Media
သင်္ကြန်ရေသဘင်ပွဲ အတူဆင်နွှဲကြခြင်းဖြင့် တရုတ်-မြန်မာ ပူးပေါင်းဆောင်ရွက်မှု ကဏ္ဍသစ်များ ဖွင့်လှစ်
ရွှေလီ၊ ဧပြီ ၂၇ ရက် (ဆင်ဟွာ)
မကြာမီရက်ပိုင်းများက တရုတ်-မြန်မာ နှစ်နိုင်ငံအကြား အနှစ်သာရပြည့်ဝသည့် ဖလှယ်ရေးအစီအစဉ်များ ခပ်စိပ်စိပ် ကျင်းပခဲ့ရာ နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး ၇၆ နှစ်မြောက် “ဆွေမျိုးပေါက်ဖော်” ချစ်ကြည်ရေးကို ဖော်ကျူးမှု ဖြစ်လာသည်။
ဧပြီလလယ်ပိုင်းတွင် “ဆွေမျိုးပေါက်ဖော် အတူစုံညီ မင်္ဂလာရေချမ်းသွန်းလောင်းမည် – နှစ်နိုင်ငံနယ်စပ် သင်္ကြန်ပွဲတော် အတူဆင်နွှဲပျော်” ဟူသော ခေါင်းစဉ်ဖြင့် ကျင်းပသည့် ၂၀၂၆ ခုနှစ် ရေသဘင်ပွဲ တရုတ်-မြန်မာ လူငယ်များ ယဉ်ကျေးမှုဖလှယ်ရေးအစီအစဉ်ကို တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ် ရွှေလီမြို့ နုန့်မော်ဟူ ဆင်ဖြူတော်ရင်ပြင်တွင် ခမ်းနားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။
တရုတ်နိုင်ငံ ကူမင်းမြို့အခြေစိုက် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ကောင်စစ်ဝန်ချုပ်
ဦးသွင်ထက်လင်း
ကျွန်တော်တို့ အခုဒီစင်မြင့်မှာ ရှိနေတဲ့ မြန်မာတိုင်းရင်းသားပေါင်းစုံက စည်းစည်းလုံးလုံး၊ ချစ်ချစ်ခင်ခင်၊ ပျော်ပျော်ရွှင်ရွှင်ရှိနေကြတာမြင်ရတဲ့အတွက်ကြောင့် အများကြီးဝမ်းသာမိပါတယ်။ တရုတ်နိုင်ငံက မိတ်ဆွေတွေ ဒီကိုလာတဲ့အခါမှာလည်း အကုန်လုံး နွေးနွေးထွေးထွေး၊ ရင်းရင်းနှီးနှီး၊ ချစ်ချစ်ခင်ခင်ရှိနေကြတာ တွေ့ရတဲ့အတွက်လည်း ပိုပြီးတော့မှ ဝမ်းမြောက်မိပါတယ်။ အခုလိုမျိုးပွဲတွေကိုလည်း နှစ်စဉ်နှစ်တိုင်း ကျင်းပနိုင်ဖို့ မျှော်လင့်ပါတယ်။ ကျေးဇူးအများကြီးတင်ပါတယ်။
မကြာသေးမီက မြန်မာနိုင်ငံ ရန်ကုန်မြို့ စသည့် နေရာများတွင် နှစ်စဉ်ကျင်းပမြဲဖြစ်သော သင်္ကြန်ပွဲတော်ကို ကျင်းပခဲ့သည်။ မြန်မာနိုင်ငံ၏ ရိုးရာနှစ်သစ်ကူးပွဲတော်အနေဖြင့် ဒေသခံပြည်သူလူထုက အပြန်အလှန် ရေပက်ဖျန်း၍ ဆုတောင်းမေတ္တာပို့သကြရာ တရုတ်မိတ်ဆွေအပေါင်းအဖော်များကိုလည်း ဆွဲဆောင်နိုင်ခဲ့သည်။
ဧပြီလ ၂၁ ရက်တွင် မြန်မာနိုင်ငံ မန္တလေးမြို့အခြေစိုက် တရုတ်နိုင်ငံ ကောင်စစ်ဝန်ချုပ် ကောင်းဖိန်က “အတာရေဖျန်း နှစ်သစ်ကြိုဆို ပေါက်ဖော်ခရီး အသစ်စတင်” ဟူသော ဆောင်းပါးကို မန္တလေးနေ့စဉ်သတင်းစာတွင် ဖော်ပြခဲ့သည်။
မြန်မာနိုင်ငံ မန္တလေးမြို့အခြေစိုက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကောင်စစ်ဝန်ချုပ်
ကောင်းဖိန်
ယမန်နှစ်က မြန်မာနိုင်ငံမှာ ငလျင်ကြီးလှုပ်ခတ်တဲ့ဒဏ်ကို ကြံ့ကြံ့ကျော်လွှားခဲ့ရပြီးနောက် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများကို ခိုင်ခိုင်မာမာလုပ်ဆောင်ခဲ့ပါတယ်။ အစိုးရသစ် စီမံအုပ်ချုပ်မှုတွေ စတင်လာသလို သင်္ကြန်ပွဲတော်ဟာလည်း ယခင်ကဲ့သို့ ပြန်လည်သက်ဝင်စည်ကားလာပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို ဖော်ဆောင်နိုင်ပါစေလို့ စေတနာအရင်းခံပြီး ဆုမွန်ကောင်းတောင်းအပ်ပါတယ်။ သမိုင်းစာမျက်နှာသစ်ရဲ့ဆုံမှတ်မှာ တရုတ်-မြန်မာ ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်တဲ့ ဖွံ့ဖြိုးတိုးတက်မှုအခွင့်အလမ်းသစ်တွေကို မျက်နှာမူလျက်ရှိရာ သင်္ကြန်ရေစင်က နှစ်ဟောင်းက အညစ်အကြေးတွေကို ဆေးကြောသန့်စင်ပေးမယ်၊ ပိတောက်ပန်းခင်းတဲ့လမ်းမှာ ကျွန်မတို့အတူ ရှေ့ဆက်လျှောက်လှမ်းနိုင်မယ်လို့ အပြည့်အဝယုံကြည်ပါတယ်။
ရွှေလီနယ်စပ်ဂိတ် နံဘေးက ရေသဘင်ပွဲတော်မှသည် မြန်မာနိုင်ငံ မန္တလေးမြို့အခြေစိုက် တရုတ်နိုင်ငံ ကောင်စစ်ဝန်ချုပ်၏ အလေးအနက်ထားသော ဆုမွန်ကောင်းပို့သမှုများအထိ တရုတ်-မြန်မာ နှစ်နိုင်ငံသည် ရိုးရာပွဲတော်၏ အေးချမ်းသာယာသည့်မင်္ဂလာရှိသော အငွေ့အသက်များဖြင့် နှစ်ဟောင်းမှ အညစ်အကြေးများကို သန့်စင်ပေးကာ ပိတောက်ပန်းခင်းသော လမ်းထက်တွင် လက်တွဲ အတူလျှောက်လှမ်းပြီး တရုတ်-မြန်မာ အေးအတူ ပူအမျှ အသိုက်အဝန်း တည်ဆောက်ရေးအတွက် ကဏ္ဍသစ် ဖွင့်လှစ်သွားမည် ဖြစ်ပါတော့သည်။ (Xinhua)
———————-
(Chinese Version)
胞波共沐吉祥水:中缅泼水节庆共启合作新程
【解说】近日,中缅两国一系列富有象征意义的交流活动密集展开,成为两国建交76周年“胞波”情谊的生动注脚。
4月中旬,以“胞波共沐吉祥水·国门共庆泼水节”为主题的2026年泼水狂欢中缅青年文化交流活动在中国西南的云南省瑞丽市弄莫湖白象广场盛大举行。
【同期】缅甸驻昆总领事 敦特林
(大意)看到舞台上来自缅甸的各民族同胞们齐聚一堂、团结友爱、和睦相处,我感到非常高兴。同时,看到来自中国的朋友们也以热情洋溢、亲切友善的态度参与其中,让我倍感欣慰。我衷心希望这样的活动能够每年持续举办下去。
【解说】近期,缅甸仰光等地也举行一年一度的泼水节。作为缅甸的传统新年节日,当地民众以互相泼水的方式表达祝福,也吸引了中国友人的关注。
4月21日,中国驻曼德勒总领事高萍在领区主流媒体《曼德勒日报》发表署名文章《泼水辞旧岁,胞波启新程》。
【同期】中国驻曼德勒总领事 高萍
过去一年缅甸经历地震考验并坚强重建,新政府开启执政,泼水节恢复往日热闹,祝愿缅甸实现和平与发展。站在新的历史节点上,面对中缅友好合作新的发展契机,我们完全有理由相信,泼水节的清水将洗去旧岁尘埃,紫檀花将铺就我们共同前行的道路。
【解说】从瑞丽国门旁的泼水狂欢,到中国驻曼德勒总领事的深情寄语,中缅两国在传统节日的祥和气氛中洗去旧岁尘埃,在紫檀花铺就的道路上携手前行,为构建中缅命运共同体开启新的篇章。
记者:孙敏、张东强
Continue Reading
