC Barcelona and RC Celta in Spotify Camp Nou, Barcelona, Spain, on April 22, 2026. (Photo by Joan Gosa/Xinhua)
English Caption 6
Lamine Yamal (2nd L) of FC Barcelona breaks through during the La Liga football match between FC Barcelona and RC Celta in Spotify Camp Nou, Barcelona, Spain, on April 22, 2026. (Photo by Joan Gosa/Xinhua)