Connect with us

China

တရုတ်နိုင်ငံ ဆန်းကျန့်မြို့က နွေးထွေးမှုဖြင့် ၁၅ မိနစ်တာ အကွာအဝေးအတွင်း နေ့ကလေးထိန်းကျောင်းများ ဖွင့်လှစ်ပေး

တရုတ်နိုင်ငံ ဆန်းကျန့်မြို့ လုံဟွာခရိုင် မင်ကျစ်လမ်းမ မင်ခန်းရပ်ကွက် “သက်ကြီးရွယ်အိုနှင့် ကလေးငယ်” အထွေထွေဝန်ဆောင်မှုစင်တာရှိ အန်းလော့ နေ့ကလေးထိန်းကျောင်းမှ ဆရာမက ကလေးငယ်များနှင့် ဆော့ကစားနေသည်ကို ၂၀၂၆ ခုနှစ် ဧပြီ ၁၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဆန်းကျန့်၊ ဧပြီ ၂၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ဆန်းကျန့်မြို့သည် ငယ်ရွယ်သူများပြားသည့် မြို့တစ်မြို့ဖြစ်ပြီး မြို့နေပြည်သူများ၏ ပျမ်းမျှအသက်သည် ၃၂.၅ နှစ်ဖြစ်သည်။ အသက်အရွယ်အားဖြင့် လက်ထပ်၍ ကလေးမွေးရန်သင့်လျော်သူများက “ကလေးမွေးလိုသည်” ကို “ကလေးမွေးရဲသည်” အဖြစ် ပြောင်းလဲလာရန်အတွက် ယနေ့အခါ ဆန်းကျန့်မြို့သည် ကလေးထိန်းမှုကို မိသားစုအတွင်း လက်ဆင့်ကမ်းရသည့် “မာရသွန်ပြေးပွဲ” မှ အစိုးရက ပလက်ဖောင်းဖွဲ့ပေးကာ လူမှုအသိုက်အဝန်းက အတူတကွတည်ဆောက်ပြီး ကျွမ်းကျင်သည့်ကျားကန်မှု ပံ့ပိုးပေးထားသော စနစ်တကျစူးစမ်းလေ့လာမှု လုပ်ငန်းအဖြစ် တဖြည်းဖြည်းချင်း ပြောင်းလဲလာလျက်ရှိသဖြင့် မွေးကင်းစကလေးငယ်၏ ပထမဆုံး ရက် ၁,၀၀၀ ကို လွှမ်းခြုံပေးထားနိုင်သည့် ၁၅ မိနစ်တာ အကွာအဝေးအတွင်း နေ့ကလေးထိန်းပေးနိုင်မှု ကွန်ရက်ကို လျင်မြန်စွာဖွဲ့စည်းတည်ဆောက်လျက်ရှိသည်။

ခရိုင်၊ လမ်းမ၊ ရပ်ကွက်အသီးသီးသည် ဒေသအလျောက် ပါတီအုပ်စုဝန်ဆောင်မှုစင်တာ၊ မိသားစုဖွံ့ဖြိုးတိုးတက်ရေး ဝန်ဆောင်မှုစင်တာ၊ ရပ်ကွက်ကျန်းမာရေးဝန်ဆောင်မှုစင်တာ စသည့် ရှိရင်းစွဲ အများပြည်သူဝန်ဆောင်မှုနေရာများကို စုပေါင်းစီမံကာ ရပ်ကွက်တွင် ပေါင်းစပ်ထားသည့် နေ့ကလေးထိန်းနေရာ ဖန်တီးပြီး အနီးတစ်ဝိုက်နေပြည်သူများအတွက် အမျိုးစုံလင်သော၊ လက်လှမ်းမီနိုင်သော၊ နီးကပ်သော နေ့ကလေးထိန်းဝန်ဆောင်မှု ရွေးချယ်ချက်ကို ဖန်တီးပေးလိုက်သည်။ ကနဦးခြေလှမ်းအနေဖြင့် “နိုင်ငံပိုင်ကုမ္ပဏီဦးဆောင်မှု၊ ရပ်ကွက်တွင်ပေါင်းစည်းထားမှု၊ နေ့ကလေးထိန်းနှင့် မူကြိုကျောင်း တစ်သားတည်းပေါင်းစပ်ထားခြင်း၊ ဆေးကုသရေးနှင့် ကလေးထိန်းမှုပေါင်းစပ်ရေး၊ သက်ကြီးရွယ်အိုနှင့် ကလေးငယ်များ အတူတကွအပ်နှင်းထားနိုင်မှု” ဟူသည့် အမျိုးစုံလင်သော ဝန်ဆောင်မှုထောက်ပံ့ရေးစနစ် ပုံပေါ်လာခဲ့သည်။

လက်ရှိတွင် ဆန်းကျန့်မြို့၌ နေ့ကလေးထိန်းနေရာ ၁၀၉,၀၀၀ ခု ဖွင့်လှစ်ထားပြီးဖြစ်ရာ လူဦးရေ ၁,၀၀၀ လျှင် နေ့ကလေးထိန်းကျောင်းနေရာ ၅.၉ ခု အထိ ရှိလာပြီဖြစ်သည်။ လမ်းမတိုင်းတွင် အနည်းဆုံး လူတိုင်းလက်လှမ်းမီနိုင်သော ကလေးငယ်ပြုစုစောင့်ရှောက်ရေးအဖွဲ့အစည်း သို့မဟုတ် နေ့ကလေးထိန်း မူကြိုကျောင်း တစ်ခုစီရှိရာ စိတ်အေးချမ်းသာစေသည့် ကလေးငယ်များပြုစုစောင့်ရှောက်ပေးရန် ရွေးချယ်ချက်ကို အိမ်တံခါးဝ၌ပင် ဖော်ဆောင်ထားပေသည်။ (Xinhua)

တရုတ်နိုင်ငံ ဆန်းကျန့်မြို့ ဖူထျန်ခရိုင် မေလျင်လမ်းမ မေဟယ်ရပ်ကွက် ပါတီအုပ်စု ဝန်ဆောင်မှုစင်တာရှိ “ဖူပေါင်ပေါင် ဥယျာဉ်” နေ့ကလေးထိန်းနေရာတွင် ကလေးငယ်များက ဂီတသံစဉ်နှင့်အညီ နံနက်ခင်းကာယလှုပ်ရှားမှု လုပ်ဆောင်နေသည်ကို ၂၀၂၆ ခုနှစ် ဧပြီ ၁၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

——————-
(Chinese Version)
十五五@你|暖心“邻”距离 深圳打造“15分钟托育圈”
新华社照片,深圳(广东),2026年4月27日
深圳是一座年轻的城市,居民平均年龄32.5岁。为了让适龄婚育人群把“想生”变成“敢生”,如今的深圳,育儿正从家庭内部接力的“马拉松”逐渐转向政府搭台、社会共建、专业支撑的系统性探索,一个覆盖宝宝最初1000天的“15分钟托育圈”正加速编织。
各区各街道社区因地制宜,统筹党群服务中心、家庭发展服务中心、社区健康服务中心等既有公共服务场地,打造社区嵌入式托育点,满足周边居民多样化、普惠性、近距离的托育服务选择,初步形成了“国企引领、社区嵌入、托幼一体、医育结合、老幼共托”的多元化服务供给体系。目前,深圳市已设立10.9万个托位,千人托位数达5.9个,每个街道都至少有一家普惠性托育机构或托幼一体幼儿园,安心的托育选择在“家门口”就能实现。
1、4月15日,在深圳市龙华区民治街道民康社区“一老一小”综合服务站,恩乐儿托育园的老师在陪孩子们做游戏。 新华社记者 梁旭 摄
2、4月17日,在深圳市福田区梅林街道梅河社区党群服务中心内的“福宝宝乐园”托育点,孩子们跟着音乐做早操。新华社记者 梁旭 摄