Connect with us

International Organizations

သတ္တမအကြိမ်မြောက် အာရှသဲသောင်ပြင်အားကစားပြိုင်ပွဲကို ၂၀၂၈ ခုနှစ်တွင် စီဘူးမြို့၌ ကျင်းပမည်

တရုတ်နိုင်ငံ တောင်ပိုင်း ဟိုင်နန်ပြည်နယ် ဆန်းရမြို့တွင် ပြုလုပ်သည့် "သတ္တမအကြိမ်မြောက် အာရှသဲသောင်ပြင်အားကစားပြိုင်ပွဲအတွက် အိမ်ရှင်မြို့သဘောတူညီချက် လက်မှတ်ရေးထိုးပွဲအခမ်းအနား" ကို ၂၀၂၆ ခုနှစ် ဧပြီ ၂၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဆန်းရ၊ ဧပြီ ၂၈ ရက် (ဆင်ဟွာ)

၂၀၂၈ ခုနှစ် အာရှသဲသောင်ပြင်အားကစားပြိုင်ပွဲကို ဖိလစ်ပိုင်နိုင်ငံ စီဘူးမြို့က အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်ဖြစ်ကြောင်း အာရှအိုလံပစ်ကောင်စီ (OCA) က ဧပြီ ၂၇ ရက်၌ အတည်ပြုခဲ့သည်။
“အိမ်ရှင်မြို့အဖြစ် သဘောတူညီချက်” လက်မှတ်ရေးထိုးပွဲအခမ်းအနားအား တရုတ်နိုင်ငံ ဆန်းရမြို့တွင် ကျင်းပခဲ့ရာ အခမ်းအနားသို့ OCA ဥက္ကဋ္ဌ Sheikh Joaan bin Hamad Al Thani နှင့် ဖိလစ်ပိုင်အိုလံပစ်ကော်မတီဥက္ကဋ္ဌ Abraham Tolentino တို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
Sheikh Joaan က ဖိလစ်ပိုင်အစိုးရနှင့် စီဘူးမြို့အား ကျေးဇူးတင်ရှိကြောင်းနှင့် တရုတ်နိုင်ငံ ဆန်းရမြို့၌ လက်ရှိကျင်းပနေသည့် ဆဋ္ဌမအကြိမ်မြောက် အာရှသဲသောင်ပြင်အားကစားပြိုင်ပွဲ၏ ပိတ်ပွဲအခမ်းအနားတွင် အလံလွှဲပြောင်းပေးအပ်မှု ချောမွေ့စွာပြီးစီးရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။
Tolentino ကလည်း OCA အဖွဲ့ဝင်များအား စီဘူးမြို့သို့ ဖိတ်ကြားခဲ့ပြီး အဆိုပါ ဆန်းရအားကစားပြိုင်ပွဲအပြီးတွင် ၎င်းတို့အား ကြိုဆိုနိုင်ရန် မျှော်လင့်ထားကြောင်း ပြောကြားခဲ့သည်။
ဖိလစ်ပိုင်က မြို့တော်မနီလာတွင် ကျင်းပသော ၁၉၅၄ ခုနှစ် အာရှအားကစားပြိုင်ပွဲတွင် တိုက်ကြီးအလိုက်ယှဉ်ပြိုင်ရသည့် အားကစားပေါင်းစုံပြိုင်ပွဲကို နောက်ဆုံးအကြိမ် လက်ခံကျင်းပခဲ့ကြောင်း ၎င်းက ထောက်ပြခဲ့ပြီး ဖိလစ်ပိုင်နိုင်ငံအနေဖြင့် အဆိုပါသဲသောင်ပြင်အားကစားပြိုင်ပွဲကို လက်ခံကျင်းပရန် မျှော်လင့်လျက်ရှိကြောင်း ပြောကြားခဲ့သည်။

ဖိလစ်ပိုင်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့်အနေဖြင့် ၎င်း၏ ဧည့်ဝတ်ကျေပွန်မှုနှင့် စိတ်ရင်းစေတနာကို ပြသရန်နှင့် စီဘူးမြို့၏ ဆွဲဆောင်မှုကို မီးမောင်းထိုးပြရန် ရည်ရွယ်ထားသည်ဟုလည်း Tolentino က ဖြည့်စွက်ပြောကြားခဲ့ကြောင်း သိရသည်။ (Xinhua)

တရုတ်နိုင်ငံ တောင်ပိုင်း ဟိုင်နန်ပြည်နယ် ဆန်းရမြို့တွင် ပြုလုပ်သည့် “သတ္တမအကြိမ်မြောက် အာရှသဲသောင်ပြင်အားကစားပြိုင်ပွဲအတွက် အိမ်ရှင်မြို့သဘောတူညီချက် လက်မှတ်ရေးထိုးပွဲအခမ်းအနား” ကို ၂၀၂၆ ခုနှစ် ဧပြီ ၂၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ တောင်ပိုင်း ဟိုင်နန်ပြည်နယ် ဆန်းရမြို့တွင် ပြုလုပ်သည့် “သတ္တမအကြိမ်မြောက် အာရှသဲသောင်ပြင်အားကစားပြိုင်ပွဲအတွက် အိမ်ရှင်မြို့သဘောတူညီချက် လက်မှတ်ရေးထိုးပွဲအခမ်းအနား” ကို ၂၀၂၆ ခုနှစ် ဧပြီ ၂၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

…………………
(English Version)
Cebu to host 7th Asian Beach Games in 2028
SANYA, April 27 (Xinhua) — Cebu City in the Philippines will host the 2028 Asian Beach Games, the Olympic Council of Asia (OCA) confirmed on Monday.
OCA President Sheikh Joaan bin Hamad Al Thani and Philippine Olympic Committee President Abraham Tolentino attended a ceremony in Sanya to sign the host city agreement.
Sheikh Joaan thanked the Philippine government and the city of Cebu, and expressed hope for a smooth flag handover at the closing ceremony of the ongoing Sanya Games.
Tolentino invited OCA members to Cebu, saying he looked forward to welcoming them after the Sanya Games.
He noted that the Philippines last hosted a continental multi-sport event at the 1954 Asian Games in Manila, and said the country is looking forward to staging the Beach Games.
Tolentino added that the Philippines aims to showcase its hospitality and goodwill as host, while highlighting the appeal of Cebu City. ■
English Caption 1-3
The photo from April 27, 2026 shows the signing ceremony of the host city agreement for the 7th Asian Beach Games in Sanya in the southern Chinese province of Hainan.(Xinhua/Zhu Zheng)