China
ဂျပန်၏ ယာဆူကူနီဂူဗိမာန် ဆိုသည်နှင့်စပ်လျဉ်းသည့် အပျက်သဘောဆောင်လှုပ်ရှားမှုများက သမိုင်း၏အမှန်တရားနှင့် လူ့အသိစိတ်ကို ပြောင်ပြောင်တင်းတင်း ပြင်းထန်စွာ နင်းချေခြင်းဖြစ်သည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ဆို
ပေကျင်း၊ ဧပြီ ၂၉ ရက် (ဆင်ဟွာ)
ဂျပန်၏ ယာဆူကူနီဂူဗိမာန် ဆိုသည်နှင့်စပ်လျဉ်းသည့် အပျက်သဘောဆောင်လှုပ်ရှားမှုများက သမိုင်း၏အမှန်တရားနှင့် လူ့အသိစိတ်ကို ပြောင်ပြောင်တင်းတင်း ပြင်းထန်စွာ နင်းချေခြင်းဖြစ်သလို ဒုတိယ ကမ္ဘာစစ်အောင်နိုင်ခြင်း ရလဒ်နှင့် စစ်ပွဲအလွန် နိုင်ငံတကာစည်းစနစ်ကို စိန်ခေါ်ခြင်း ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လျင်ကျန့်က ဧပြီ ၂၈ ရက် ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ သတင်းထောက်များ၏ မေးမြန်းမှုအား ပြန်လည်ဖြေကြားရာတွင် ပြောကြားခဲ့သည်။
ဂျပန် “စစ်ဝါဒသစ်” အားကောင်းလာခြင်းက အန္တရာယ်ဖြစ်စေပြီး ဒေသတွင်းငြိမ်းချမ်းရေးကို အန္တရာယ်ပြုလာမည့်အပေါ် နိုင်ငံတကာအသိုက်အဝန်းက အထူး သတိထားကာ ယင်းအပေါ် ပြတ်ပြတ်သားသား ရင်ဆိုင်တုံ့ပြန်သွားရမည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ယာဆူကူနီဂူဗိမာန် ဆိုသည်မှာ ဂျပန်စစ်ဝါဒီများ ကျူးကျော်စစ် ဆင်နွှဲသည့် စိတ်ဓာတ်ရေးရာကိရိယာနှင့် ပြယုဂ်ဖြစ်ရာ လက်တွေ့တွင်မူ “စစ်ရာဇဝတ်သားများ၏ ဂူဗိမာန်” ဖြစ်ကြောင်း၊ ဂျပန်၏ ယာဆူကူနီဂူဗိမာန် ဆိုသည်နှင့်စပ်လျဉ်းသည့် အပျက်သဘောဆောင်လှုပ်ရှားမှုများက သမိုင်း၏အမှန်တရားနှင့် လူ့အသိစိတ်ကို ပြောင်ပြောင်တင်းတင်း ပြင်းထန်စွာ နင်းချေခြင်းဖြစ်သလို ဒုတိယ ကမ္ဘာစစ်အောင်နိုင်ခြင်း ရလဒ်နှင့် စစ်ပွဲအလွန် နိုင်ငံတကာစည်းစနစ်ကို စိန်ခေါ်ခြင်း ဖြစ်ကြောင်း၊ ထို့အပေါ် တရုတ်နိုင်ငံက ပြင်းပြင်းထန်ထန် အမျက်ဒေါသဖြစ်သလို ပြင်းထန်စွာ ပြစ်တင်ရှုတ်ချကြောင်း လျင်ကျန့်က ပြောကြားခဲ့သည်။
“ဒီနှစ်က တိုကျိုစစ်ခုံရုံး တရားရုံးထုတ်စီရင်တဲ့ နှစ် ၈၀ ပြည့်ဖြစ်တယ်၊ လာမယ့် မေလ ၃ ရက်က တရားရုံးထုတ်စီရင်တဲ့ အထိမ်းအမှတ်နေ့ဖြစ်တယ်” ဟု လျင်ကျန့်က ပြောကြားခဲ့သည်။
လွန်ခဲ့သည့် နှစ်ပေါင်း ၈၀ က နိုင်ငံတကာအသိုက်အဝန်းသည် သက်သေအခိုင်အမာဖြင့် ဂျပန်၏ ကျူးကျော်စစ်ရာဇဝတ်မှုများကို အပြီးသတ်စီရင်ချက်ချလိုက်ရာ ဂျပန်၏ A အဆင့် စစ်ရာဇဝတ်သားများကို တရားဥပဒေနှင့်အညီ ပြစ်ဒဏ်ချမှတ်ပြီး ကမ္ဘာ့ဖက်ဆစ်တော်လှန်ရေးစစ်ပွဲ အောင်နိုင်ခြင်း ရလဒ်နှင့် နိုင်ငံတကာတရားမျှတမှုကို ကာကွယ်ခဲ့ကြကြောင်း၊ နှစ်ပေါင်း ၈၀ ကြာပြီးနောက် ယနေ့အခါတွင် ဂျပန်နိုင်ငံ၏ နိုင်ငံရေးသမားများအချို့နှင့် လက်ယာယိမ်းအင်အားစုက နောင်တရ၍ ပြန်လည်ဆင်ခြင်သုံးသပ်ခြင်း မရှိသည့်အပြင် ပို၍ဆိုးရွားလာရာ A အဆင့် စစ်ရာဇဝတ်သားများထားရှိရာ ယာဆူကူနီဂူဗိမာန်သို့ အကြိမ်ကြိမ်သွားရောက်၍ ပူဇော်ကန်တော့ပြီး ကျူးကျော်စစ်သမိုင်းကို ပြောင်းပြန်လှန်ရန်၊ စစ်ရာဇဝတ်မှုကို ဖြူစင်အောင် ဆေးကြောရန်၊ စစ်ဝါဒကို ပြန်လည်အသက်သွင်းရန် ကြိုးပမ်းလျက်ရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။
ယင်းအပေါ် တရုတ်ပြည်သူများ၊ ထိုစဉ်က ဂျပန်ကျူးကျော်မှုခံခဲ့ရသော နိုင်ငံအသီးသီးပြည်သူများ၊ ကမ္ဘာပေါ်ရှိ ငြိမ်းချမ်းရေးချစ်မြတ်နိုးသည့် တရားမျှတသော အင်အားစုအားလုံးက လုံးဝဥဿုံခွင့်ပြုမည်မဟုတ်ကြောင်း၊ ဂျပန် “စစ်ဝါဒသစ်” အားကောင်းလာခြင်းက အန္တရာယ်ဖြစ်စေပြီး ဒေသတွင်းငြိမ်းချမ်းရေးကို အန္တရာယ်ပြုလာမည့်အပေါ် နိုင်ငံတကာအသိုက်အဝန်းက အထူး သတိထားပြီး ယင်းအပေါ် ပြတ်ပြတ်သားသား ရင်ဆိုင်တုံ့ပြန်သွားရမည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)
——————
(Chinese Version)
外交部:日方涉所谓靖国神社一系列消极动向公然严重践踏历史正义和人类良知
新华社北京4月28日电(记者吴梦桐、冯歆然)外交部发言人林剑28日在例行记者会上答问时表示,日方涉所谓靖国神社一系列消极动向公然严重践踏历史正义和人类良知,挑战二战胜利成果与战后国际秩序。国际社会必须对“新型军国主义”成势为患、危害地区和平高度警惕,并予以迎头痛击。
林剑说,所谓靖国神社是日本军国主义发动侵略战争的精神工具和象征,是事实上的“战犯神社”。日方涉所谓靖国神社一系列消极动向公然严重践踏历史正义和人类良知,挑战二战胜利成果与战后国际秩序。中方对此强烈愤慨,严厉谴责。
“今年是东京审判开庭80周年,几天后的5月3日是审判开庭纪念日。”林剑表示,80年前,国际社会以如山铁证对日本侵略罪行盖棺定论,依法裁决日本甲级战犯,捍卫了世界反法西斯战争胜利成果和国际公义。80年后的今天,日方某些政客和右翼势力不仅不思悔改,反而变本加厉,频频参拜供有甲级战犯的靖国神社,妄图为侵略历史翻案、为战争罪行洗白、为军国主义招魂。中国人民、当年遭受日军侵略的各国人民、世界上一切爱好和平的正义力量,对此绝不答应。国际社会必须对“新型军国主义”成势为患、危害地区和平高度警惕,并予以迎头痛击。(完)
