North America
ညစာစားပွဲမှ ထွက်ခွာစဉ် “ချော်လဲကျခြင်း” ၊ “နောက်ကျမှထွက်ခွာခြင်း” စသည့် အသေးစိတ် အခြေအနေများအပေါ် ထရမ့်က တုံ့ပြန်ပြောကြားပြီး သေနတ်ပစ်ခတ်သူမှာ “စိတ်မနှံ့” ဟု ဆို
ဝါရှင်တန်၊ ဧပြီ ၂၇ ရက် (ဆင်ဟွာ)
အမေရိကန် ထရမ့်က ဧပြီ ၂၆ ရက်တွင် အိမ်ဖြူတော် သတင်းထောက်အသင်း ညစာစားပွဲ ရုတ်တရက်ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် မီဒီယာတွေ့ဆုံမေးမြန်းမှုအား ဖြေကြားရာ၌ အဆိုပါဖြစ်ရပ်တွင် ပါဝင်သည့် သေနတ်ပစ်ခတ်သူသည် “အလွန်အစွန်းရောက်” ပြီး “တော်တော်စိတ်မနှံ့ဘူး” ဟု ဆိုခဲ့သည်။ ထရမ့်က အချင်းဖြစ်ပွားရာနေရာမှ ထွက်ခွာစဉ် “ချော်လဲကျ” ခဲ့သည့် အကြောင်းနှင့်စပ်လျဉ်း၍ ဖြေကြားရာ၌ ၎င်းသည် အမေရိကန် လျှို့ဝှက်စုံထောက်အဖွဲ့ (USSS) ထောက်လှမ်းရေးများ၏ တောင်းဆိုချက်အရ “မြေပြင်ပေါ်တွင် ဝပ်ခဲ့ခြင်း” ဖြစ်သည်ဟု ချေပပြောဆိုခဲ့သည်။
ထရမ့်က အမေရိကန် CBS သတင်းဌာန၏ အင်တာဗျူးကို လက်ခံဖြေကြားရာ၌ ၎င်းအနေဖြင့် သေနတ်ပစ်ခတ်သူ၏ “ကြေညာစာတမ်း” ကိုဖတ်ရှုခဲ့ရာ သေနတ်ပစ်ခတ်သူသည် “အလွန်အစွန်းရောက်” သည်ဟု ခံစားရကြောင်း၊ “သူရေးထားတဲ့ အကြောင်းအရာကို ကြည့်ရရင် သူတော်တော်များများ တွေ့ကြုံခဲ့ရပါတယ်…သူ့မိသားစုဝင်တွေက သူ့အပေါ် မကျေနပ်ကြဘူး။ ကျွန်တော့်အထင် ရဲတွေဆီတောင် သူ့ကိုတိုင်ကြားလိုက်သေးသလိုပဲ … သူတော်တော်စိတ်မနှံ့တာဖြစ်နိုင်တယ်” ဟု ဆိုခဲ့သည်။
သတင်းထောက်က သေနတ်ပစ်ခတ်သူ၏ “ကြေညာစာတမ်း” ပါ ထရမ့်အပေါ် စွဲဆိုထားမှုများကို ဖတ်ရှုချိန်တွင် ထရမ့်က ငြင်းဆိုခဲ့ပြီး သေနတ်ပစ်ခတ်သူသည် “အရူး” ဖြစ်သည်ဟု ပြောကြားခဲ့သည်။
ထရမ့်က သေနတ်ပစ်ခတ်မှု အချင်းဖြစ်ပွားရာနေရာအကြောင်း ပြောကြားရာတွင် “သူ (သေနတ်ပစ်ခတ်သူက လုံခြုံရေးစစ်ဆေးမှုကို ကျော်ဖြတ်လာစဉ်) ပြေးတာ သိပ်မြန်လွန်းတယ်။ ခင်ဗျားတို့ ဗီဒီယိုထဲမှာ မြင်ရတာက အရိပ်တစ်ခုလောက်ပဲရှိတယ်။ ကျွန်တော့်အထင် အမေရိကန် အမျိုးသားဘောလုံးလိဂ် (NFL) က သူ့ကို အသင်းဝင်အဖြစ် စာချုပ်ချုပ်သင့်တယ်” ဟု ပြောကြားခဲ့သည်။
ဗီဒီယိုအရ အချင်းဖြစ်ပွားချိန်တွင် အမေရိကန် ဒုတိယသမ္မတ JD Vance ကို ရှေးဦးစွာ ထွက်ခွာရန် အကာအကွယ်ဖြင့် ပို့ဆောင်ပေးခဲ့ပြီး ထရမ့်ကမူ ထိုနေရာတွင် ဆက်နေခဲ့သည်။ ယင်းအပေါ် ထရမ့်က “ဒါက ကျွန်တော့်ကြောင့်လည်းပါပါတယ်။ ကျွန်တော်က အဲဒီတုန်းက ဘာဖြစ်လဲဆိုတာ ကြည့်ချင်လို့ပါ… သိပ်မကြာပါဘူး၊ ဒါကအရမ်းဆိုးရွားတဲ့ပြဿနာတစ်ခုဆိုတာ ကျွန်တော်တို့ သတိထားမိလာတယ်… ကျွန်တော့်ကြောင့် သူတို့ (ထောက်လှမ်းရေး) တွေရဲ့ လှုပ်ရှားမှုက နည်းနည်းနှောင့်နှေးသွားစေတယ်” ဟု တုံ့ပြန်ဖြေကြားခဲ့သည်။
ထောက်လှမ်းရေးများက ၎င်းအား အချင်းဖြစ်ပွားရာနေရာမှ ခေါ်ဆောင်သွားချိန်တွင် “ချော်လဲကျမှု” နှင့်စပ်လျဉ်း၍ ထရမ့်က ၎င်းသည် ထိုစဉ်က အပြင်ဘက်သို့ သွားနေကြောင်း၊ လမ်းခုလတ်တွင် ထောက်လှမ်းရေးက “မြေပြင်မှာဝပ်လိုက်ပါ၊ မြေပြင်မှာဝပ်လိုက်ပါ” ဟု ဆိုသဖြင့် “ကျွန်တော် မြေပြင်မှဝပ်လိုက်တယ်၊ ကျွန်တော့်အမျိုးသမီးလည်း အဲဒီအတိုင်းလုပ်ပါတယ်” ဟု ချေပပြောကြားခဲ့သည်။
အမေရိကန် အရှေ့ပိုင်းစံတော်ချိန် ဧပြီ ၂၅ ရက် ညပိုင်းတွင် အိမ်ဖြူတော် သတင်းထောက်အသင်း ညစာစားပွဲ ကျင်းပလျက်ရှိသည့် ဝါရှင်တန် ဟေတန်ဟိုတယ်တွင် သေနတ်ပစ်ခတ်သံ ပေါ်ထွက်လာခဲ့သည်။ ထရမ့်က အရေးပေါ် ထွက်ခွာသွားခဲ့ပြီး အချင်းဖြစ်ပွားရာနေရာရှိ သတင်းထောက်နှင့် စီးပွားရေးလောက လူပုဂ္ဂိုလ်ရာနှင့်ချီသည် နေရာတွင်ပင် မြေကြီးပေါ်ဝပ်ချကာ အန္တရာယ်မှရှောင်ရှားခဲ့သည်။ ထို့နောက် ထရမ့်သည် လူမှုမီဒီယာ၌ ပို့စ်တင်၍ သေနတ်ပစ်ခတ်မှုတွင် ပါဝင်သည့် သေနတ်ပစ်ခတ်သူကို ဖမ်းဆီးရမိပြီးဖြစ်သည်ဟု ပြောကြားခဲ့သည်။
သေနတ်ပစ်ခတ်သူ Cole Allen သည် ဧပြီ ၂၅ ရက်တွင် အချင်းမဖြစ်ပွားခင် မိနစ်အနည်းငယ်အလို၌ မိသားစုဝင်များထံသို့ “ကြေညာစာတမ်း” တစ်ခု ပေးပို့ခဲ့ပြီး မိမိကိုယ်ကိုယ် “ချစ်ကြည်ရင်းနှီးသော ဖက်ဒရယ်လုပ်ကြံသူ” ဟု ခေါ်ဆိုထားခဲ့ကြောင်း၊ အဆိုပါ “ကြေညာစာတမ်း” တွင် Cole Allen က “ယခုအစိုးရလုပ်ဆောင်တဲ့အရာအားလုံးကို စဉ်းစားမိတိုင်း ကျွန်တော်ဒေါသဖြစ်မိတယ်” ဟု ဆိုခဲ့ကြောင်း အမေရိကန်မီဒီယာများ သတင်းဖော်ပြချက်အရ သိရသည်။ (Xinhua)
——————–
(Chinese Version)
特朗普回应撤离晚宴时“跌倒”“晚走”等细节 称枪手“有病”
新华社华盛顿4月26日电 美国总统特朗普26日在白宫记者协会晚宴突发枪击事件后接受媒体采访,称涉事枪手“很极端”且“病得不轻”。在回答关于他在撤离过程中一度“跌倒”的问题时,特朗普辩称,他按美国特勤局特工要求“趴到地上”。
特朗普在接受美国哥伦比亚广播公司采访时说,他读了枪手的“宣言”,感觉枪手“很极端”。“从他写的东西看,他经历了很多……他的家人对他表示不满,我认为甚至还向警察举报了他……他可能病得不轻。”
当记者读出枪手在其“宣言”中对特朗普的指控时,特朗普予以否认,称枪手是个“疯子”。
特朗普在描述枪击现场时说:“他(枪手闯过安检时)跑得太快了,当你在视频里看的时候,几乎就是一道残影,我觉得美国国家橄榄球联盟应该签下他。”
视频显示,事发时,美国副总统万斯先被护送离开,特朗普还待在原地。特朗普就此回应说:“这有一部分是我的原因,我当时想看看发生了什么……很快我们意识到,这可能是个严重的问题……我可能让他们(特工)的行动稍微慢了一点。”
在被问及被特工带离现场时曾一度“跌倒”,特朗普辩解称,他当时正向外走,走到一半时特工说“请趴到地上,请趴到地上”,“于是我趴到了地上,第一夫人也照做了”。
美国东部时间25日晚,正在举行白宫记者协会晚宴的华盛顿希尔顿酒店传出枪声。特朗普紧急撤离,现场数百名记者和政商界人士趴地避险。特朗普随后在社交媒体上说,一名涉事枪手已被拘捕。
美国媒体报道说,枪手科尔·艾伦在25日事发前几分钟,曾向家人发送一份“宣言”,自称“友好的联邦刺客”。在这份“宣言”中,艾伦称“一想到本届政府所做的一切,我就感到愤怒”。(完)
图说:这张4月26日拍摄的视频截图显示,4月25日,美国总统特朗普在华盛顿白宫新闻发布会上讲话。新华社记者 李睿 摄
