Asia
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် မိုးကြိုးပစ်မှုကြောင့် လူ ၁၂ ဦး သေဆုံး
ဒါကာ၊ ဧပြီ ၂၇ ရက် (ဆင်ဟွာ)
ဘင်္ဂလားဒေ့ရှ်နိုင်ငံ နေရာအများအပြားတွင် ဧပြီ ၂၆ ရက်က မိုးသည်းထန်စွာရွာသွန်းစဉ် မိုးကြိုးပစ်မှုများကြောင့် လူ ၁၂ ဦး သေဆုံးခဲ့ကြောင်း ဒေသခံမီဒီယာများက ဖော်ပြခဲ့သည်။
အဆိုပါ မိုးကြိုးပစ်ခံ၍ သေဆုံးမှုအများစုမှာ ကျေးလက်ဒေသများရှိ လယ်ယာမြေများ၌ အလုပ်လုပ်နေကြစဉ် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မိုးကြိုးပစ်ခြင်းများကြောင့် လူသေဆုံးမှုများမှာ လူဦးရေထူထပ်သော တောင်အာရှနိုင်ငံဖြစ်သည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် နှစ်စဉ် ယခုလိုအချိန် ခြောက်သွေ့သောရာသီမှ မုတ်သုံရာသီသို့ ကူးပြောင်းစဉ်ကာလအတွင်း ဖြစ်ပွားလေ့ရှိကြောင်း သိရသည်။ (Xinhua)

ဘင်္ဂလားဒေ့ရှ်နိုင်ငံ မြို့တော်ဒါကာတွင် ရေပြည့်လျှံနေသော လမ်းအား ဖြတ်သန်းသွားလာနေသည့် ယာဉ်များကို ၂၀၂၅ ခုနှစ် စက်တင်ဘာ ၂၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဘင်္ဂလားဒေ့ရှ်နိုင်ငံ မြို့တော်ဒါကာတွင် ရေပြည့်လျှံနေသော လမ်းအား ဖြတ်သန်းသွားလာနေသည့် ယာဉ်များကို ၂၀၂၅ ခုနှစ် စက်တင်ဘာ ၂၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
………………
(English Version)
Lightning strikes kill 12 in Bangladesh
DHAKA, April 26 (Xinhua) — A series of lightning strikes in different parts of Bangladesh killed 12 people on Sunday amid heavy rain, local media reported.
The majority of the lightning fatalities occurred in rural areas where people were working on their farmland.
Deaths due to lightning strikes are common in the densely populated South Asian country during this time of year, as the weather changes from the dry season to the rainy summer season. ■
English Caption 1-3
Vehicles pass through a waterlogged street in Dhaka, Bangladesh, Sept. 22, 2025. (Photo by Habibur Rahman/Xinhua)
