Connect with us

International Organizations

ပီအက်စ်ဂျီ-ဘိုင်ယန် ပွဲစဉ်ကို ဟယ်ရီကိန်းက အဆုံးအဖြတ်ပေးနိုင်ဟု ဂျာမနီလက်‌ရွေးစင်ဟောင်း အက်ဖင်ဘာ့ဂ် သုံးသပ်

စပိန်နိုင်ငံ မက်ဒရစ်မြို့တွင် ၂၀၂၆ ခုနှစ် ဧပြီ ၇ ရက်က ရီးရဲလ်မက်ဒရစ်နှင့် ဘိုင်ယန်မြူးနစ်အသင်းတို့ ယှဉ်ပြိုင်ကစားသည့် ၂၀၂၅/၂၀၂၆ ယူအီးအက်ဖ်အေ ချန်ပီယံလိဂ်ပြိုင်ပွဲ ကွာတားဖိုင်နယ် ပထမအကျော့ပွဲစဉ်၌ ဘိုင်ယန်မြူးနစ်အသင်းမှ လူးဝစ်စ် ဒီယက်ဇ် (ဝဲ-ဒုတိယ) ဂိုးသွင်းပြီးနောက် အသင်းဖော်များနှင့်အတူ အောင်ပွဲခံနေစဉ် (ဆင်ဟွာ)

ဘာလင်၊ ဧပြီ ၂၈ ရက် (ဆင်ဟွာ)

‌ပီအက်စ်ဂျီအသင်းနှင့် ဘိုင်ယန်မြူးနစ်အသင်းတို့ ယှဉ်ပြိုင်ကစားမည့် ယူအီးအက်ဖ်အေ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ပွဲစဉ်မှာ အနိုင်အရှုံး ပြတ်ပြတ်သားသား ထွက်ပေါ်နိုင်ဖွယ်မရှိဘဲ မေ ၆ ရက် ဒုတိယအကျော့ပွဲစဉ် အချိန်ပိုကစားပြီးချိန်မှသာ ပွဲရလဒ်ကို အဆုံးအဖြတ်ပေးနိုင်ဖွယ်ရှိကြောင်း ဂျာမနီလက်‌ရွေးစင်ဟောင်း စတက်ဖန် အက်ဖင်ဘာ့ဂ်က ခန့်မှန်းသုံးသပ်ခဲ့သည်။

“တော်တော်လေး ခြေညီကြတယ်” ဟု အသက် ၅၇ နှစ်အရွယ် အက်ဖင်ဘာ့ဂ်က ပြောဆိုခဲ့ကာ ပီအက်စ်ဂျီအနေဖြင့် ခံစစ်တွင် အားသာချက်ရှိသည့်တိုင် ဘိုင်ယန်ကလည်း မာနူအယ် နော်ယာကြောင့် ဂိုးသမားနေရာတွင် အသာရထားသည်ဟု ဆိုသည်။
ထို့အတူ ဂျိုရှူအာ ကင်းမစ်ချ်နှင့် အလက်ဇန်းဒါး ပတ်ဗလိုဗစ်တို့ရှိနေသည့်အတွက် ကွင်းလယ်တွင် အသာရထားပြီး တိုက်စစ်ပိုင်းတွင်မူ မတိမ်းမယိမ်းရှိနေကာ ဘိုင်ယန်က အနည်းငယ်သာလွန်သည်ဟုလည်း အက်ဖင်ဘာ့ဂ်က ပြောသည်။
“ကျွန်တော့်အမြင်မှာတော့ ဟယ်ရီကိန်းက ပွဲကိုအဆုံးအဖြတ်ပေးမယ့်သူပါ” ဟု ၎င်းက ပြောကြားခဲ့ကာ အဆိုပါ အင်္ဂလန်လက်ရွေးစင် အသင်းခေါင်းဆောင်မှာ ယခုရာသီ ချန်ပီယံလိဂ်ပွဲစဉ် ၁၁ ပွဲတွင် ၁၂ ဂိုး သွင်းယူကာ ဂိုးဖန်တီးမှု ၃ ကြိမ် ပြုလုပ်ထားသူဖြစ်သည်ဟု ဆက်လက်ပြောသည်။
ပြိုင်ပွဲစုံ ၄၅ ပွဲတွင် ၅၃ ဂိုးအထိ သွင်းယူထားသည့် ကိန်းက ပီအက်စ်ဂျီမှာ ကွာတားဖိုင်နယ်တွင် ဘိုင်ယန်အသင်း ရင်ဆိုင်ခဲ့ရသည့် ရီးရဲလ်မက်ဒရစ်ထက် ပိုမိုခက်ခဲလိမ့်မည်ဟု သုံးသပ်ခဲ့သည်။

“ပီအက်စ်ဂျီက အဲဒီလိုအခြေအနေတွေမှာ အများကြီးပိုပြီး ထိထိရောက်ရောက် ကစားနိုင်တာမို့လို့ ကျွန်တော်တို့ ဘောလုံးဆုံးရှုံးမှုတွေ အများကြီးဖြစ်လို့မရပါဘူး” ဟု ၎င်းက ပြောကြားခဲ့ပြီး counter-pressing ကစားရန်နှင့် ဘောလုံးဖြန့်ဝေရာတွင် သတိထားရန် အရေးကြီးသည်ဟု အလေးအနက်ပြောဆိုခဲ့သည်။
အဆိုပါနှစ်သင်းကြား နောက်ဆုံး ၁၅ ကြိမ် ထိပ်တိုက်တွေ့ဆုံမှုတွင် ဘိုင်ယန်က ၉ ကြိမ် အနိုင်ရရှိထားပြိး ပီအက်စ်ဂျီက ၆ ကြိမ် အနိုင်ရရှိထားသော်လည်း ပြင်သစ်ချန်ပီယံအသင်းမှာ လက်ရှိအချိန်တွင် ဥရောပ၌ ခြေစွမ်းအမြင့်ဆုံး ဖြစ်နိုင်သည်ဟု ကိန်းက ဆိုသည်။
ဘိုင်ယန်မြူးနစ်၏ မျှော်လင့်ချက်များသည် မိုက်ကယ် အိုလစ်ဆေး၊ လူးဝစ်စ် ဒီယက်ဇ်နှင့် ကိန်းတို့ပါဝင်သော တိုက်စစ်အစုအဖွဲ့အပေါ်တွင်သာမက အသင်းလိုက်အားထုတ်မှု အပေါ်တွင်လည်း မူတည်နေသည်။
“ကျွန်တော်တို့ ကွင်းထဲမှာ အစွမ်းကုန်ပေးဆပ်ကစားပြီး အသင်းလိုက်လုပ်ဆောင်ကြတယ်။ အဲဒါက အဓိကသော့ချက် ဖြစ်လာပါလိမ့်မယ်” ဟု ဘိုင်ယန်မြူးနစ် အားကစားဒါရိုက်တာ ခရစ်စတော့ဖ် ဖရိုင်းက ပြောသည်။

ဘိုင်ယန်အသင်းဘက်တွင် ဆာ့ဂျ် နာဘရီ အပါအဝင် ဒဏ်ရာရကစားသမားများ ပါဝင်နိုင်မည်မဟုတ်သလို နည်းပြ ဗင်းဆင့် ကွန်ပနီမှာလည်း ပထမအကျော့ပွဲစဉ်၌ ပွဲပယ်ခံထားရသည့်အတွက် ၎င်းအစား လက်ထောက်နည်းပြ အေရွန် ဒန့်ခ်က ကွင်းဘေးမှ ကြီးကြပ်ကိုင်တွယ်သွားမည်ဖြစ်သည်။
ကွန်ပနီအနေဖြင့် အဆိုပါပွဲစဉ်၌ အရန်ခုံတန်းပေါ်မှ နည်းပြအဖွဲ့ဝင်များ၊ ကစားသမားများနှင့် ဆက်သွယ်ခွင့်မရှိဘဲ ပွဲကြည့်စင်ပေါ်မှသာ ကြည့်ရှုရမည်ဖြစ်သော်လည်း ၎င်းပါဝင်နိုင်ခြင်းမရှိသည့်အပေါ် လျှော့ချပြောဆိုခဲ့သည်။
“ကြံ့ကြံ့ခံနိုင်မှုနဲ့ အရှုံးကနေ အနိုင်ပြန်ယူနိုင်တဲ့ အရည်အသွေးတွေက ကျဉ်းထဲကျပ်ထဲ ရောက်တော့မှ ရုတ်ခြည်း ပေါ်လာတာမျိုးမဟုတ်ပါဘူး၊ အဲဒါက တစ်ရာသီအတွင်းမှာ တဖြည်းဖြည်း‌ တိုးတက်လာတာမျိုးပါ။ ကျွန်တော်တို့လည်း အဲဒီလိုပါပဲ” ဟု ၎င်းက ပြောသည်။
“ပီအက်စ်ဂျီက ရင်ဆိုင်ရမယ့် အသင်းတွေထဲမှာ အကောင်းဆုံးအသင်းတစ်သင်းဖြစ်ပေမဲ့ အဲဒီပွဲစဉ်အတွက် ကျွန်တော်တို့ အသင့်ဖြစ်နေပါပြီ” ဟုလည်း ကွန်ပနီက ဆိုသည်။ (Xinhua)

ဂျာမနီနိုင်ငံ လေဗာကူဆင်မြို့တွင် ၂၀၂၆ ခုနှစ် မတ် ၁၄ ရက်က လေဗာကူဆင်နှင့် ဘိုင်ယန်မြူးနစ်အသင်းတို့ ယှဉ်ပြိုင်ကစားသည့် ဂျာမန်ပထမတန်း ဘွန်ဒက်စ်လီဂါ ဘောလုံးပွဲစဉ်၌ ဘိုင်ယန်မြူးနစ်အသင်း နည်းပြချုပ် ဗင်းဆင့် ကွန်ပနီ အမူအရာဖြင့် ညွှန်ကြားနေစဉ် (ဆင်ဟွာ)

ဂျာမနီနိုင်ငံ လေဗာကူဆင်မြို့တွင် ၂၀၂၆ ခုနှစ် ဧပြီ ၂၂ ရက်က ဘိုင်ယန်မြူးနစ်နှင့် လေဗာကူဆင်အသင်းတို့ ယှဉ်ပြိုင်ကစားသည့် ဂျာမန်ဖလား ဆီမီးဖိုင်နယ်ပွဲစဉ်အပြီးတွင် ဘိုင်ယန်မြူးနစ်အသင်းမှ ဟယ်ရီကိန်း အောင်ပွဲခံနေစဉ် (ဆင်ဟွာ)

……………….
(English Version)
Kane could decide PSG-Bayern clash, says Effenberg
BERLIN, April 27 (Xinhua) — Former Germany international Stefan Effenberg is expecting a tight UEFA Champions League semifinal between Paris Saint-Germain and Bayern Munich, predicting the tie could be decided only after extra time in the second leg on May 6.
“It’s that close,” the 57-year-old said, adding that PSG holds an edge in defense, while Bayern has the advantage in goal with Manuel Neuer.
Effenberg said Bayern also has the upper hand in midfield through Joshua Kimmich and Aleksandar Pavlovic, while the attacking lines are closely matched, with a slight edge for the German side.
“As for me, Harry Kane is the man to decide,” he said, noting the England captain’s 12 goals and three assists in 11 Champions League matches this season.
Kane, who has scored 53 goals in 45 games across all competitions, said Paris would pose a greater challenge than Bayern’s quarterfinal opponent Real Madrid.
“Paris will be much more effective in these situations; we mustn’t give away too many balls,” he said, stressing the importance of counter-pressing and careful distribution.
Bayern has won nine of the last 15 meetings between the sides, with PSG claiming six victories, but Kane said the French champion is now “at the highest possible level in Europe.”
Bayern’s hopes rest not only on its attack, featuring Michael Olise, Luis Diaz and Kane, but also on a collective team effort.
“That we leave everything on the pitch and work as a team. That will be the key,” sporting director Christoph Freund said.
Bayern will be without injured players including Serge Gnabry, while coach Vincent Kompany is suspended for the first leg and will be replaced on the touchline by assistant coach Aaron Danks.
Kompany, who must remain in the stands with no contact with the bench permitted during the match, downplayed his absence.
“You can’t start with comeback qualities and resilience in advance of crunch time. That is growing over a season, and it did for us,” he said.
“Paris is one of the best you can get, but we are ready for that.”
English Caption 1
Luis Diaz (2nd L) of Bayern Munich celebrates with teammates after scoring during the 2025/2026 UEFA Champions League quarterfinal first leg football match between Real Madrid and Bayern Munich in Madrid, Spain, April 7, 2026. (Xinhua/Cheng Min)
English Caption 2
Bayern Munich’s head coach Vincent Kompany gestures during the German first division Bundesliga football match between Bayer 04 Leverkusen and Bayern Munich in Leverkusen, Germany, March 14, 2026. (Photo by Ulrich Hufnagel/Xinhua)
English Caption 3
Harry Kane of Bayern Munich celebrates victory after the German Cup football semifinal match between Bayern Munich and Bayer 04 Leverkusen in Leverkusen, Germany, April 22, 2026. (Photo by Ulrich Hufnagel/Xinhua)